တော်လှန်ရေးသမား အမည်ခံ ရာဇဝတ်ဂိုဏ်းတို့ စုပေါင်း မဟာမိတ်ဖွဲ့၍ အစိုးရနှင့် ကုလသမဂ္ဂမစ်ရှင်များကို တိုက်ခိုက်နေ

 4413

Htay Oung (NP News) - နိုဝင်ဘာ ၁၃

လေယာဉ် ၃-စီး ပစ်ခတ်ခံရပြီးနောက် ဟေတီနိုင်ငံသို့ လေယာဉ်ပျံသန်းခွင့်ကို အမေရိကန် ဖက်ဒရယ် လေ ကြောင်းညွှန်ကြားမှုဋ္ဌာနက ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ပါတယ်။ အလားတူ ကမ္ဘာ့ကုလသမဂ္ဂကလည်း မြို့တော် ပို့အောပရင့်စ်သို့ ပျံသန်းမယ် ခရီးစဉ်များကို အင်္ဂါနေ့မှာ ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် လုံခြုံရေး ပျက်ပြားနေတဲ့နိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်နေခြင်းအပေါ် အကန့်အသတ် ဖြစ်သွားရတယ်လို့ အေပီသတင်း အေဂျင်စီက ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)တွင် ရေးသားပါတယ်။

တနင်္လာနေ့ မြို့တော်လေဆိပ်သို့ ဆင်းသက်ခါနီး “စပရစ်လေကြောင်းလိုင်း” ပိုင် လေယာဉ်တစ်စီးကို ကျည် ဆန်ထိမှန်ခဲ့ပြီး လေယာဉ်အမှုထမ်းတစ်ဦး ဒဏ်ရာခဲ့တဲ့အတွက် လေဆိပ်ကို ပိတ်ပစ်ခဲ့ရပါတယ်။ အေပီက ရရှိတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုများမှာတော့ လေယာဉ်ရဲ့အတွင်းပိုင်းမှာ ကျည်ဆန်ရာ အပေါက်များကို တွေ့မြင်နေရပါတယ်။

အလားတူ “ဂျက်ဘလူး” နဲ့ “အမေရိကန်အဲလိုင်း” တို့ကလည်း သူတို့ရဲ့လေယာဉ်များ ပျံသန်းနေစဉ် ပစ်ခတ်ခံ ရကြောင်း အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖေဖော်ဝါရီ ၁၂ ရက်အထိ ဟေတီနိုင်ငံ မြို့တော် သို့ အမေရိကန်လေကြောင်း ခရီးစဉ်များ ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ နိုင်ငံရေး ဗလောင်းဆန်မှု ဖြစ်စဉ်အပြီး ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ကာရေဗီယန်ကျွန်းနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန် ယခုလို ပစ်ခတ်ခံရခြင်းဟာ အကြမ်းဖက်မှုလှိုင်းတံပိုးရဲ့ အစိတ် အပိုင်း တစ်ခုမျှသာ ဖြစ်နေပါတယ်။

အကြမ်းဖက်မှုအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်စေမယ့် လက် နက်ကိုင် ပဋိပက္ခ အကြိမ် ၂၀ အပြင် နောက်ထပ် လမ်းပိတ်ဆို့မှုများကိုလည်း အေဂျင်စီက မှတ်တမ်းတင်ထား ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ပို့အောပရင့်စ်လေဆိပ်ကို နိုဝင်ဘာ ၁၈ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပြီး၊ ကုလသမဂ္ဂအနေနဲ့ ပိုမိုငြိမ်းချမ်းတဲ့ နိုင်ငံ့မြောက်ပိုင်း “ကိတ်ဟေတီယန်” နိုင်ငံပိုင် ဒုတိယလေဆိပ်ကို လေကြောင်းခရီးစဉ်များအတွက် ပြောင်းလဲ အသုံးပြုမယ်လို့ ပြောပါတယ်။ ပို့အောပရင့်စ်မြို့တော်တွင်းမှ ရာဇဝတ်ဂိုဏ်းတွေရဲ့ သောင်းကျန်းမှုဟာ ဟေတီကို အငတ်ဘေးသို့ တွန်းပိုသလို ဖြစ်နေပါတယ်။ အကြမ်းဖက်မှုများ ဖြစ်ပွားရာ ဗဟိုချက်အတွင်း ဝင်ရောက်ခွင့် ဖြတ်တောက်ခံရတဲ့ မြို့တော်ဟာ အခြေအနေ ဆိုးရွားဖွယ် ရှိပါတယ်။ လေကြောင်းခရီးစဉ်များ ဖြတ်တောက်ခြင်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနဲ့ အကူအညီပေးရေးဝန်ထမ်းများ နိုင်ငံအတွင်း ဝင်ရောက်မှုကို ကန့်သတ်တဲ့ အဓိပ္ပါယ် သက် ရောက်နေတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က သတိပေးလိုက်ပါတယ်။

ဟေတီတောင်ပိုင်းမှာ အစားအသောက်နဲ့ ဆေးဝါးများတင် ထရပ်ကား အစီး ၂၀ ပါ ယာဉ်တန်းစေလွှတ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့တဲ့ ကာဖောဒေသရှိ လူတစ်ထောင်ကို ငွေသားအကူအညီပေးမယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒီလို စိန်ခေါ်မှုများရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အကူအညီပေးရေးအစီအစဉ်တွေ ဆက်လက်လုပ် ဆောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလျှက်ရှိကြောင်း၊ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရန်၊ ဘေး ကင်းလုံခြုံရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ စဉ်ဆက်မပြတ်နဲ့ အတားအဆီးမဲ့ ဝင်ရောက်ခွင့် ခွင့်ပြုရေးအတွက် တောင်းဆိုကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်မှုများ ပြင်းထန်စွာဖြစ်ပွားနေတဲ့ ဟေတီနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းများက ကုလသမဂ္ဂအကူအညီပေး ရေး ရဟတ်ယာဉ်ကိုပင်လျှင် သေနတ်နဲ့ ပစ်ခတ်နေပါတယ်။ ရာဇဝတ်ဂိုဏ်းတို့က အုပ်စုဖွဲံ တိုက်ခိုက်နေကြပြီး လုံခြုံရေးပျက်ပြားမှုကြောင့် သုံးလနီးပါးပိတ်ထားခဲ့တဲ့ ဟေတီနိုင်ငံတကာလေဆိပ်ကို ပြန်လည်ဖွင့်လှစ်အပြီး ၅-လခန့်အကြာမှာ ယခုလို တိုက်ခိုက်များ ပြန်လည်ဖြစ်ပေါ်လာကြောင်း တွေ့ရှိရပါတယ်။ မြို့တော် အနောက်မြောက်ဘက်ရှိ ရာဇဝတ်ဂိုဏ်းသားများ ခိုအောင်းရာ ကမ်းရိုးတန်းမြို့မှာ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဂိုဏ်းဝင်သံသယရှိသူ ၅၀ ခန့် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက် အကြမ်းဖက်မှုတွေဟာ အနီးအ နားဒေသများထံ သီတင်းပတ်အတွင်း ပျံ့နှံ့သွားခဲ့ပြီး လူနေအိမ်များ မီးတင်ရှို့ခြင်း ခံရပါတယ်။

၂၀၂၄-ခုနှစ်အစပိုင်း ဟေတီနိုင်ငံရဲ့ အကြမ်းဖက်မှုများဟာ “ဂျီနိုင်း မိသားစုနှင့် မဟာမိတ်များ” FRG9 သို့မ ဟုတ် G9 နဲ့ G-Pep ခေါ် ရာဇဝတ်ဂိုဏ်း နှစ်ခုတို့အကြား သြဇာလွှမ်းမိုးရေး စားကျက်လုတဲ့ တိုက်ပွဲများ ဖြစ်ပါ တယ်။ ဟေတီအစိုးရကို ကူညီရန် ကင်ညာနိုင်ငံဦးဆောင် “နိုင်ငံစုံ လုံခြုံရေး ထောက်ပံ့ရေးမစ်ရှင်”ကို ကုလသ မဂ္ဂလုံခြုံရေးကောင်စီက ခွင့်ပြုပြီးနောက် ဖေဖေါ်ဝါရီလမှာ အဲ့ဒီ ပူးပေါင်းသွားတဲ့ ဂိုဏ်း ၂-ခုဟာ တော်လှန်ရေး သမား နာမည်ခံပြီး ဟေတီအစိုးရနဲ့ ကုလသမဂ္ဂ မစ်ရှင်များအပေါ် ဆန့်ကျင်တိုက်ခိုက်လာကြပါတယ်။

ဟေတီရဲ့ သမိုင်းတစ်လျှောက် အမျိုးမျိုးသော အာဏာသိမ်းမှုများ၊ အစိုးရအပြောင်း အလဲများ၊ စစ်အာဏာ ရှင်များ၊ ပြည်တွင်းပဋိပက္ခများနဲ့ ပြည့်နှက်နေပါတယ်။ ပြည်ပ ဝင်ရောက်စွက်ဖက်မှုများအပြင် ပြင်းထန်တဲ့ မိုးရွာသွန်းခြင်း၊ ငလျင်လှုပ်ခြင်းလို သဘာဝဘေးအန္တရာယ်ကြောင့် လူဦးရေ ၁၁-သန်းကျော်သာရှိတဲ့ ပြင်သစ် ကိုလိုနီဟောင်း နိုင်ငံဟာ အကျပ်အတည်းမျိုးစုံနဲ့ အရုပ်ကြိုးပြတ်ဖြစ်နေရပါတယ်။ မတ်လကတည်းက အရေးပေါ်အခြေအနေပြဌာန်းထားရတဲ့ နိုင်ငံမှာ လက်နက်ကိုင် ၏လုယက်မှု၊ ဖောက်ထွင်း မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ နိုင်ငံခြားသား အထူးသဖြင့် အမေရိကန်နိုင်ငံသားတို့ကို ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်နေပါတယ်။

ယခု ဟေတီအစိုးရနဲ့ ကုလသမဂ္ဂကို အံတုနေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ လွန်ခဲ့တဲ့ နှစ်များအတွင်း ဟေတီအစိုး ရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ စီးပွားရေးသမားတို့ရဲ့ ခါးပိုက်ဆောင်တပ်များ ဖြစ်ပါတယ်။ အဲဒါကြောင့် သေနတ်သမားတွေရဲ့ ပြောင်ပြောင်တင်းတင်း ဥပဒေချိုးဖောက်မှုတွေကို တော်ယုံ အရေးယူမည့်သူ မရှိပဲ ဇက်ရဲလက်ရဲဖြစ်လာကြပါတယ်။ ၂၀၂၁-ခုနှစ် သမ္မတ မွိုင်စီကို နိုင်ငံခြားကြေးစားစစ်သားတို့က လုပ်ကြံသတ် ဖြတ်ခြင်းနဲ့အတူ ဂိုဏ်းအုပ်စုအ ချင်းချင်း တိုက်ခိုက်မှု စားကျက်နယ်မြေလုမှုများလည်း စတင်လာခဲ့ခြင်းဖြစ်ပါ တယ်။ သူတို့ကတော့ အကျင့်ပျက်ခြစားပြီး အရည်အချင်း မပြည့်ဝတဲ့ ဟေတီအစိုးရကို တော်လှန်နေခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

(AP News, 13 November 2024, “US prohibits airlines from flying to Haiti and UN suspends flights after planes were shot by gangs” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

zawgyi version
ေတာ္လွန္ေရးသမား အမည္ခံ ရာဇဝတ္ဂိုဏ္းတို႔ စုေပါင္း မဟာမိတ္ဖြဲ႕၍ အစိုးရႏွင့္ ကုလသမဂၢမစ္ရွင္မ်ားကို တိုက္ခိုက္ေန
Htay Oung (NP News) - ႏိုဝင္ဘာ ၁၃

ေလယာဥ္ ၃-စီး ပစ္ခတ္ခံရၿပီးေနာက္ ေဟတီႏိုင္ငံသို႔ ေလယာဥ္ပ်ံသန္းခြင့္ကို အေမရိကန္ ဖက္ဒရယ္ ေလ ေၾကာင္းၫႊန္ၾကားမႈ႒ာနက ရက္ေပါင္း ၃၀ ၾကာ တားျမစ္လိုက္ပါတယ္။ အလားတူ ကမာၻ႔ကုလသမဂၢကလည္း ၿမိဳ႕ေတာ္ ပို႔ေအာပရင့္စ္သို႔ ပ်ံသန္းမယ္ ခရီးစဥ္မ်ားကို အဂၤါေန႔မွာ ယာယီရပ္ဆိုင္းလိုက္တဲ့အတြက္ လုံၿခဳံေရး ပ်က္ျပားေနတဲ့ႏိုင္ငံမွာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ား ဝင္ေရာက္ေနျခင္းအေပၚ အကန႔္အသတ္ ျဖစ္သြားရတယ္လို႔ ေအပီသတင္း ေအဂ်င္စီက ယေန႔ (ႏိုဝင္ဘာလ ၁၃ ရက္)တြင္ ေရးသားပါတယ္။

တနလၤာေန႔ ၿမိဳ႕ေတာ္ေလဆိပ္သို႔ ဆင္းသက္ခါနီး “စပရစ္ေလေၾကာင္းလိုင္း” ပိုင္ ေလယာဥ္တစ္စီးကို က်ည္ ဆန္ထိမွန္ခဲ့ၿပီး ေလယာဥ္အမႈထမ္းတစ္ဦး ဒဏ္ရာခဲ့တဲ့အတြက္ ေလဆိပ္ကို ပိတ္ပစ္ခဲ့ရပါတယ္။ ေအပီက ရရွိတဲ့ ဓါတ္ပုံနဲ႔ ဗြီဒီယိုမ်ားမွာေတာ့ ေလယာဥ္ရဲ႕အတြင္းပိုင္းမွာ က်ည္ဆန္ရာ အေပါက္မ်ားကို ေတြ႕ျမင္ေနရပါတယ္။

အလားတူ “ဂ်က္ဘလူး” နဲ႔ “အေမရိကန္အဲလိုင္း” တို႔ကလည္း သူတို႔ရဲ႕ေလယာဥ္မ်ား ပ်ံသန္းေနစဥ္ ပစ္ခတ္ခံ ရေၾကာင္း အဂၤါေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ေဖေဖာ္ဝါရီ ၁၂ ရက္အထိ ေဟတီႏိုင္ငံ ၿမိဳ႕ေတာ္ သို႔ အေမရိကန္ေလေၾကာင္း ခရီးစဥ္မ်ား ရပ္ဆိုင္းသြားျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။ ႏိုင္ငံေရး ဗေလာင္းဆန္မႈ ျဖစ္စဥ္အၿပီး ဝန္ႀကီးခ်ဳပ္သစ္ က်မ္းသစၥာက်ိန္ဆိုခဲ့တဲ့ ကာေရဗီယန္ကြၽန္းႏိုင္ငံမွာ အုပ္စုဖြဲ႕အၾကမ္းဖက္မႈမ်ား ျဖစ္ပြားေနခ်ိန္ ယခုလို ပစ္ခတ္ခံရျခင္းဟာ အၾကမ္းဖက္မႈလႈိင္းတံပိုးရဲ႕ အစိတ္ အပိုင္း တစ္ခုမွ်သာ ျဖစ္ေနပါတယ္။

အၾကမ္းဖက္မႈအတြင္း လူသားခ်င္းစာနာမႈဆိုင္ရာ ေဆာင္႐ြက္မႈအေပၚ အက်ိဳးသက္ေရာက္ေစမယ့္ လက္ နက္ကိုင္ ပဋိပကၡ အႀကိမ္ ၂၀ အျပင္ ေနာက္ထပ္ လမ္းပိတ္ဆို႔မႈမ်ားကိုလည္း ေအဂ်င္စီက မွတ္တမ္းတင္ထား ေၾကာင္း ကုလသမဂၢ ေျပာခြင့္ရပုဂၢိဳလ္က ဆိုပါတယ္။ ပို႔ေအာပရင့္စ္ေလဆိပ္ကို ႏိုဝင္ဘာ ၁၈ ရက္ေန႔အထိ ပိတ္ထားမွာျဖစ္ၿပီး၊ ကုလသမဂၢအေနနဲ႔ ပိုမိုၿငိမ္းခ်မ္းတဲ့ ႏိုင္ငံ့ေျမာက္ပိုင္း “ကိတ္ေဟတီယန္” ႏိုင္ငံပိုင္ ဒုတိယေလဆိပ္ကို ေလေၾကာင္းခရီးစဥ္မ်ားအတြက္ ေျပာင္းလဲ အသုံးျပဳမယ္လို႔ ေျပာပါတယ္။ ပို႔ေအာပရင့္စ္ၿမိဳ႕ေတာ္တြင္းမွ ရာဇဝတ္ဂိုဏ္းေတြရဲ႕ ေသာင္းက်န္းမႈဟာ ေဟတီကို အငတ္ေဘးသို႔ တြန္းပိုသလို ျဖစ္ေနပါတယ္။ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားရာ ဗဟိုခ်က္အတြင္း ဝင္ေရာက္ခြင့္ ျဖတ္ေတာက္ခံရတဲ့ ၿမိဳ႕ေတာ္ဟာ အေျခအေန ဆိုး႐ြားဖြယ္ ရွိပါတယ္။ ေလေၾကာင္းခရီးစဥ္မ်ား ျဖတ္ေတာက္ျခင္းဟာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားနဲ႔ အကူအညီေပးေရးဝန္ထမ္းမ်ား ႏိုင္ငံအတြင္း ဝင္ေရာက္မႈကို ကန႔္သတ္တဲ့ အဓိပၸါယ္ သက္ ေရာက္ေနတယ္လို႔ ကုလသမဂၢ ေျပာခြင့္ရပုဂၢိဳလ္က သတိေပးလိုက္ပါတယ္။

ေဟတီေတာင္ပိုင္းမွာ အစားအေသာက္နဲ႔ ေဆးဝါးမ်ားတင္ ထရပ္ကား အစီး ၂၀ ပါ ယာဥ္တန္းေစလႊတ္ေရး အစီအစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့ရၿပီး ျဖစ္ပါတယ္။ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားခဲ့တဲ့ ကာေဖာေဒသရွိ လူတစ္ေထာင္ကို ေငြသားအကူအညီေပးမယ့္ အစီအစဥ္ကိုလည္း ဖ်က္သိမ္းခဲ့ရပါတယ္။ အဲဒီလို စိန္ေခၚမႈမ်ားရွိေနတဲ့ ပတ္ဝန္းက်င္အေျခအေနမွာ အကူအညီေပးေရးအစီအစဥ္ေတြ ဆက္လက္လုပ္ ေဆာင္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားလွ်က္ရွိေၾကာင္း၊ ျပင္းထန္တဲ့ အၾကမ္းဖက္မႈေတြကို အဆုံးသတ္ရန္၊ ေဘး ကင္းလုံၿခဳံေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ား စဥ္ဆက္မျပတ္နဲ႔ အတားအဆီးမဲ့ ဝင္ေရာက္ခြင့္ ခြင့္ျပဳေရးအတြက္ ေတာင္းဆိုေၾကာင္း ကုလသမဂၢ ေျပာခြင့္ရပုဂၢိဳလ္က သတင္းထုတ္ျပန္ပါတယ္။

အၾကမ္းဖက္မႈမ်ား ျပင္းထန္စြာျဖစ္ပြားေနတဲ့ ေဟတီႏိုင္ငံမွာ ရာဇဝတ္ဂိုဏ္းမ်ားက ကုလသမဂၢအကူအညီေပး ေရး ရဟတ္ယာဥ္ကိုပင္လွ်င္ ေသနတ္နဲ႔ ပစ္ခတ္ေနပါတယ္။ ရာဇဝတ္ဂိုဏ္းတို႔က အုပ္စုဖြဲံ တိုက္ခိုက္ေနၾကၿပီး လုံၿခဳံေရးပ်က္ျပားမႈေၾကာင့္ သုံးလနီးပါးပိတ္ထားခဲ့တဲ့ ေဟတီႏိုင္ငံတကာေလဆိပ္ကို ျပန္လည္ဖြင့္လွစ္အၿပီး ၅-လခန႔္အၾကာမွာ ယခုလို တိုက္ခိုက္မ်ား ျပန္လည္ျဖစ္ေပၚလာေၾကာင္း ေတြ႕ရွိရပါတယ္။ ၿမိဳ႕ေတာ္ အေနာက္ေျမာက္ဘက္ရွိ ရာဇဝတ္ဂိုဏ္းသားမ်ား ခိုေအာင္းရာ ကမ္း႐ိုးတန္းၿမိဳ႕မွာ တိုက္ပြဲမ်ားျဖစ္ပြားျခင္းေၾကာင့္ ဂိုဏ္းဝင္သံသယရွိသူ ၅၀ ခန႔္ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီေနာက္ အၾကမ္းဖက္မႈေတြဟာ အနီးအ နားေဒသမ်ားထံ သီတင္းပတ္အတြင္း ပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူေနအိမ္မ်ား မီးတင္ရႈိ႕ျခင္း ခံရပါတယ္။

၂၀၂၄-ခုႏွစ္အစပိုင္း ေဟတီႏိုင္ငံရဲ႕ အၾကမ္းဖက္မႈမ်ားဟာ “ဂ်ီႏိုင္း မိသားစုႏွင့္ မဟာမိတ္မ်ား” FRG9 သို႔မ ဟုတ္ G9 နဲ႔ G-Pep ေခၚ ရာဇဝတ္ဂိုဏ္း ႏွစ္ခုတို႔အၾကား ၾသဇာလႊမ္းမိုးေရး စားက်က္လုတဲ့ တိုက္ပြဲမ်ား ျဖစ္ပါ တယ္။ ေဟတီအစိုးရကို ကူညီရန္ ကင္ညာႏိုင္ငံဦးေဆာင္ “ႏိုင္ငံစုံ လုံၿခဳံေရး ေထာက္ပံ့ေရးမစ္ရွင္”ကို ကုလသ မဂၢလုံၿခဳံေရးေကာင္စီက ခြင့္ျပဳၿပီးေနာက္ ေဖေဖၚဝါရီလမွာ အဲ့ဒီ ပူးေပါင္းသြားတဲ့ ဂိုဏ္း ၂-ခုဟာ ေတာ္လွန္ေရး သမား နာမည္ခံၿပီး ေဟတီအစိုးရနဲ႔ ကုလသမဂၢ မစ္ရွင္မ်ားအေပၚ ဆန႔္က်င္တိုက္ခိုက္လာၾကပါတယ္။

ေဟတီရဲ႕ သမိုင္းတစ္ေလွ်ာက္ အမ်ိဳးမ်ိဳးေသာ အာဏာသိမ္းမႈမ်ား၊ အစိုးရအေျပာင္း အလဲမ်ား၊ စစ္အာဏာ ရွင္မ်ား၊ ျပည္တြင္းပဋိပကၡမ်ားနဲ႔ ျပည့္ႏွက္ေနပါတယ္။ ျပည္ပ ဝင္ေရာက္စြက္ဖက္မႈမ်ားအျပင္ ျပင္းထန္တဲ့ မိုး႐ြာသြန္းျခင္း၊ ငလ်င္လႈပ္ျခင္းလို သဘာဝေဘးအႏၲရာယ္ေၾကာင့္ လူဦးေရ ၁၁-သန္းေက်ာ္သာရွိတဲ့ ျပင္သစ္ ကိုလိုနီေဟာင္း ႏိုင္ငံဟာ အက်ပ္အတည္းမ်ိဳးစုံနဲ႔ အ႐ုပ္ႀကိဳးျပတ္ျဖစ္ေနရပါတယ္။ မတ္လကတည္းက အေရးေပၚအေျခအေနျပဌာန္းထားရတဲ့ ႏိုင္ငံမွာ လက္နက္ကိုင္ ၏လုယက္မႈ၊ ေဖာက္ထြင္း မႈ၊ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ ႏိုင္ငံျခားသား အထူးသျဖင့္ အေမရိကန္ႏိုင္ငံသားတို႔ကို ျပန္ေပးဆြဲမႈမ်ား ျဖစ္ေပၚေနပါတယ္။

ယခု ေဟတီအစိုးရနဲ႔ ကုလသမဂၢကို အံတုေနတဲ့ ရာဇဝတ္ဂိုဏ္းေတြဟာ လြန္ခဲ့တဲ့ ႏွစ္မ်ားအတြင္း ေဟတီအစိုး ရအဖြဲ႕ဝင္မ်ား၊ လႊတ္ေတာ္အမတ္မ်ား၊ စီးပြားေရးသမားတို႔ရဲ႕ ခါးပိုက္ေဆာင္တပ္မ်ား ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ေသနတ္သမားေတြရဲ႕ ေျပာင္ေျပာင္တင္းတင္း ဥပေဒခ်ိဳးေဖာက္မႈေတြကို ေတာ္ယုံ အေရးယူမည့္သူ မရွိပဲ ဇက္ရဲလက္ရဲျဖစ္လာၾကပါတယ္။ ၂၀၂၁-ခုႏွစ္ သမၼတ မြိဳင္စီကို ႏိုင္ငံျခားေၾကးစားစစ္သားတို႔က လုပ္ႀကံသတ္ ျဖတ္ျခင္းနဲ႔အတူ ဂိုဏ္းအုပ္စုအ ခ်င္းခ်င္း တိုက္ခိုက္မႈ စားက်က္နယ္ေျမလုမႈမ်ားလည္း စတင္လာခဲ့ျခင္းျဖစ္ပါ တယ္။ သူတို႔ကေတာ့ အက်င့္ပ်က္ျခစားၿပီး အရည္အခ်င္း မျပည့္ဝတဲ့ ေဟတီအစိုးရကို ေတာ္လွန္ေနျခင္း ျဖစ္တယ္လို႔ ေျပာပါတယ္။

(AP News, 13 November 2024, “US prohibits airlines from flying to Haiti and UN suspends flights after planes were shot by gangs” ကို ဆီေလ်ာ္ေအာင္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.