အမေရိကန်က ယူကရိန်းကို စွန့်ပစ်သွားလိမ့်မယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဝေဖန်

 926

Pika (NP News) - နိုဝင်ဘာ ၉

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့နိုင်ငံကို ယူကရိန်းပဋိပက္ခကနေ ဆွဲထုတ်သွားပြီး ဥရောပသမဂ္ဂခေါင်းဆောင်တွေကို ခက်ခဲတဲ့အနေအထားတွေမှာ ချန်ထားရစ်ခဲ့လိမ့်မယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တောအော်ဗန်က ပြောကြားခဲ့ပါတယ်။
ဗစ်တောအော်ဗန်က "ယူကရိန်းရှေ့တန်းစစ်မြေမျက်နှာပြင်မှာ ဖြစ်ပွားနေတဲ့အခြေအနေတွေက သိရပါတယ်။ အမေရိကန်တွေဟာ ဒီစစ်ပွဲကနေ နှုတ်ထွက်သွားပါလိ့မ်မယ်။ ဥရောပတစ်ခုတည်းက ဒီစစ်ပွဲကို ငွေကြေး ထောက်ပံ့နိုင်မှာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။

အချို့ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ အကြောင်းအရင်းတစ်ချို့ကြောင့် ယူကရိန်းကို ငွေကြေးတွေ ဆက်လက် ထောက်ပံ့ပေးလိုနေပေမယ့်လည်း ဒီလိုမျိုးထင်မြင်ယူဆချက်တွေကြားထဲမှာ တိတ်ဆိတ်မှုက ကြီးထွားလာနေ တယ်လို့ ဗစ်တောအော်ဗန်ကပြောကြားခဲ့ပါတယ်။ ယခုသီတင်းပတ်အစောပိုင်းက ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲအတွက် ဗစ်တောအော်ဗန်ရဲ့ခန့်မှန်းပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါ့ပြင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရ မယ်ဆိုရင် ရုရှား-ယူကရိန်းပဋိပက္ခကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မှုနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးအတွက် ကြီးမားတဲ့အပြောင်းအလဲတွေကို မျှော်လင့်ထား တယ်လို့လည်း ဗစ်တောအော်ဗန်ကပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ယူကရိန်းအောင်ပွဲအတွက် တွန်းအားပေးနေခဲ့ကြတဲ့ နိုင်ငံရေးသမားတွေဟာ လက်ရှိအချိန်မှာ ကသိ ကအောက်ဖြစ်စေတဲ့အခြေအနေကို ကြုံတွေ့နေရပြီး ဒီလိုရလဒ်မျိုးက ဖြစ်လာနိုင်တယ်ဆိုတာကို ၎င်းတို့ ကိုယ်တိုင်အမြဲတမ်းသိနေခဲ့တယ်လို့လည်း ဗစ်တောအော်ဗန်က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္က ယူကရိန္းကို စြန႔္ပစ္သြားလိမ့္မယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ေဝဖန္
Pika (NP News) - ႏိုဝင္ဘာ ၉

အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ဟာ ၎ရဲ႕ႏိုင္ငံကို ယူကရိန္းပဋိပကၡကေန ဆြဲထုတ္သြားၿပီး ဥေရာပသမဂၢေခါင္းေဆာင္ေတြကို ခက္ခဲတဲ့အေနအထားေတြမွာ ခ်န္ထားရစ္ခဲ့လိမ့္မယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္ေတာေအာ္ဗန္က ေျပာၾကားခဲ့ပါတယ္။
ဗစ္ေတာေအာ္ဗန္က "ယူကရိန္းေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မွာ ျဖစ္ပြားေနတဲ့အေျခအေနေတြက သိရပါတယ္။ အေမရိကန္ေတြဟာ ဒီစစ္ပြဲကေန ႏႈတ္ထြက္သြားပါလိ့မ္မယ္။ ဥေရာပတစ္ခုတည္းက ဒီစစ္ပြဲကို ေငြေၾကး ေထာက္ပံ့ႏိုင္မွာ မဟုတ္ပါဘူး" လို႔ ေျပာခဲ့ပါတယ္။

အခ်ိဳ႕ဥေရာပသမဂၢေခါင္းေဆာင္ေတြဟာ အေၾကာင္းအရင္းတစ္ခ်ိဳ႕ေၾကာင့္ ယူကရိန္းကို ေငြေၾကးေတြ ဆက္လက္ ေထာက္ပံ့ေပးလိုေနေပမယ့္လည္း ဒီလိုမ်ိဳးထင္ျမင္ယူဆခ်က္ေတြၾကားထဲမွာ တိတ္ဆိတ္မႈက ႀကီးထြားလာေန တယ္လို႔ ဗစ္ေတာေအာ္ဗန္ကေျပာၾကားခဲ့ပါတယ္။ ယခုသီတင္းပတ္အေစာပိုင္းက က်င္းပခဲ့တဲ့ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ အႏိုင္ရရွိခဲ့ၿပီးေနာက္ အေမရိကန္ရဲ႕ႏိုင္ငံျခားေရးမူဝါဒအေျပာင္းအလဲအတြက္ ဗစ္ေတာေအာ္ဗန္ရဲ႕ခန႔္မွန္းေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဒါ့ျပင္ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရ မယ္ဆိုရင္ ႐ုရွား-ယူကရိန္းပဋိပကၡကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္သြားေအာင္ လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့မႈနဲ႔အတူ ကမာၻႀကီးတစ္ခုလုံးအတြက္ ႀကီးမားတဲ့အေျပာင္းအလဲေတြကို ေမွ်ာ္လင့္ထား တယ္လို႔လည္း ဗစ္ေတာေအာ္ဗန္ကေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ယူကရိန္းေအာင္ပြဲအတြက္ တြန္းအားေပးေနခဲ့ၾကတဲ့ ႏိုင္ငံေရးသမားေတြဟာ လက္ရွိအခ်ိန္မွာ ကသိ ကေအာက္ျဖစ္ေစတဲ့အေျခအေနကို ႀကဳံေတြ႕ေနရၿပီး ဒီလိုရလဒ္မ်ိဳးက ျဖစ္လာႏိုင္တယ္ဆိုတာကို ၎တို႔ ကိုယ္တိုင္အၿမဲတမ္းသိေနခဲ့တယ္လို႔လည္း ဗစ္ေတာေအာ္ဗန္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.