တောင်တရုတ်ပင်လယ်အတွင်း အချုပ်အခြာအာဏာကို အမြဲတမ်းကာကွယ်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ပြော
145
Pika (NP News) - နိုဝင်ဘာ ၁၄
တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အမြဲတမ်းကာကွယ်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မိတ်ဖက်ဆက်ဆံရေးတွေဟာ ပဋိပက္ခတွေဖြစ်ပွားတာထက် ပိုမိုကောင်းမွန်ပြီး အခြား အင်အားကြီးနိုင်ငံတွေအားလုံးကိုလည်း အလေးထားတယ်လို့ ပရာဘိုဝိုဆူဘီယန်တိုက ထပ်မံပြောကြားခဲ့ပါတယ်။ ပရာဘိုဝိုဆူဘီယန်တိုဟာ နိုဝင်ဘာလ(၁၃)ရက်မှာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကိုရောက်ရှိနေစဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက တရုတ်နိုင်ငံနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့နယ်မြေပိုင်ဆိုင်မှုပြောဆိုချက်တွေကို အင်ဒိုနီးရှားက အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ပရာဘိုဝိုဆူဘီယန်တိုရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း အခိုင်အ မာပြောဆိုထားမှုနဲ့အတူ အခြားနိုင်ငံအများအပြားနဲ့ အငြင်းပွားမှုတွေဖြစ်ပွားလျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ပရာဘိုဝိုဆူဘီယန်တိုက "အခြားအင်အားကြီးနိုင်ငံတွေအားလုံးကို လေးစားပေမယ့် ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကိုတော့ အမြဲတမ်းကာကွယ်သွားမှာပါ။ ဒါပေမဲ့ မိတ်ဖက်ဖြစ်နိုင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ကျွန်တော်တို့အမြဲတမ်းရှာဖွေသွားမှာပါ။ မိတ်ဖက်ဆက်ဆံရေးဟာ ပဋိပက္ခတွေထက် ပိုမိုကောင်းမွန်ပါတယ်"လို့ ပြော ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ပရာဘိုဝိုဆူဘီယန်တိုဟာ ၎င်းရဲ့ပထမဆုံးခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဘေဂျင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်။
zawgyi version
ေတာင္တ႐ုတ္ပင္လယ္အတြင္း အခ်ဳပ္အျခာအာဏာကို အၿမဲတမ္းကာကြယ္သြားမယ္လို႔ အင္ဒိုနီးရွားသမၼတ ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၄
ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး အင္ဒိုနီးရွားႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို အၿမဲတမ္းကာကြယ္သြားမယ္လို႔ အင္ဒိုနီးရွားသမၼတ ပရာဘိုဝိုဆူဘီယန္တိုက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ မိတ္ဖက္ဆက္ဆံေရးေတြဟာ ပဋိပကၡေတြျဖစ္ပြားတာထက္ ပိုမိုေကာင္းမြန္ၿပီး အျခား အင္အားႀကီးႏိုင္ငံေတြအားလုံးကိုလည္း အေလးထားတယ္လို႔ ပရာဘိုဝိုဆူဘီယန္တိုက ထပ္မံေျပာၾကားခဲ့ပါတယ္။ ပရာဘိုဝိုဆူဘီယန္တိုဟာ ႏိုဝင္ဘာလ(၁၃)ရက္မွာ အေမရိကန္ႏိုင္ငံ ဝါရွင္တန္ၿမိဳ႕ကိုေရာက္ရွိေနစဥ္အခ်ိန္အတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက တ႐ုတ္ႏိုင္ငံနဲ႔ ပင္လယ္ေရေၾကာင္းဆိုင္ရာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ေပမယ့္လည္း ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ႕နယ္ေျမပိုင္ဆိုင္မႈေျပာဆိုခ်က္ေတြကို အင္ဒိုနီးရွားက အသိအမွတ္ ျပဳမွာ မဟုတ္ဘူးလို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ပရာဘိုဝိုဆူဘီယန္တိုရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္ေၾကာင္း အခိုင္အ မာေျပာဆိုထားမႈနဲ႔အတူ အျခားႏိုင္ငံအမ်ားအျပားနဲ႔ အျငင္းပြားမႈေတြျဖစ္ပြားလ်က္ရွိေနတာလည္း ျဖစ္ပါတယ္။ ပရာဘိုဝိုဆူဘီယန္တိုက "အျခားအင္အားႀကီးႏိုင္ငံေတြအားလုံးကို ေလးစားေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ အခ်ဳပ္အျခာအာဏာကိုေတာ့ အၿမဲတမ္းကာကြယ္သြားမွာပါ။ ဒါေပမဲ့ မိတ္ဖက္ျဖစ္ႏိုင္ဖို႔အတြက္ ျဖစ္ႏိုင္ေျခေတြကို ကြၽန္ေတာ္တို႔အၿမဲတမ္းရွာေဖြသြားမွာပါ။ မိတ္ဖက္ဆက္ဆံေရးဟာ ပဋိပကၡေတြထက္ ပိုမိုေကာင္းမြန္ပါတယ္"လို႔ ေျပာ ဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့လတုန္းက သမၼတအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့တဲ့ ပရာဘိုဝိုဆူဘီယန္တိုဟာ ၎ရဲ႕ပထမဆုံးခရီးစဥ္အတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ ေဘဂ်င္းၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေတြ႕ဆုံခဲ့တယ္လို႔လည္းသိရပါတယ္။