ရှမ်းမြောက်တွင် အထိနာနေသည့် TNLA က ကလေးစစ်သားစုဆောင်းခြင်းကို ယခင်ထက် ပိုမိုလုပ်ဆောင်နေ

 3483

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အထိနာနေသည့် TNLA က ကလေးစစ်သားစု ဆောင်းခြင်းကို ယခင်ထက် ပိုမိုလုပ်ဆောင်နေကြောင်း NP News က ရရှိထားသည့် အချက်အလက်များအရ သိရသည်။

TNLA လက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့အပါအဝင် အခြားမြို့များကို (၁၀၂၇) စစ်ဆင်ရေးဟုဆိုကာ တိုက်ပွဲများဖော်ဆောင်သိမ်းပိုက်ခဲ့သည်မှာ တစ်နှစ်ကျော်လာပြီဖြစ်သည်။ ထို့နောက် ပြီးခဲ့သည့်လပိုင်းမှစတင်ကာ တပ်မတော်က ပြန်လည်ထိုးစစ်စတင်ရာတွင် TNLA ဘက်မှ အကျအဆုံးများ ပြားခဲ့ပြီး ကလေးစစ်သားစုဆောင်းခြင်းကိုလည်း ယခင်ထက်ပိုမိုလုပ်ဆောင်လာနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရှောင်ဒေသခံတစ်ဦးက ဆိုသည်။

“အခုလိုအထိအခိုက်များတဲ့ကာလမှာ ပိုပြီးတော့ ကျင့်သုံးလာတယ်လို့ ပြောရမယ်။ တွင်တွင်ကျယ်ကျယ်ဖြစ်လာတဲ့အနေအထားပေါ့နော်။ သူတို့လူမျိုးချင်းကိုသူတို့ကျူးလွန်တဲ့အရာပေါ့။ TNLA လို့ ပြောလိုက်ပြီဆိုတာနဲ့ တချို့ပလောင်တွေတော့ မပါဘူး။ တောင်ပိုင်းက ပလောင်တွေဆိုရင် သူတို့ကို လုံးဝမထောက်ခံဘူး။ အခုကိစ္စကိုလည်း သူတို့အချင်းချင်းပဲလုပ်တယ်။ အရွယ်ရောက်လာလို့ရှိရင် (၁၁)နှစ်၊ (၁၂)နှစ်လောက်ဆိုရင် ခေါ်တယ်။ အရွယ်ရောက်လာရင် ရေခံမြေခံအရအစတည်းက စုဆောင်းထားတယ်။ အဲဒီမှာ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့တပ်သားအဖြစ်စုဆောင်းတယ်ပေါ့” ဟု ၎င်းကဆို သည်။

TNLA လက်နက်ကိုင်အဖွဲ့က ကလေးစစ်သားစုဆောင်းခြင်းကို ယခင်ကပင် လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်ဆောင်နိုင်သည့် အရွယ်ရောက်ရှိပါက စစ်သားစု ဆောင်းခြင်းကို စတင်ကြုံတွေ့နေရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ “သားသမီးမရဘူးဆိုရင် အဖေကိုခေါ်သွားတယ်။ ပြန်လာလို့ရှိရင် သူတို့သားသမီးက စစ်မှုထမ်းရတယ်ပေါ့။ သူတို့ချင်းသူတို့ချင်း စပြီးကျင့်သုံးလာကြတာပေါ့။ အခုကျောက်မဲအနေအထားမှာဆိုရင်လည်း တွေ့ရမှာပဲလေ။ ယောကျာ်းလေး ကလေးတွေပါတယ်။ ကလေးစစ်သားလို့ပဲ ပြောရမှာပေါ့လေ။ အခုနောက်ပိုင်းမှ ပိုပြီးတွင်ကျယ်လာတာပေါ့။ TNLA နဲ့ MNDAA ပေါ့။ TNLA ကတော့ ဟိုးအရင်တည်းက သူ့ရဲ့ပေါ်လစီက အဲဒီလိုပဲလေ။ ငယ်ငယ်က ကလေးကိုမကျွေးမွေးနိုင်ဘူးဆိုရင် ဘုန်းကြီးကျောင်းပို့တယ်။ အရွယ်လေးရောက်လာပြီဆိုရင် ဆွဲထုတ်။ သားဖြစ်သူက အရွယ်ရောက်ပြီး ရဟန်းဝတ်ပြီဆိုရင် ဖခင်ဖြစ်သူ၊ မိခင်ဖြစ်သူကို ဆွဲထုတ်။ ခေါ်သွားပြီးတော့ ဘုန်းကြီးဝတ်နေတဲ့လူကို ထွက် ခိုင်းတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

TNLA က ကလေးစစ်သားစုဆောင်းရာတွင် အသက်က(၁၀)နှစ်အရွယ် ကလေးငယ်အများစုပါဝင်ကြောင်း ကျောက်မဲမြို့မှစစ်ရှောင်လာသူအမျိုးသားတစ်ဦးက ဆိုသည်။

“ပလောင်ပြည်နယ်ရရှိရေးအတွက်ဆိုပြီး ဒီအာဏာမထိန်းခင်ကတည်းက သူ့ရဲ့ပေါ် လစီက အဲဒီအတိုင်းလာတာ။ ဟိုးအရင်တည်က အကောက်ကြံထားတဲ့သူရဲ့မူဝါဒဖြစ်တယ်။ အခုဆိုရင် နောင်ချိုဘက်မှာ အထိနာတဲ့ အခါမျိုးလည်းရှိတယ်။ နောက်ချိုဆိုရင် တော်တော်အထိနာပြီး မြို့တစ်ဝက်လောက်တောင် ပြန်ဆုတ်သွားကြပြီလေ။ တပ်မတော် ဘက်ကပြန်ပြီးတော့ သိမ်းနေတဲ့အနေအထားမှာ တောင်ရှိနေပြီဆိုတော့ အရင်ကထက်ပိုပြီးတော့ လူမျိုးရေးမူဝါဒတွေပိုလုပ်လာတယ်။ ပြီးတော့ ကျောက် မဲပေါ့။ ကျောက်မဲဘက်ဆိုရင်တော့ ပျူရှောရွာဆိုတဲ့ ပလောင်ရွာတွေမှာဆိုရင်တော့ ကျင့်သုံး တာက အခုမှမဟုတ်ဘူး။ အရင်တည်းက ကျင့်သုံးလာတဲ့အရာပါ” ဟု ၎င်းကဆိုသည်။

အလားတူ MNDAA လက်နက်ကိုင်အဖွဲ့ ကလည်း (၁၀၂၇)စစ်ဆင်ရေးဖော်ဆောင်ရာတွင် ကလေးစစ်သားအသုံးပြုမှုများရှိခဲ့ကြောင်း ပြီးခဲ့သည့်ကာလက လူမှုကွန်ရက်စာမျက်နှာများထက်တွင် တွေ့ရှိရသည့် သတင်းအချက်အလက်များအရ သိရသည်။

zawgyi version
ရွမ္းေျမာက္တြင္ အထိနာေနသည့္ TNLA က ကေလးစစ္သားစုေဆာင္းျခင္းကို ယခင္ထက္ ပိုမိုလုပ္ေဆာင္ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၂

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ အထိနာေနသည့္ TNLA က ကေလးစစ္သားစု ေဆာင္းျခင္းကို ယခင္ထက္ ပိုမိုလုပ္ေဆာင္ေနေၾကာင္း NP News က ရရွိထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

TNLA လက္နက္ကိုင္အဖြဲ႕က ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕အပါအဝင္ အျခားၿမိဳ႕မ်ားကို (၁၀၂၇) စစ္ဆင္ေရးဟုဆိုကာ တိုက္ပြဲမ်ားေဖာ္ေဆာင္သိမ္းပိုက္ခဲ့သည္မွာ တစ္ႏွစ္ေက်ာ္လာၿပီျဖစ္သည္။ ထို႔ေနာက္ ၿပီးခဲ့သည့္လပိုင္းမွစတင္ကာ တပ္မေတာ္က ျပန္လည္ထိုးစစ္စတင္ရာတြင္ TNLA ဘက္မွ အက်အဆုံးမ်ား ျပားခဲ့ၿပီး ကေလးစစ္သားစုေဆာင္းျခင္းကိုလည္း ယခင္ထက္ပိုမိုလုပ္ေဆာင္လာေနေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ စစ္ေရွာင္ေဒသခံတစ္ဦးက ဆိုသည္။

“အခုလိုအထိအခိုက္မ်ားတဲ့ကာလမွာ ပိုၿပီးေတာ့ က်င့္သုံးလာတယ္လို႔ ေျပာရမယ္။ တြင္တြင္က်ယ္က်ယ္ျဖစ္လာတဲ့အေနအထားေပါ့ေနာ္။ သူတို႔လူမ်ိဳးခ်င္းကိုသူတို႔က်ဴးလြန္တဲ့အရာေပါ့။ TNLA လို႔ ေျပာလိုက္ၿပီဆိုတာနဲ႔ တခ်ိဳ႕ပေလာင္ေတြေတာ့ မပါဘူး။ ေတာင္ပိုင္းက ပေလာင္ေတြဆိုရင္ သူတို႔ကို လုံးဝမေထာက္ခံဘူး။ အခုကိစၥကိုလည္း သူတို႔အခ်င္းခ်င္းပဲလုပ္တယ္။ အ႐ြယ္ေရာက္လာလို႔ရွိရင္ (၁၁)ႏွစ္၊ (၁၂)ႏွစ္ေလာက္ဆိုရင္ ေခၚတယ္။ အ႐ြယ္ေရာက္လာရင္ ေရခံေျမခံအရအစတည္းက စုေဆာင္းထားတယ္။ အဲဒီမွာ အ႐ြယ္ေရာက္လာတဲ့အခါ သူတို႔ရဲ႕တပ္သားအျဖစ္စုေဆာင္းတယ္ေပါ့” ဟု ၎ကဆို သည္။

TNLA လက္နက္ကိုင္အဖြဲ႕က ကေလးစစ္သားစုေဆာင္းျခင္းကို ယခင္ကပင္ လုပ္ ေဆာင္ခဲ့ျခင္းျဖစ္ၿပီး လက္နက္ကိုင္ေဆာင္ႏိုင္သည့္ အ႐ြယ္ေရာက္ရွိပါက စစ္သားစု ေဆာင္းျခင္းကို စတင္ႀကဳံေတြ႕ေနရေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ “သားသမီးမရဘူးဆိုရင္ အေဖကိုေခၚသြားတယ္။ ျပန္လာလို႔ရွိရင္ သူတို႔သားသမီးက စစ္မႈထမ္းရတယ္ေပါ့။ သူတို႔ခ်င္းသူတို႔ခ်င္း စၿပီးက်င့္သုံးလာၾကတာေပါ့။ အခုေက်ာက္မဲအေနအထားမွာဆိုရင္လည္း ေတြ႕ရမွာပဲေလ။ ေယာက်ာ္းေလး ကေလးေတြပါတယ္။ ကေလးစစ္သားလို႔ပဲ ေျပာရမွာေပါ့ေလ။ အခုေနာက္ပိုင္းမွ ပိုၿပီးတြင္က်ယ္လာတာေပါ့။ TNLA နဲ႔ MNDAA ေပါ့။ TNLA ကေတာ့ ဟိုးအရင္တည္းက သူ႔ရဲ႕ေပၚလစီက အဲဒီလိုပဲေလ။ ငယ္ငယ္က ကေလးကိုမေကြၽးေမြးႏိုင္ဘူးဆိုရင္ ဘုန္းႀကီးေက်ာင္းပို႔တယ္။ အ႐ြယ္ေလးေရာက္လာၿပီဆိုရင္ ဆြဲထုတ္။ သားျဖစ္သူက အ႐ြယ္ေရာက္ၿပီး ရဟန္းဝတ္ၿပီဆိုရင္ ဖခင္ျဖစ္သူ၊ မိခင္ျဖစ္သူကို ဆြဲထုတ္။ ေခၚသြားၿပီးေတာ့ ဘုန္းႀကီးဝတ္ေနတဲ့လူကို ထြက္ ခိုင္းတယ္”ဟု ၎ကဆက္လက္ေျပာသည္။

TNLA က ကေလးစစ္သားစုေဆာင္းရာတြင္ အသက္က(၁၀)ႏွစ္အ႐ြယ္ ကေလးငယ္အမ်ားစုပါဝင္ေၾကာင္း ေက်ာက္မဲၿမိဳ႕မွစစ္ေရွာင္လာသူအမ်ိဳးသားတစ္ဦးက ဆိုသည္။

“ပေလာင္ျပည္နယ္ရရွိေရးအတြက္ဆိုၿပီး ဒီအာဏာမထိန္းခင္ကတည္းက သူ႔ရဲ႕ေပၚ လစီက အဲဒီအတိုင္းလာတာ။ ဟိုးအရင္တည္က အေကာက္ႀကံထားတဲ့သူရဲ႕မူဝါဒျဖစ္တယ္။ အခုဆိုရင္ ေနာင္ခ်ိဳဘက္မွာ အထိနာတဲ့ အခါမ်ိဳးလည္းရွိတယ္။ ေနာက္ခ်ိဳဆိုရင္ ေတာ္ေတာ္အထိနာၿပီး ၿမိဳ႕တစ္ဝက္ေလာက္ေတာင္ ျပန္ဆုတ္သြားၾကၿပီေလ။ တပ္မေတာ္ ဘက္ကျပန္ၿပီးေတာ့ သိမ္းေနတဲ့အေနအထားမွာ ေတာင္ရွိေနၿပီဆိုေတာ့ အရင္ကထက္ပိုၿပီးေတာ့ လူမ်ိဳးေရးမူဝါဒေတြပိုလုပ္လာတယ္။ ၿပီးေတာ့ ေက်ာက္ မဲေပါ့။ ေက်ာက္မဲဘက္ဆိုရင္ေတာ့ ပ်ဴေရွာ႐ြာဆိုတဲ့ ပေလာင္႐ြာေတြမွာဆိုရင္ေတာ့ က်င့္သုံး တာက အခုမွမဟုတ္ဘူး။ အရင္တည္းက က်င့္သုံးလာတဲ့အရာပါ” ဟု ၎ကဆိုသည္။

အလားတူ MNDAA လက္နက္ကိုင္အဖြဲ႕ ကလည္း (၁၀၂၇)စစ္ဆင္ေရးေဖာ္ေဆာင္ရာတြင္ ကေလးစစ္သားအသုံးျပဳမႈမ်ားရွိခဲ့ေၾကာင္း ၿပီးခဲ့သည့္ကာလက လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ ေတြ႕ရွိရသည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.