နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ယခုဘဏ္ဍာနှစ် အသုံးစရိတ်ကျပ်ဘီလျံ(၁၇ဝဝဝ) ကျော်ရှိနိုင်ပြီး ဘီလျံ(၁ဝဝဝ)နီးပါး လိုငွေပြနိုင်

 1487

ယွန်း (NP News) - နိုဝင်ဘာ ၁၃

ယခု(၂ဝ၂၄- ၂ဝ၂၅)ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အသုံးစရိတ်သည် ငွေကျပ်ဘီလျံ(၁၇၀ဝဝ)ကျော်ရှိနိုင်ပြီး ကျပ် ဘီလျံ(၁၀ဝဝ)နီးပါး လိုငွေပြနိုင်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကထုတ်ပြန်သော (၂၀၂၄- ၂၀၂၅)ဘဏ္ဍာနှစ်၊ ဘဏ္ဍာရေးမူဝါဒစာတမ်းတွင် အထက်ပါ ကဲ့သို့ အသိပေးဖော်ပြထားခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သော နိုင်ငံတော်ပိုင်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုရန်ပုံငွေအစီအစဉ် ပြင်ပ မှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ စုစုပေါင်းရငွေသည် ကျပ် (၁၆၄၆၂၉၃၀ ဒသမ ၉၇၅) သန်း (ကျပ်ဘီလျံ ၁၆၀ဝ၀ ကျော်)ရှိကြောင်း ခန့်မှန်းထားသည်။ သို့ သော် စုစုပေါင်းအသုံးစရိတ်မှာ ကျပ် (၁၇၄၄၆၂၅၉ ဒသမ ၃၇၁ )သန်း(ကျပ်ဘီလျံ ၁၇၀ဝ၀ ကျော်)ဖြစ်ခြင်းကြောင့် လိုငွေ ကျပ်(၉၈၃၃၂၈ ဒသမ ၃၉၆)သန်း(ကျပ်ဘီလျံ ၁၀ဝ၀ နီးပါး)ရှိနေကြောင်း ဘဏ္ဍာ ရေးမူဝါဒစာတမ်းတွင် ဖော်ပြထားသည်။

ထိုသို့လိုငွေပြရာ၌ ဆောက်လုပ်ရေးကဏ္ဍ အပါအဝင် အများပြည်သူကို ဝန်‌ဆောင်မှုပေးရသည့်ကဏ္ဍများတွင် ကြီးမားသည့် ဆုံးရှုံးမှုများရှိနေပြီး နိုင်ငံတော် အနေဖြင့် အရှုံးခံ၍ ဆောင်ရွက်ရမည့် လုပ်ငန်းများ ကြောင့်လည်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ လိုငွေပြ ခြင်းဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက NP News ကို သုံးသပ်ထားသည်။

" စီးပွားရေးမလုပ်တတ်တဲ့သူက စီးပွားရေးလုပ် တော့ရှုံးမှာပဲလေ။ နိုင်ငံတော်ဆိုတာက အကုန်လုံးက ဝန်ထမ်းတွေ။ ကိုယ့်စီးပွားရေးလိုဘယ်သူမှ အား ထည့်ပြီးလုပ်ကြတာ မဟုတ်ဘူး။ တချို့လုပ်ငန်းတွေ ကျတော့လည်း နိုင်ငံတော်က ဝန်ဆောင်မှုအနေနဲ့ အရှုံးခံပြီးတော့ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေတော့ ရှိတာပေါ့။ အဲဒါတွေကျတော့ လုပ်သင့်ပေမယ့် တချို့ စီးပွား‌ရေးလုပ်ငန်းတွေကျတော့ နားမလည်ဘဲ လုပ် တာတော့မလုပ်သင့်ဘူး။ တိုင်းပြည်နဲ့ဘတ်ဂျက်တွေ အလကားဆုံးရှုံးတာပေါ့။ တချို့ဟာတွေမှာဆိုရင် လည်း ပိုက်ဆံတွေအရမ်းသုံးတယ်။ ပုံကြီးချဲ့ကြတယ်။ ဥပမာ- စီမံကိန်းတစ်ခုလုပ်တယ်ဆိုရင် လူကြီးတွေ လာရင်ရှင်းဖို့ ရှင်းလင်းဆောင်တို့၊ ဧည့်ခံစရိတ်တို့၊ လမ်းစရိတ်တို့ မဆိုင်တဲ့ဟာတွေကို အရမ်းသုံးကြ တယ်။ ပုဂ္ဂလိကဆိုရင်တော့ အဲဒါတွေကို တတ်နိုင် သမျှချုံ့တဲ့အတွက် ဘာပြဿနာမှမရှိဘူး။ ဒါပေမဲ့ သူတို့ကျတော့ အဲဒီလိုမဟုတ်ဘူး။ ဖွင့်ပွဲတွေမှာ မလို အပ်ဘဲပိုက်ဆံတွေကုန်တယ်။ ပန္နက်ရိုက်တယ်ဆိုရင် လည်း ဆင်စီးမြင်းရံပြီးရိုက်ချင်တာ" ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ထို့ကြောင့် အသုံးစရိတ်များကို စိစစ်သင့်ပြီး အများပြည်သူအကျိုးရှိမည့်လုပ်ငန်းများကိုလည်း စိစစ်ဆောင်ရွက်သင့်ကြောင်း အကြံပြုမှုများလည်း ရှိသည်။ " သူတို့လုပ်ရမယ့် စီးပွားရေးလုပ်ငန်းဆိုတာ ပုဂ္ဂလိကလုပ်ငန်းကိုပေးရင်လည်း မလုပ်မယ့်လုပ်ငန်း တွေဖြစ်လို့။ ဒါပေမဲ့ အဲဒီလုပ်ငန်းတွေက မဖြစ်မနေ ဏကဘူငခ အတွက်ကျတော့ လုပ်ပေးရမယ်။ အဲဒီလို လုပ်ငန်းတွေကိုပဲအစိုးရက လုပ်ရမှာ။ ကျွန်တော်တို့ဆီ မှာက အဲဒီလိုမဟုတ်ဘူး။ အစိုးရကဟိုအလုပ်ဆိုလည်း အဓိကက ဌာနဆိုင်ရာတွေက သူတို့ကိုယ်တိုင် ဝင် လုပ်ချင်တာ။ အဲဒါကပြဿနာဖြစ်နေတာ။ ကျွန်တော် သိသလောက်ကတော့ ဌာနဆိုင်ရာက အလုပ်မလုပ် ရဘူး။ ဌာနဆိုင်ရာတွေက စီးပွားရေးနဲ့ပတ်သက်တာ တွေ၊ ငွေရေးကြေးရေးနဲ့ပတ်သက်တာတွေကို တ ကယ်တော့မလုပ်သင့်ဘူး"ဟု အထက်ပါစီးပွားရေး လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ်ဘီလျံ(၄၀ဝဝဝ) နီးပါးရှိနိုင်ပြီး ဘီလျံ(၇၀ဝဝ)ကျော် လိုငွေပြနိုင်ကြောင်း ခန့်မှန်း ထားသည်။ မြန်မာနိုင်ငံတွင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာ နှစ်မှစ၍ လက်ရှိအချိန်အထိ ပြည်ထောင်စုရငွေ၊ သုံးငွေများနှင့်ပတ်သက်၍ နှစ်စဉ်လိုလိုဆိုသကဲ့သို့ လိုငွေ ပြနေလျက်ရှိနေသည်။

zawgyi version
ႏိုင္ငံပိုင္စီးပြားေရးအဖြဲ႕အစည္းမ်ား၏ ယခုဘ႑ာႏွစ္ အသုံးစရိတ္က်ပ္ဘီလ်ံ(၁၇ဝဝဝ) ေက်ာ္ရွိႏိုင္ၿပီး ဘီလ်ံ(၁ဝဝဝ)နီးပါး လိုေငြျပႏိုင္
ယြန္း (NP News) - ႏိုဝင္ဘာ ၁၃

ယခု(၂ဝ၂၄- ၂ဝ၂၅)ဘ႑ာႏွစ္အတြင္း ႏိုင္ငံေတာ္ပိုင္စီးပြားေရးအဖြဲ႕အစည္းမ်ား၏ အသုံးစရိတ္ သည္ ေငြက်ပ္ဘီလ်ံ(၁၇၀ဝဝ)ေက်ာ္ရွိႏိုင္ၿပီး က်ပ္ ဘီလ်ံ(၁၀ဝဝ)နီးပါး လိုေငြျပႏိုင္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာနကထုတ္ျပန္ေသာ (၂၀၂၄- ၂၀၂၅)ဘ႑ာႏွစ္၊ ဘ႑ာေရးမူဝါဒစာတမ္းတြင္ အထက္ပါ ကဲ့သို႔ အသိေပးေဖာ္ျပထားျခင္းျဖစ္သည္။

လက္ရွိဘ႑ာႏွစ္တြင္ ျပည္ေထာင္စုဘ႑ာ ရန္ပုံေငြျဖင့္ ေဆာင္႐ြက္ေသာ ႏိုင္ငံေတာ္ပိုင္အဖြဲ႕ အစည္းမ်ား၊ ျပည္ေထာင္စုရန္ပုံေငြအစီအစဥ္ ျပင္ပ မွ ေဆာင္႐ြက္ေသာ ႏိုင္ငံေတာ္ပိုင္ အဖြဲ႕အစည္းမ်ား၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္တို႔၏ စုစုေပါင္းရေငြသည္ က်ပ္ (၁၆၄၆၂၉၃၀ ဒသမ ၉၇၅) သန္း (က်ပ္ဘီလ်ံ ၁၆၀ဝ၀ ေက်ာ္)ရွိေၾကာင္း ခန႔္မွန္းထားသည္။ သို႔ ေသာ္ စုစုေပါင္းအသုံးစရိတ္မွာ က်ပ္ (၁၇၄၄၆၂၅၉ ဒသမ ၃၇၁ )သန္း(က်ပ္ဘီလ်ံ ၁၇၀ဝ၀ ေက်ာ္)ျဖစ္ျခင္းေၾကာင့္ လိုေငြ က်ပ္(၉၈၃၃၂၈ ဒသမ ၃၉၆)သန္း(က်ပ္ဘီလ်ံ ၁၀ဝ၀ နီးပါး)ရွိေနေၾကာင္း ဘ႑ာ ေရးမူဝါဒစာတမ္းတြင္ ေဖာ္ျပထားသည္။

ထိုသို႔လိုေငြျပရာ၌ ေဆာက္လုပ္ေရးက႑ အပါအဝင္ အမ်ားျပည္သူကို ဝန္‌ေဆာင္မႈေပးရသည့္က႑မ်ားတြင္ ႀကီးမားသည့္ ဆုံးရႈံးမႈမ်ားရွိေနၿပီး ႏိုင္ငံေတာ္ အေနျဖင့္ အရႈံးခံ၍ ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ား ေၾကာင့္လည္း ျပည္ေထာင္စုဘ႑ာရန္ပုံေငြ လိုေငြျပ ျခင္းျဖစ္ေၾကာင္း ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္ တစ္ဦးက NP News ကို သုံးသပ္ထားသည္။

" စီးပြားေရးမလုပ္တတ္တဲ့သူက စီးပြားေရးလုပ္ ေတာ့ရႈံးမွာပဲေလ။ ႏိုင္ငံေတာ္ဆိုတာက အကုန္လုံးက ဝန္ထမ္းေတြ။ ကိုယ့္စီးပြားေရးလိုဘယ္သူမွ အား ထည့္ၿပီးလုပ္ၾကတာ မဟုတ္ဘူး။ တခ်ိဳ႕လုပ္ငန္းေတြ က်ေတာ့လည္း ႏိုင္ငံေတာ္က ဝန္ေဆာင္မႈအေနနဲ႔ အရႈံးခံၿပီးေတာ့ ေဆာင္႐ြက္ရမယ့္လုပ္ငန္းေတြေတာ့ ရွိတာေပါ့။ အဲဒါေတြက်ေတာ့ လုပ္သင့္ေပမယ့္ တခ်ိဳ႕ စီးပြား‌ေရးလုပ္ငန္းေတြက်ေတာ့ နားမလည္ဘဲ လုပ္ တာေတာ့မလုပ္သင့္ဘူး။ တိုင္းျပည္နဲ႔ဘတ္ဂ်က္ေတြ အလကားဆုံးရႈံးတာေပါ့။ တခ်ိဳ႕ဟာေတြမွာဆိုရင္ လည္း ပိုက္ဆံေတြအရမ္းသုံးတယ္။ ပုံႀကီးခ်ဲ႕ၾကတယ္။ ဥပမာ- စီမံကိန္းတစ္ခုလုပ္တယ္ဆိုရင္ လူႀကီးေတြ လာရင္ရွင္းဖို႔ ရွင္းလင္းေဆာင္တို႔၊ ဧည့္ခံစရိတ္တို႔၊ လမ္းစရိတ္တို႔ မဆိုင္တဲ့ဟာေတြကို အရမ္းသုံးၾက တယ္။ ပုဂၢလိကဆိုရင္ေတာ့ အဲဒါေတြကို တတ္ႏိုင္ သမွ်ခ်ဳံ႕တဲ့အတြက္ ဘာျပႆနာမွမရွိဘူး။ ဒါေပမဲ့ သူတို႔က်ေတာ့ အဲဒီလိုမဟုတ္ဘူး။ ဖြင့္ပြဲေတြမွာ မလို အပ္ဘဲပိုက္ဆံေတြကုန္တယ္။ ပႏၷက္႐ိုက္တယ္ဆိုရင္ လည္း ဆင္စီးျမင္းရံၿပီး႐ိုက္ခ်င္တာ" ဟု ၎က သုံးသပ္ေျပာၾကားသည္။

ထို႔ေၾကာင့္ အသုံးစရိတ္မ်ားကို စိစစ္သင့္ၿပီး အမ်ားျပည္သူအက်ိဳးရွိမည့္လုပ္ငန္းမ်ားကိုလည္း စိစစ္ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳမႈမ်ားလည္း ရွိသည္။ " သူတို႔လုပ္ရမယ့္ စီးပြားေရးလုပ္ငန္းဆိုတာ ပုဂၢလိကလုပ္ငန္းကိုေပးရင္လည္း မလုပ္မယ့္လုပ္ငန္း ေတြျဖစ္လို႔။ ဒါေပမဲ့ အဲဒီလုပ္ငန္းေတြက မျဖစ္မေန ဏကဘူငခ အတြက္က်ေတာ့ လုပ္ေပးရမယ္။ အဲဒီလို လုပ္ငန္းေတြကိုပဲအစိုးရက လုပ္ရမွာ။ ကြၽန္ေတာ္တို႔ဆီ မွာက အဲဒီလိုမဟုတ္ဘူး။ အစိုးရကဟိုအလုပ္ဆိုလည္း အဓိကက ဌာနဆိုင္ရာေတြက သူတို႔ကိုယ္တိုင္ ဝင္ လုပ္ခ်င္တာ။ အဲဒါကျပႆနာျဖစ္ေနတာ။ ကြၽန္ေတာ္ သိသေလာက္ကေတာ့ ဌာနဆိုင္ရာက အလုပ္မလုပ္ ရဘူး။ ဌာနဆိုင္ရာေတြက စီးပြားေရးနဲ႔ပတ္သက္တာ ေတြ၊ ေငြေရးေၾကးေရးနဲ႔ပတ္သက္တာေတြကို တ ကယ္ေတာ့မလုပ္သင့္ဘူး"ဟု အထက္ပါစီးပြားေရး လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

ထို႔ျပင္ ယခုဘ႑ာႏွစ္အတြင္း ျပည္ေထာင္စု၏ အသုံးစရိတ္ ေငြက်ပ္ဘီလ်ံ(၄၀ဝဝဝ) နီးပါးရွိႏိုင္ၿပီး ဘီလ်ံ(၇၀ဝဝ)ေက်ာ္ လိုေငြျပႏိုင္ေၾကာင္း ခန႔္မွန္း ထားသည္။ ျမန္မာႏိုင္ငံတြင္ (၂၀၁၁-၂၀၁၂) ဘ႑ာ ႏွစ္မွစ၍ လက္ရွိအခ်ိန္အထိ ျပည္ေထာင္စုရေငြ၊ သုံးေငြမ်ားႏွင့္ပတ္သက္၍ ႏွစ္စဥ္လိုလိုဆိုသကဲ့သို႔ လိုေငြ ျပေနလ်က္ရွိေနသည္။

Related news

© 2021. All rights reserved.