ဂျိုးဘိုင်ဒန်က သမ္မတသက်တမ်းမကုန်ဆုံးမီ ယူကရိန်းအတွက် နောက်ထပ်ငွေကြေးတွေကို ဆက်လက်တောင်းခံနိုင်ဖွယ်ရှိနေ
1572
Pika (NP News) - နိုဝင်ဘာ ၁၂
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့ကျန်ရှိနေတဲ့ ရာထူးသက်တမ်းကာလအတွင်း ယူကရိန်းကို ငွေကြေးထောက်ပံ့ဖို့အတွက် ရန်ပုံငွေတွေဆက်လက်ရရှိဖို့ အယူခံဝင်လိမ့်မယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်က နိုဝင်ဘာလ(၁၁)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်အစိုးရဟာ လာမယ့်ဇန်နဝါရီလမှာ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က သမ္မတအဖြစ် တာဝန်မထမ်းဆောင်မီ ယူကရိန်းနဲ့ဆက်စပ်တဲ့ အသုံးစရိတ်အတွက် အမေရိကန်လွှတ်တော်ကနေ အတည်ပြုပေးနိုင်လောက်မယ့် ငွေကြေးတွေအားလုံးကို အသုံးပြုဖို့ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ဟာ ယူကရိန်းအတွက် အကူအညီတွေ ပေးအပ်မှုကို လျှော့ချဖို့ မျှော်မှန်းထားပြီး နေတိုးအဖွဲ့ရဲ့ ဥရောပအဖွဲ့ဝင်တွေကို ဝန်ထုပ်ဝန်ပိုးထမ်းခိုင်းတာမျိုး ဒါမှမဟုတ် ဆွေးနွေးပွဲတွေကနေတစ်ဆင့် ရုရှားနဲ့ငြိမ်းချမ်းရေးယူဖို့အတွက် ယူကရိန်းကို တွန်းအားပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။
ဂျိတ်ဆူလီဗန်က "ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းအတွက် ရန်ပုံငွေတွေရရှိဖို့ လွှတ်တော်ကို အယူခံဝင်ဖို့ ရက်ပေါင်း(၇၀)ကျော်အချိန်ရပါသေးတယ်။ ပြီးတော့နောက်တက်လာမယ့် သမ္မတကို အမေရိကန်က ယူကရိန်းပဋိပက္ခကနေ အဝေးကိုထွက်သွားတာဟာ ဥရောပမှာ မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်လာစေနိုင်တဲ့အတွက် အဝေးကိုထွက်မသွားဖို့အတွက် ပြောပြဖို့ အခွင့်အရေးရှိပါသေးတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့ရာထူးသက်တမ်းကာလမကုန်ဆုံးမီအချိန်အတွင်း ယူကရိန်းအတွက် လိုအပ်တဲ့အရင်းအမြစ်တွေအားလုံးကို ရရှိအောင် လုပ်ဆောင်သွားလိမ့်မယ်လို့လည်း ဂျိတ်ဆူလီဗန်ကပြောကြားခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်အစိုးရဟာ ရုရှားကိုအနိုင်ယူနိုင်မယ့်အချိန်အထိ ယူကရိန်းနဲ့အတူ ရေရှည်ရပ်တည်သွားမယ်လို့ ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းကို အနောက်အုပ်စုနိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ ကူညီပံ့ပိုးပေးမှုဟာ ပဋိပက္ခကို ပိုမိုရှည်ကြာစေပြီး သွေးထွက်သံယိုမှုတွေကိုသာ ပိုမိုဖြစ်ပွားလာစေလိမ့်မယ်လို့ ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ပါတယ်။
zawgyi version
ဂ်ိဳးဘိုင္ဒန္က သမၼတသက္တမ္းမကုန္ဆုံးမီ ယူကရိန္းအတြက္ ေနာက္ထပ္ေငြေၾကးေတြကို ဆက္လက္ေတာင္းခံႏိုင္ဖြယ္ရွိေန
Pika (NP News) - ႏိုဝင္ဘာ ၁၂
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ၎ရဲ႕က်န္ရွိေနတဲ့ ရာထူးသက္တမ္းကာလအတြင္း ယူကရိန္းကို ေငြေၾကးေထာက္ပံ့ဖို႔အတြက္ ရန္ပုံေငြေတြဆက္လက္ရရွိဖို႔ အယူခံဝင္လိမ့္မယ္လို႔ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပးဂ်ိတ္ဆူလီဗန္က ႏိုဝင္ဘာလ(၁၁)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဂ်ိဳးဘိုင္ဒန္အစိုးရဟာ လာမယ့္ဇန္နဝါရီလမွာ ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က သမၼတအျဖစ္ တာဝန္မထမ္းေဆာင္မီ ယူကရိန္းနဲ႔ဆက္စပ္တဲ့ အသုံးစရိတ္အတြက္ အေမရိကန္လႊတ္ေတာ္ကေန အတည္ျပဳေပးႏိုင္ေလာက္မယ့္ ေငြေၾကးေတြအားလုံးကို အသုံးျပဳဖို႔ရည္႐ြယ္ထားတယ္လို႔လည္း သိရပါတယ္။ ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ဟာ ယူကရိန္းအတြက္ အကူအညီေတြ ေပးအပ္မႈကို ေလွ်ာ့ခ်ဖို႔ ေမွ်ာ္မွန္းထားၿပီး ေနတိုးအဖြဲ႕ရဲ႕ ဥေရာပအဖြဲ႕ဝင္ေတြကို ဝန္ထုပ္ဝန္ပိုးထမ္းခိုင္းတာမ်ိဳး ဒါမွမဟုတ္ ေဆြးေႏြးပြဲေတြကေနတစ္ဆင့္ ႐ုရွားနဲ႔ၿငိမ္းခ်မ္းေရးယူဖို႔အတြက္ ယူကရိန္းကို တြန္းအားေပးတာမ်ိဳးေတြ ျဖစ္လာႏိုင္တယ္လို႔လည္း သိရပါတယ္။
ဂ်ိတ္ဆူလီဗန္က "ဂ်ိဳးဘိုင္ဒန္ဟာ ယူကရိန္းအတြက္ ရန္ပုံေငြေတြရရွိဖို႔ လႊတ္ေတာ္ကို အယူခံဝင္ဖို႔ ရက္ေပါင္း(၇၀)ေက်ာ္အခ်ိန္ရပါေသးတယ္။ ၿပီးေတာ့ေနာက္တက္လာမယ့္ သမၼတကို အေမရိကန္က ယူကရိန္းပဋိပကၡကေန အေဝးကိုထြက္သြားတာဟာ ဥေရာပမွာ မတည္ၿငိမ္မႈေတြကို ျဖစ္ေပၚလာေစႏိုင္တဲ့အတြက္ အေဝးကိုထြက္မသြားဖို႔အတြက္ ေျပာျပဖို႔ အခြင့္အေရးရွိပါေသးတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဂ်ိဳးဘိုင္ဒန္ဟာ ၎ရဲ႕ရာထူးသက္တမ္းကာလမကုန္ဆုံးမီအခ်ိန္အတြင္း ယူကရိန္းအတြက္ လိုအပ္တဲ့အရင္းအျမစ္ေတြအားလုံးကို ရရွိေအာင္ လုပ္ေဆာင္သြားလိမ့္မယ္လို႔လည္း ဂ်ိတ္ဆူလီဗန္ကေျပာၾကားခဲ့ပါတယ္။ ဂ်ိဳးဘိုင္ဒန္အစိုးရဟာ ႐ုရွားကိုအႏိုင္ယူႏိုင္မယ့္အခ်ိန္အထိ ယူကရိန္းနဲ႔အတူ ေရရွည္ရပ္တည္သြားမယ္လို႔ ကတိျပဳခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမဲ့လည္း ယူကရိန္းကို အေနာက္အုပ္စုႏိုင္ငံေတြက စစ္လက္နက္ပစၥည္းေတြ ကူညီပံ့ပိုးေပးမႈဟာ ပဋိပကၡကို ပိုမိုရွည္ၾကာေစၿပီး ေသြးထြက္သံယိုမႈေတြကိုသာ ပိုမိုျဖစ္ပြားလာေစလိမ့္မယ္လို႔ ႐ုရွားဘက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့ပါတယ္။