မက္ကဆီကိုနိုင်ငံက ဘားတစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁၀)ဦး သေဆုံး

 374

Pika (NP News) - နိုဝင်ဘာ ၁၁

မက္ကဆီကိုနိုင်ငံ Queretaro မြို့မှာရှိတဲ့ ဘားတစ်ခုကို သေနတ်သမားတွေက ဝင်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူ(၁၀)ဦးသေဆုံးခဲ့ပြီး အခြားလူ(၇)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းလုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

သေနတ်သမားတွေဟာ Queretaro မြို့ သမိုင်းဝင်ခရိုင်မှာရှိတဲ့ Los Cantaritos ဘားအတွင်းကိုဝင်ရောက်ပြီး သေနတ်နဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Queretaro မြို့ ပြည်သူ့လုံခြုံရေးဌာနအကြီးအကဲ Juan Luis Ferrusca က ပြောကြားခဲ့ပါတယ်။
၎င်းက "အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေပြီဖြစ်ပြီး သေနတ်သမား အနည်းဆုံး(၄)ဦးဟာ ပစ်ကပ်ထရပ်ကားနဲ့အတူ ဘားရှေ့ကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘားအတွင်းမှာတော့ အနည်းဆုံး လူ(၁၀)ဦးသေဆုံးခဲ့ပြီး အခြားလူ(၇)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ တိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့တဲ့ ပစ်ကပ်ထရပ်ကားကို စွန့်ပစ်ပြီးမီးရှို့ဖျက်ဆီးထားတဲ့ပုံစံနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Juan Luis Ferrusca က ပြောကြားခဲ့ပါတယ်။ Queretaro မြို့ဟာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ဆက်နွယ်နေတဲ့အကြမ်းဖက်မှုတွေ ပျံ့နှံ့နေတဲ့ မက္ကဆီကိုနိုင်ငံမှာ လုံခြုံမှုရှိတဲ့မြို့တွေထဲက တစ်မြို့အဖြစ် သတ်မှတ်ခံထားရပေမယ့်လည်း ၂၀၀၆ ခုနှစ်ကနေစတင်ပြီး လက်ရှိအချိန်အထိ လူပေါင်း(၄၅၀၀၀၀)ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံက ဘားတစ္ခုမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၁၀)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၁

မကၠဆီကိုႏိုင္ငံ Queretaro ၿမိဳ႕မွာရွိတဲ့ ဘားတစ္ခုကို ေသနတ္သမားေတြက ဝင္ေရာက္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ရာ အနည္းဆုံးလူ(၁၀)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၇)ဦးေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသတြင္းလုံၿခဳံေရးအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ေသနတ္သမားေတြဟာ Queretaro ၿမိဳ႕ သမိုင္းဝင္ခ႐ိုင္မွာရွိတဲ့ Los Cantaritos ဘားအတြင္းကိုဝင္ေရာက္ၿပီး ေသနတ္နဲ႔ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ Queretaro ၿမိဳ႕ ျပည္သူ႔လုံၿခဳံေရးဌာနအႀကီးအကဲ Juan Luis Ferrusca က ေျပာၾကားခဲ့ပါတယ္။
၎က "အေရးေပၚဝန္ေဆာင္မႈအဖြဲ႕ေတြဟာ အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိေနၿပီျဖစ္ၿပီး ေသနတ္သမား အနည္းဆုံး(၄)ဦးဟာ ပစ္ကပ္ထရပ္ကားနဲ႔အတူ ဘားေရွ႕ကို ေရာက္ရွိလာခဲ့တာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဘားအတြင္းမွာေတာ့ အနည္းဆုံး လူ(၁၀)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၇)ဦးေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

အဲဒီပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး သံသယရွိသူတစ္ဦးကို ဖမ္းဆီးႏိုင္ခဲ့ကာ တိုက္ခိုက္မႈအတြင္း အသုံးျပဳခဲ့တဲ့ ပစ္ကပ္ထရပ္ကားကို စြန႔္ပစ္ၿပီးမီးရႈိ႕ဖ်က္ဆီးထားတဲ့ပုံစံနဲ႔ ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ Juan Luis Ferrusca က ေျပာၾကားခဲ့ပါတယ္။ Queretaro ၿမိဳ႕ဟာ မူးယစ္ေဆးဝါးေမွာင္ခိုေရာင္းဝယ္မႈ၊ ရာဇဝတ္ဂိုဏ္းေတြနဲ႔ဆက္ႏြယ္ေနတဲ့အၾကမ္းဖက္မႈေတြ ပ်ံ႕ႏွံ႔ေနတဲ့ မကၠဆီကိုႏိုင္ငံမွာ လုံၿခဳံမႈရွိတဲ့ၿမိဳ႕ေတြထဲက တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရေပမယ့္လည္း ၂၀၀၆ ခုႏွစ္ကေနစတင္ၿပီး လက္ရွိအခ်ိန္အထိ လူေပါင္း(၄၅၀၀၀၀)ေက်ာ္ သတ္ျဖတ္ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.