အညာဒေသက လက်နက်ကိုင်များအကြား စည်းလုံးမှုပျက်ပြားနေကြောင်း BNRA ခေါင်းဆောင်ဗိုလ်နဂါး ဝန်ခံ
4801
သုတကျော် (NP News) - နိုဝင်ဘာ ၉
အညာဒေသ က လက်နက်ကိုင်များအကြား စည်းလုံးမှုပျက်ပြားနေကြောင်း BNRA ခေါင်းဆောင်ဗိုလ်နဂါးက အွန်လိုင်းမှတဆင့် ပြုလုပ်သောဆွေးနွေးမှုတစ်ခုတွင် စိတ်ပျက်စွာဖြင့် ဝန်ခံခဲ့သည်။
အညာဒေသတွင် လက်နက်ကိုင် အဖွဲ့ အများအပြား ရှိနေသော်လည်း NUG နှင့် အဆိုပါ လက်နက်ကိုင်အဖွဲ့များ အကြား ပွတ်တိုက်မှု ရှိနေသည်သာမက အထက်ပါ လက်နက်ကိုင်အဖွဲ့များအကြားတွင်လည်း ရံဖန်ရံခါ ပွတ်တိုက် မှုများ ရှိနေခြင်းဖြစ်သည်။
ထို့အပြင် အညာဒေသရှိ NUG ၏ ပကဖ၊ ပအဖ များ၏ တရားမဲ့ပြုကျင့်မှုများအကြောင်းလည်း မကြာခဏ သတင်းထွက်ပေါ်လေ့ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က BNRA အဖွဲ့ဝင် အချို့ ခင်ဦးမြို့နယ်က ကျေးရွာတစ်ရွာတွင် သေနတ် သုံးချက် ပစ်ဖောက်အလေးပြုသည့်အတွက်ဟုဆိုကာ NUG လက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း (၃) က BNRA အဖွဲ့ဝင် ၂၂ ဦး နှင့် ပြည်သူအချို့ကို အင်အားသုံး ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ယခုအခါ ပြန်လွှတ်သည်ဟု ဆိုသော်လည်း အဆိုပါအဖွဲ့ဝင်များကို BNRA နှင့် မဆက်သွယ်စေတော့ပဲ သီးခြားထားကြောင်း အထက်ပါ ဆွေးနွေးမှုတွင် ဗိုလ်နဂါးက ရင်ဖွင့်သည်။
“ရဲဘော်တွေလည်း ပြန်လွှတ်တယ်။ ပြည်သူတွေလည်း ပြန်လွတ်တယ်။ BNRA အောက် ပြန်မဝင်ရဘူး၊ BNRA နဲ့ အဆက်အသွယ်မလုပ်ရဘူး ဆိုတာပါနေတော့ ဆက်သွယ်လို့တော့ မရဘူး။ လွတ်သွားတယ် ဆိုပေမယ့် ရဲဘော်တွေ ထားတဲ့ ရွာကိုလည်း ဘန်ကာ ကတုပ်ကျင်း ထားထားတယ်” ဟု ဗိုလ်နဂါး က ဆိုသည်။
လက်ရှိ အနေအထားတွင် အညာဒေသ၌ ညီညွတ်ရေး ရရှိရန်အတွက် ကြိုးပမ်းနေကြသော်လည်း ကျော်လွှား ရမည့် အခြေအနေများ ရှိနေသည့်အတွက် ရုတ်ခြည်းဖြစ်မလာကြောင်း ၎င်းက အရိပ်အမြွတ်ဆိုကာ မည်သည့် အကြောင်းအရာဖြစ်သည်ဆိုသောအချက်ကိုမူ အတိအကျ ပြောကြားသွားခြင်း မရှိပေ။
“အဖွဲ့များလာပေမယ့် စုစည်းမှုကတော့ မရနိုင်သေးဘူး” ဟု ဗိုလ်နဂါးက ဆိုသည်။
လက်ရှိ အဆင်ပြေသကဲ့သို့ ပူးပေါင်းလုပ်နေကြသော်လည်း ခိုင်ခိုင်မာမာစုစည်းလုပ်ဆောင်ခြင်း အားနည်းကြောင်း လည်း ၎င်းက ဝန်ခံသည်။
“စုစည်းမှုကတော့ ဘယ်လိုနေနေ တနည်းမဟုတ်တနည်းတော့ ရှိနေမှာ။ ဒါပေမယ့် ဒီစုစည်းမှုက ရှင်းရှင်း ပြောရရင် ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ဆီ ရောက်မယ့် စုစည်းမှုလား၊ သို့မဟုတ် အကျိုးစီးပွား စုစည်းမှုလား ဆိုတာတော့ စဉ်းစားရမှာပေါ့။ ဒီစကားက နည်းနည်းတော့ ကြမ်းတော့ ကြမ်းကောင်း ကြမ်းသွား လိမ့်မယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ မြင်လို့ပြောရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
Zawgyi Version;
အညာေဒသက လက္နက္ကိုင္မ်ားအၾကား စည္းလုံးမႈပ်က္ျပားေနေၾကာင္း BNRA ေခါင္းေဆာင္ဗိုလ္နဂါး ဝန္ခံ
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၉
အညာေဒသ က လက္နက္ကိုင္မ်ားအၾကား စည္းလုံးမႈပ်က္ျပားေနေၾကာင္း BNRA ေခါင္းေဆာင္ဗိုလ္နဂါးက အြန္လိုင္းမွတဆင့္ ျပဳလုပ္ေသာေဆြးေႏြးမႈတစ္ခုတြင္ စိတ္ပ်က္စြာျဖင့္ ဝန္ခံခဲ့သည္။
အညာေဒသတြင္ လက္နက္ကိုင္ အဖြဲ႕ အမ်ားအျပား ရွိေနေသာ္လည္း NUG ႏွင့္ အဆိုပါ လက္နက္ကိုင္အဖြဲ႕မ်ား အၾကား ပြတ္တိုက္မႈ ရွိေနသည္သာမက အထက္ပါ လက္နက္ကိုင္အဖြဲ႕မ်ားအၾကားတြင္လည္း ရံဖန္ရံခါ ပြတ္တိုက္ မႈမ်ား ရွိေနျခင္းျဖစ္သည္။
ထို႔အျပင္ အညာေဒသရွိ NUG ၏ ပကဖ၊ ပအဖ မ်ား၏ တရားမဲ့ျပဳက်င့္မႈမ်ားအေၾကာင္းလည္း မၾကာခဏ သတင္းထြက္ေပၚေလ့ရွိသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၈ ရက္က BNRA အဖြဲ႕ဝင္ အခ်ိဳ႕ ခင္ဦးၿမိဳ႕နယ္က ေက်း႐ြာတစ္႐ြာတြင္ ေသနတ္ သုံးခ်က္ ပစ္ေဖာက္အေလးျပဳသည့္အတြက္ဟုဆိုကာ NUG လက္ေအာက္ခံ ေ႐ႊဘိုခ႐ိုင္တပ္ရင္း (၃) က BNRA အဖြဲ႕ဝင္ ၂၂ ဦး ႏွင့္ ျပည္သူအခ်ိဳ႕ကို အင္အားသုံး ဖမ္းဆီးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ယခုအခါ ျပန္လႊတ္သည္ဟု ဆိုေသာ္လည္း အဆိုပါအဖြဲ႕ဝင္မ်ားကို BNRA ႏွင့္ မဆက္သြယ္ေစေတာ့ပဲ သီးျခားထားေၾကာင္း အထက္ပါ ေဆြးေႏြးမႈတြင္ ဗိုလ္နဂါးက ရင္ဖြင့္သည္။
“ရဲေဘာ္ေတြလည္း ျပန္လႊတ္တယ္။ ျပည္သူေတြလည္း ျပန္လြတ္တယ္။ BNRA ေအာက္ ျပန္မဝင္ရဘူး၊ BNRA နဲ႔ အဆက္အသြယ္မလုပ္ရဘူး ဆိုတာပါေနေတာ့ ဆက္သြယ္လို႔ေတာ့ မရဘူး။ လြတ္သြားတယ္ ဆိုေပမယ့္ ရဲေဘာ္ေတြ ထားတဲ့ ႐ြာကိုလည္း ဘန္ကာ ကတုပ္က်င္း ထားထားတယ္” ဟု ဗိုလ္နဂါး က ဆိုသည္။
လက္ရွိ အေနအထားတြင္ အညာေဒသ၌ ညီၫြတ္ေရး ရရွိရန္အတြက္ ႀကိဳးပမ္းေနၾကေသာ္လည္း ေက်ာ္လႊား ရမည့္ အေျခအေနမ်ား ရွိေနသည့္အတြက္ ႐ုတ္ျခည္းျဖစ္မလာေၾကာင္း ၎က အရိပ္အႁမြတ္ဆိုကာ မည္သည့္ အေၾကာင္းအရာျဖစ္သည္ဆိုေသာအခ်က္ကိုမူ အတိအက် ေျပာၾကားသြားျခင္း မရွိေပ။
“အဖြဲ႕မ်ားလာေပမယ့္ စုစည္းမႈကေတာ့ မရႏိုင္ေသးဘူး” ဟု ဗိုလ္နဂါးက ဆိုသည္။
လက္ရွိ အဆင္ေျပသကဲ့သို႔ ပူးေပါင္းလုပ္ေနၾကေသာ္လည္း ခိုင္ခိုင္မာမာစုစည္းလုပ္ေဆာင္ျခင္း အားနည္းေၾကာင္း လည္း ၎က ဝန္ခံသည္။
“စုစည္းမႈကေတာ့ ဘယ္လိုေနေန တနည္းမဟုတ္တနည္းေတာ့ ရွိေနမွာ။ ဒါေပမယ့္ ဒီစုစည္းမႈက ရွင္းရွင္း ေျပာရရင္ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ႏိုင္ငံေရး ရည္မွန္းခ်က္ဆီ ေရာက္မယ့္ စုစည္းမႈလား၊ သို႔မဟုတ္ အက်ိဳးစီးပြား စုစည္းမႈလား ဆိုတာေတာ့ စဥ္းစားရမွာေပါ့။ ဒီစကားက နည္းနည္းေတာ့ ၾကမ္းေတာ့ ၾကမ္းေကာင္း ၾကမ္းသြား လိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ အေနနဲ႔ ျမင္လို႔ေျပာရတာ ျဖစ္ပါတယ္” ဟု ၎က ေျပာသည္။