ရခိုင်ပြည်နယ်တွင် လူပေါင်း ၂ သန်းခန့် အငတ်ဘေးဖြင့်ရင်ဆိုင်ရဖွယ်ရှိနေဟု ကုလသမဂ္ဂ သတိပေး

 592

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၉

တိုက်ပွဲများအရှိန်မြင့်ဖြစ်ပွားလာခြင်း နှင့် ကုန်သွယ်ရေးပိတ်ဆို့ခံရခြင်းများကြောင့် ရခိုင်ပြည်နယ်တွင် လူပေါင်း ၂ သန်းခန့် အငတ်ဘေးနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP က သတိပေးပြောဆိုလိုက်သည်။
တိုက်ပွဲဖြစ်ပွားမှုအရှိန်မြင့်တက်လာခြင်းကြောင့် ကုန်သွယ်ရေးလမ်းများပိတ်ဆို့ခြင်း၊ ဒေသခံတွေအလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးကာ ဝင်ငွေလျော့နည်းခြင်း၊ ဆန်စပါးစိုက်ပျိုးမှု အထွက်နှုန်းနည်းခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းများကြောင့် ရခိုင်ပြည်နယ်မှာနေထိုင်နေသူအများအပြား အခက်အခဲများစွာဖြစ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် အစားအစာ လိုအပ်ချက်မြင့်တက်လာခြင်းကြောင့် လူအချို့က ဖွဲ့နုတွေကို စားသုံးရခြင်းတွေ လည်းရှိလာနေကြောင်း UNDP အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

UNDP အဖွဲ့ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကန်နီ ဝီဂနာရာဂျာက "ရခိုင်ပြည်နယ်မှာ အလုံးစုံအခြေနေတွေကြောင့် စီးပွားရေးပြိုလဲမှုတွေ ဖြစ်လာဖွယ်ရှိနေပါတယ်။ ဒီလိုမျိုး စီးပွားရေးအခက်ခဲဖြစ်နေတာကို ရခိုင်ပြည်နယ်မှာ ယခင်တုန်းက မတွေ့မြင်ခဲ့ဘူး။ ရခိုင်ပြည်နယ်မှာလူပေါင်း ၂ သန်းခန့် အစားအစာလိုအပ်ချက်တွေနဲ့ အငတ်ဘေး တွေ့ကြုံရဖွယ်ရှိနေပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့အိမ်ထောင်စုတွေထဲက အများစုဟာ အစားအစာ လျော့စားရတာတွေ ရှိနေတယ်။ တစ်ရက်ကို အသားဟင်းနဲ့ စားတာလျော့စားလာရတယ်။ ဒါကြောင့် ရခိုင် ပြည်နယ်အတွင်းမှာ နေထိုင်သူတွေဟာ အတိုးနဲ့ ငွေကြေးချေးငှားတာတွေလုပ်ဆောင်ခဲ့ရတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စုအားလုံး၏ တစ်ဝက်ကျော်လူဦးရေ ၁ ဒသမ ၄ သန်းကျော်က လစဉ်ဝင်ငွေရမှုလျောနည်းခဲ့ပြီး ယခင်က တစ်လကို ကျပ်ငွေ ၆၆၀၀၀ ကျော် ရရှိခဲ့ရာမှ လက်ရှိတွင် ကျပ်ငွေ ၄၆၆၂၀ ကျပ်သာရရှိခဲ့ကြောင်း၊ ထိုဝင်ငွေက ဆန် ဝယ်ယူရေး အတွက်သာ အဓိက အသုံးပြုခဲ့ရပြီး အခြားအခြေခံစားသောက်ကုန်၊ အိမ်ငှားခ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးပြုနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း UNDP အဖွဲ့က ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမတိုင်ခင်က တိုက်ပွဲများဖြစ်ပွားမှုနည်းပါးခဲ့သော်လည်း ရခိုင် AA လက်နက်ကိုင်အဖွဲ့က နစက တပ်စခန်းတွေကို တစ်ဖက်သတ် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့ပြီး လက်ရှိအချိန်တွင်လည်း အမ်း၊ နခခ ၅ ၊ တောင်ကုတ်၊ ဂွမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

Zawgyi Version;
ရခိုင္ျပည္နယ္တြင္ လူေပါင္း ၂ သန္းခန႔္ အငတ္ေဘးျဖင့္ရင္ဆိုင္ရဖြယ္ရွိေနဟု ကုလသမဂၢ သတိေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၉

တိုက္ပြဲမ်ားအရွိန္ျမင့္ျဖစ္ပြားလာျခင္း ႏွင့္ ကုန္သြယ္ေရးပိတ္ဆို႔ခံရျခင္းမ်ားေၾကာင့္ ရခိုင္ျပည္နယ္တြင္ လူေပါင္း ၂ သန္းခန႔္ အငတ္ေဘးႏွင့္ ရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း ကုလသမဂၢဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္ UNDP က သတိေပးေျပာဆိုလိုက္သည္။
တိုက္ပြဲျဖစ္ပြားမႈအရွိန္ျမင့္တက္လာျခင္းေၾကာင့္ ကုန္သြယ္ေရးလမ္းမ်ားပိတ္ဆို႔ျခင္း၊ ေဒသခံေတြအလုပ္အကိုင္ အခြင့္အလမ္းဆုံးရႈံးကာ ဝင္ေငြေလ်ာ့နည္းျခင္း၊ ဆန္စပါးစိုက္ပ်ိဳးမႈ အထြက္ႏႈန္းနည္းျခင္း၊ ေငြေၾကးေဖာင္းပြမႈ ျမင့္တက္ျခင္းမ်ားေၾကာင့္ ရခိုင္ျပည္နယ္မွာေနထိုင္ေနသူအမ်ားအျပား အခက္အခဲမ်ားစြာျဖစ္ေနေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္တြင္ အစားအစာ လိုအပ္ခ်က္ျမင့္တက္လာျခင္းေၾကာင့္ လူအခ်ိဳ႕က ဖြဲ႕ႏုေတြကို စားသုံးရျခင္းေတြ လည္းရွိလာေနေၾကာင္း UNDP အဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

UNDP အဖြဲ႕ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ ကန္နီ ဝီဂနာရာဂ်ာက "ရခိုင္ျပည္နယ္မွာ အလုံးစုံအေျခေနေတြေၾကာင့္ စီးပြားေရးၿပိဳလဲမႈေတြ ျဖစ္လာဖြယ္ရွိေနပါတယ္။ ဒီလိုမ်ိဳး စီးပြားေရးအခက္ခဲျဖစ္ေနတာကို ရခိုင္ျပည္နယ္မွာ ယခင္တုန္းက မေတြ႕ျမင္ခဲ့ဘူး။ ရခိုင္ျပည္နယ္မွာလူေပါင္း ၂ သန္းခန႔္ အစားအစာလိုအပ္ခ်က္ေတြနဲ႔ အငတ္ေဘး ေတြ႕ႀကဳံရဖြယ္ရွိေနပါတယ္။ စစ္တမ္းေကာက္ယူခဲ့တဲ့အိမ္ေထာင္စုေတြထဲက အမ်ားစုဟာ အစားအစာ ေလ်ာ့စားရတာေတြ ရွိေနတယ္။ တစ္ရက္ကို အသားဟင္းနဲ႔ စားတာေလ်ာ့စားလာရတယ္။ ဒါေၾကာင့္ ရခိုင္ ျပည္နယ္အတြင္းမွာ ေနထိုင္သူေတြဟာ အတိုးနဲ႔ ေငြေၾကးေခ်းငွားတာေတြလုပ္ေဆာင္ခဲ့ရတယ္" ဟု ေျပာသည္။

ရခိုင္ျပည္နယ္မွာ ၂၀၂၃ ခုႏွစ္အတြင္း တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ရခိုင္ျပည္နယ္ရွိ အိမ္ေထာင္စုအားလုံး၏ တစ္ဝက္ေက်ာ္လူဦးေရ ၁ ဒသမ ၄ သန္းေက်ာ္က လစဥ္ဝင္ေငြရမႈေလ်ာနည္းခဲ့ၿပီး ယခင္က တစ္လကို က်ပ္ေငြ ၆၆၀၀၀ ေက်ာ္ ရရွိခဲ့ရာမွ လက္ရွိတြင္ က်ပ္ေငြ ၄၆၆၂၀ က်ပ္သာရရွိခဲ့ေၾကာင္း၊ ထိုဝင္ေငြက ဆန္ ဝယ္ယူေရး အတြက္သာ အဓိက အသုံးျပဳခဲ့ရၿပီး အျခားအေျခခံစားေသာက္ကုန္၊ အိမ္ငွားခ၊ သယ္ယူပို႔ေဆာင္ေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ အသုံးျပဳႏိုင္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း UNDP အဖြဲ႕က ေဖာ္ျပထားသည္။

ရခိုင္ျပည္နယ္တြင္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလမတိုင္ခင္က တိုက္ပြဲမ်ားျဖစ္ပြားမႈနည္းပါးခဲ့ေသာ္လည္း ရခိုင္ AA လက္နက္ကိုင္အဖြဲ႕က နစက တပ္စခန္းေတြကို တစ္ဖက္သတ္ ထိုးစစ္ဆင္တိုက္ခိုက္လာခဲ့ၿပီးေနာက္ ရခိုင္ျပည္နယ္တြင္ တိုက္ပြဲျဖစ္ပြားမႈ အရွိန္ျမင့္တက္လာခဲ့ၿပီး လက္ရွိအခ်ိန္တြင္လည္း အမ္း၊ နခခ ၅ ၊ ေတာင္ကုတ္၊ ဂြၿမိဳ႕တို႔တြင္ တိုက္ပြဲမ်ားျဖစ္ပြားေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.