အိန္ဒိယနိုင်ငံ၊ ဒေလီမှာ ပြင်းထန်လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေ

 98

ရောင်နီ (NP News) - နိုဝင်ဘာ ၁၄

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၁၃ ရက်) က ပထမဆုံးအကြိမ်အဖြစ် အပူချိန်နဲ့လေတိုက်နှုန်းတွေ ကျဆင်းနေပြီး မြင်နိုင်စွမ်း လျော့ကျလာတဲ့အထိ လေထုညစ်ညမ်းလာတာကြောင့် အချို့လေယာဉ်ခရီးစဉ်တွေကိုပါ ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန် IQAir ရဲ့တိုက်ရိုက်အဆင့်သတ်မှတ်ချက်အရ အိန္ဒိယဟာ ပါကစ္စတန်နိုင်ငံ၊ လာဟောမြို့ကိုကျော်ပြီး ကမ္ဘာ့အညစ်ညမ်းဆုံးမြို့ဖြစ်လာခဲ့ပြီး လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ရဲ့ ပြောကြားချက်အရ မြို့ရဲ့ ၂၄ နာရီလေထုအရည်အသွေး ညွှန်းကိန်း (AQI) ရမှတ်ဟာ ၄၁၈ ထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဗဟိုညစ်ညမ်းမှုထိန်းချုပ်ရေးဘုတ်အဖွဲ့ရဲ့ သတ်မှတ်ချက်အရ အဆင့် 0-50 AQI ကို လေကောင်းလေသန့်အဖြစ် သတ်မှတ်ပြီး အဆင့် ၄၀၁ အထက်ကိုတော့ ရောဂါအခံရီသူတွေအတွက် ပြင်းထန်တဲ့သက်ရောက်မှုအဖြစ် သတ်မှတ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့မြို့တော်ဒေလီဟာ အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးမြူ၊ ဆောင်းရာသီလေအေး ဖုန်မှုန့်တွေနဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု၊ တရားမဝင် လယ်ယာမီးရှို့မှုတွေက ထွက်တဲ့မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှုတွေ ဖြစ်နေတယ်လို့ ယူဆရပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံ၊ ေဒလီမွာ ျပင္းထန္ေလထုညစ္ညမ္းမႈမ်ား ျဖစ္ေပၚေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၄

အိႏၵိယႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ နယူးေဒလီမွာ ဗုဒၶဟူးေန႔(ႏိုဝင္ဘာ ၁၃ ရက္) က ပထမဆုံးအႀကိမ္အျဖစ္ အပူခ်ိန္နဲ႔ေလတိုက္ႏႈန္းေတြ က်ဆင္းေနၿပီး ျမင္ႏိုင္စြမ္း ေလ်ာ့က်လာတဲ့အထိ ေလထုညစ္ညမ္းလာတာေၾကာင့္ အခ်ိဳ႕ေလယာဥ္ခရီးစဥ္ေတြကိုပါ ထိခိုက္ေစခဲ့တယ္လို႔ သိရပါတယ္။

ဆြစ္ဇာလန္ IQAir ရဲ႕တိုက္႐ိုက္အဆင့္သတ္မွတ္ခ်က္အရ အိႏၵိယဟာ ပါကစၥတန္ႏိုင္ငံ၊ လာေဟာၿမိဳ႕ကိုေက်ာ္ၿပီး ကမာၻ႔အညစ္ညမ္းဆုံးၿမိဳ႕ျဖစ္လာခဲ့ၿပီး ေလထုညစ္ညမ္းမႈထိန္းခ်ဳပ္ေရးအာဏာပိုင္အဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ ၿမိဳ႕ရဲ႕ ၂၄ နာရီေလထုအရည္အေသြး ၫႊန္းကိန္း (AQI) ရမွတ္ဟာ ၄၁၈ ထိ ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။
ဗဟိုညစ္ညမ္းမႈထိန္းခ်ဳပ္ေရးဘုတ္အဖြဲ႕ရဲ႕ သတ္မွတ္ခ်က္အရ အဆင့္ 0-50 AQI ကို ေလေကာင္းေလသန႔္အျဖစ္ သတ္မွတ္ၿပီး အဆင့္ ၄၀၁ အထက္ကိုေတာ့ ေရာဂါအခံရီသူေတြအတြက္ ျပင္းထန္တဲ့သက္ေရာက္မႈအျဖစ္ သတ္မွတ္ပါတယ္။
အိႏၵိယႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ေဒလီဟာ အဆိပ္အေတာက္ျဖစ္ေစတဲ့ မီးခိုးျမဴ၊ ေဆာင္းရာသီေလေအး ဖုန္မႈန႔္ေတြနဲ႔ ဓာတ္ေငြ႕ထုတ္လႊတ္မႈ၊ တရားမဝင္ လယ္ယာမီးရႈိ႕မႈေတြက ထြက္တဲ့မီးခိုးေတြေၾကာင့္ ေလထုညစ္ညမ္းမႈေတြ ျဖစ္ေနတယ္လို႔ ယူဆရပါတယ္။

Related news

© 2021. All rights reserved.