မြန်မာနိုင်ငံမှာ အရပ်သားတွေ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းတွေကို ရပ်တန့်ဖို့ အင်ဒိုနီးရှားသမ္မတ နဲ့ အမေရိကန်သမ္မတ တိုက်တွန်းတောင်းဆို
1212
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၄
အင်ဒိုနီးရှား သမ္မတအသစ် ပရာဘိုဝီ နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး သည်းခံချုပ်တည်းဖို့ သက်ဆိုင်ရာအဖွဲ့စည်းအားလုံးကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားသမ္မတနဲ့ အမေရိကန် သမ္မတတို့ဟာ နိုဝင်ဘာ ၁၃ ရက်က အမေရိကန်နိုင်ငံမှာ တွေ့ဆုံဆွေနွေးခဲ့ပြီးနောက် ပူးတွဲသတင်းထုတ်ပြန်ခဲ့ရာမှာ မြန်မာအရေးကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရအိမ်ဖြူတော်က "သမ္မတနှစ်ဦးဟာ မြန်မာနိုင်ငံမှာ အရပ်သားတွေကို အကြမ်း ဖက်တိုက်ခိုက်နေတာတွေကို ပြစ်တင်ရှုတ်ချခဲ့သလို အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုခဲ့တယ်။ အရပ်သားတွေကို ကာကွယ်ပေးဖို့၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေ လွှဲပြောင်းပေးနိုင်မယ့် ပတ် ဝန်းကျင်ကို ဖန်တီးတည်ထောင်ဖို့၊ မြန်မာလက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်နေသူအားလုံးကို သည်းခံချုပ်တည်းဖို့ တိုက်တွန်းတောင်းဆိုခဲ့တယ်" လို့ သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတက မြန်မာအရေးကို ဖြေရှင်းနိုင်အောင် အာဆီယံအဖွဲ့ ကြိုးပမ်းမှုအားလုံးကို ထောက်ခံအားပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ ဒါ့ပြင် အင်ဒိုနီးရှားသမ္မတ နဲ့ အမေရိကန်သမ္မတတို့က မြန်မာအရေးကို ဖြေရှင်းရာမှအထောက်ကူဖြစ်စေဖို့ ဖန်တီးထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးနဲ့ အာဆီယံရဲ့အဓိကအခန်းကဏ္ဍကနေ ပါဝင်မှုတွေကို အပြည့်အဝအားပေးထောက်ခံတယ်လို့ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားသမ္မတ နဲ့ အမေရိကန်သမ္မတတို့ဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းနိုင်အောင် တွေ့ဆုံဆွေးနွေးမယ့် အခြေနေတွေဖန်တီးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီဟာ သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် မကြာမီ အမေရိကန်၊တရုတ်နိုင်ငံအပါအဝင်နိုင်ငံ (၅)နိုင်ငံကိုသွားရောက်ဖို့ စီစဉ်ခဲ့ပြီး
အမေရိကန်သမ္မတနဲ့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
zawgyi version
ျမန္မာႏိုင္ငံမွာ အရပ္သားေတြ အၾကမ္းဖက္တိုက္ခိုက္ခံရျခင္းေတြကို ရပ္ တန႔္ဖို႔ အင္ဒိုနီးရွားသမၼတ နဲ႔ အေမရိကန္သမၼတ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၄
အင္ဒိုနီးရွား သမၼတအသစ္ ပရာဘိုဝီ နဲ႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္တို႔ဟာ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ရပ္တန႔္ၿပီး သည္းခံခ်ဳပ္တည္းဖို႔ သက္ဆိုင္ရာအဖြဲ႕စည္းအားလုံးကို တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။
အင္ဒိုနီးရွားသမၼတနဲ႔ အေမရိကန္ သမၼတတို႔ဟာ ႏိုဝင္ဘာ ၁၃ ရက္က အေမရိကန္ႏိုင္ငံမွာ ေတြ႕ဆုံေဆြေႏြးခဲ့ၿပီးေနာက္ ပူးတြဲသတင္းထုတ္ျပန္ခဲ့ရာမွာ ျမန္မာအေရးကို ထည့္သြင္းခဲ့တာျဖစ္ပါတယ္။ အေမရိကန္အစိုးရအိမ္ျဖဴေတာ္က "သမၼတႏွစ္ဦးဟာ ျမန္မာႏိုင္ငံမွာ အရပ္သားေတြကို အၾကမ္း ဖက္တိုက္ခိုက္ေနတာေတြကို ျပစ္တင္ရႈတ္ခ်ခဲ့သလို အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔လည္း ေတာင္းဆိုခဲ့တယ္။ အရပ္သားေတြကို ကာကြယ္ေပးဖို႔၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြ လႊဲေျပာင္းေပးႏိုင္မယ့္ ပတ္ ဝန္းက်င္ကို ဖန္တီးတည္ေထာင္ဖို႔၊ ျမန္မာလက္နက္ကိုင္ပဋိပကၡေတြမွာ ပါဝင္ေနသူအားလုံးကို သည္းခံခ်ဳပ္တည္းဖို႔ တိုက္တြန္းေတာင္းဆိုခဲ့တယ္" လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အေမရိကန္သမၼတက ျမန္မာအေရးကို ေျဖရွင္းႏိုင္ေအာင္ အာဆီယံအဖြဲ႕ ႀကိဳးပမ္းမႈအားလုံးကို ေထာက္ခံအားေပးမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ေၾကာင္းသိရပါတယ္။ ဒါ့ျပင္ အင္ဒိုနီးရွားသမၼတ နဲ႔ အေမရိကန္သမၼတတို႔က ျမန္မာအေရးကို ေျဖရွင္းရာမွအေထာက္ကူျဖစ္ေစဖို႔ ဖန္တီးထားတဲ့ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ အေကာင္ထည္ေဖာ္ေရးနဲ႔ အာဆီယံရဲ႕အဓိကအခန္းက႑ကေန ပါဝင္မႈေတြကို အျပည့္အဝအားေပးေထာက္ခံတယ္လို႔ေျပာဆိုခဲ့ပါတယ္။ အင္ဒိုနီးရွားသမၼတ နဲ႔ အေမရိကန္သမၼတတို႔ဟာ ျမန္မာႏိုင္ငံမွာ အားလုံးပါဝင္တဲ့ ဒီမိုကေရစီလမ္းေၾကာင္းအေပၚ ျပန္လည္ေလွ်ာက္လွမ္းႏိုင္ေအာင္ ေတြ႕ဆုံေဆြးေႏြးမယ့္ အေျခေနေတြဖန္တီးဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ပါတယ္။ အင္ဒိုနီးရွား ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝီဟာ သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ မၾကာမီ အေမရိကန္၊တ႐ုတ္ႏိုင္ငံအပါအဝင္ႏိုင္ငံ (၅)ႏိုင္ငံကိုသြားေရာက္ဖို႔ စီစဥ္ခဲ့ၿပီး
အေမရိကန္သမၼတနဲ႔ လာေရာက္ေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။