မြန်မာနိုင်ငံ လူမှုစီးပွားဘဝ တိုးတက်စေရေး တရုတ်က ဆက်လက်ကူညီမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

 1550

ထွန်းမွန်သက် (NP News) - နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးကဏ္ဍများ တိုးတက်ဖွံ့ဖြိုးစေရန် တရုတ်နိုင်ငံက ဆက် လက် ကူညီဆောင်ရွက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက တရုတ်နိုင်ငံမှ ပြန်ရောက်လာစဉ် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိ တပ်မတော်လေဆိပ်၌ မီဒီယာများအား ဖြေကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ ဖိတ်ကြားချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက် အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း၊ စိုက်ပျိုးရေးသုံး နည်းပညာများ၊ စက်ပစ္စည်းများ၊ ဒရုန်းနည်းပညာများနှင့် မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆက်စပ်သည်များကို သွားရောက် လေ့လာခဲ့သည်။

“နောက်တစ်ခုက စီးပွားရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကူမင်းမှာ တွေ့ခဲ့ပါတယ်။ ချုုံချင်းမှာလည်း တွေ့ခဲ့ပါတယ်။ အောင်မြင်ပါတယ်။ မြန်မာနိုင်ငံမှာလာပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံချင်သူတွေ ၊ စိတ်ဝင်စားသူတွေ များပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

ထို့ပြင် မြန်မာတရုတ် စီးပွားရေးစင်္ကြံလမ်း နှင့် တရုတ်၏ BRI စီမံကိန်းလုပ်ငန်းများလည်း တိုးမြှင့်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။

“ဒါ့အပြင် တရုတ်ရဲ့ One Belt One Road စီမံကိန်း၊ မြန်မာတရုတ်စီးပွားရေးစင်္ကြံ စီမံကိန်းများ နဲ့ ပတ်သက်ပြီးတော့လည်း မကြာမီမှာ တိုးမြှင့်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ်ဝန်ကြီးချုပ် လီချန်းကလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၆ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကူမင်းမြို့၌ တွေ့ဆုံစဉ် ပြောဆိုထားခဲ့သည်။

zawgyi version
ျမန္မာႏိုင္ငံ လူမႈစီးပြားဘဝ တိုးတက္ေစေရး တ႐ုတ္က ဆက္လက္ကူညီမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာ
ထြန္းမြန္သက္ (NP News) - ႏိုဝင္ဘာ ၁၁

ျမန္မာႏိုင္ငံ၏ လူမႈေရး၊ စီးပြားေရးက႑မ်ား တိုးတက္ဖြံ႕ၿဖိဳးေစရန္ တ႐ုတ္ႏိုင္ငံက ဆက္ လက္ ကူညီေဆာင္႐ြက္မည္ဟု နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ ႏိုဝင္ဘာလ ၁၀ ရက္ မြန္းလြဲပိုင္းက တ႐ုတ္ႏိုင္ငံမွ ျပန္ေရာက္လာစဥ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေနျပည္ေတာ္ရွိ တပ္မေတာ္ေလဆိပ္၌ မီဒီယာမ်ားအား ေျဖၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

တ႐ုတ္အစိုးရ၏ ဖိတ္ၾကားခ်က္ျဖင့္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႏိုဝင္ဘာလ ၅ ရက္မွ ၁၀ ရက္ အထိ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး ခရီးစဥ္အတြင္း တ႐ုတ္စီးပြားေရး လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံျခင္း၊ စိုက္ပ်ိဳးေရးသုံး နည္းပညာမ်ား၊ စက္ပစၥည္းမ်ား၊ ဒ႐ုန္းနည္းပညာမ်ားႏွင့္ ျမန္မာႏိုင္ငံ စီးပြားေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေစေရး ဆက္စပ္သည္မ်ားကို သြားေရာက္ ေလ့လာခဲ့သည္။

“ေနာက္တစ္ခုက စီးပြားေရး၊ စီးပြားေရးနဲ႔ပတ္သက္ၿပီးေတာ့ တ႐ုတ္ႏိုင္ငံမွာ ျမန္မာႏိုင္ငံမွာ လာၿပီး ရင္းႏွီးျမႇဳပ္ႏွံခ်င္တဲ့ စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ ကူမင္းမွာ ေတြ႕ခဲ့ပါတယ္။ ခ်ဳုံခ်င္းမွာလည္း ေတြ႕ခဲ့ပါတယ္။ ေအာင္ျမင္ပါတယ္။ ျမန္မာႏိုင္ငံမွာလာၿပီး စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံခ်င္သူေတြ ၊ စိတ္ဝင္စားသူေတြ မ်ားပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာ သည္။

ထို႔ျပင္ ျမန္မာတ႐ုတ္ စီးပြားေရးစႀကႍလမ္း ႏွင့္ တ႐ုတ္၏ BRI စီမံကိန္းလုပ္ငန္းမ်ားလည္း တိုးျမႇင့္လုပ္ေဆာင္ႏိုင္မည္ဟု ေမွ်ာ္လင့္ရေၾကာင္း သိရသည္။

“ဒါ့အျပင္ တ႐ုတ္ရဲ႕ One Belt One Road စီမံကိန္း၊ ျမန္မာတ႐ုတ္စီးပြားေရးစႀကႍ စီမံကိန္းမ်ား နဲ႔ ပတ္သက္ၿပီးေတာ့လည္း မၾကာမီမွာ တိုးျမႇင့္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းကလည္း တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ တည္ေဆာက္ေရးသည္ ထိပ္တန္းစီမံကိန္းျဖစ္သျဖင့္ အရွိန္အဟုန္ျမႇင့္ ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ႏိုဝင္ဘာလ ၆ ရက္က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ကူမင္းၿမိဳ႕၌ ေတြ႕ဆုံစဥ္ ေျပာဆိုထားခဲ့သည္။

Related news

© 2021. All rights reserved.