ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ စေ့စပ်ဆွေးနွေးပေးတဲ့နိုင်ငံအဖြစ် ပါဝင်ခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကာတာ ကြေညာ
1409
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁ဝ
ကာတာနိုင်ငံဟာ အစ္စရေး နဲ့ ဟားမက်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ ကြားဝင်စေ့စပ်ပေးတဲ့ နိုင်ငံ အဖြစ် ပါဝင်နေခြင်းကို ဆိုင်းငံလိုက်ကြောင်း သိရပါတယ်။
အစ္စရေး နဲ့ ဟားမက်တို့ဟာ အပစ်ခတ်ရပ်စဲရေး အမှန်တကယ်ရလိုတဲ့ဆန္ဒကို ပြသနိုင်မှသာ ကြားဝင်စေ့စပ်ပေးတဲ့ နိုင်ငံအဖြစ် ပြန်လည်ပါဝင်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် ကာတာနိုင်ငံဟာ အမေရိကန်l အီဂျစ်နိုင်ငံတို့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာပါ။ အမေရိကန်အစိုးရက ဟားမက်ကိုယ်စားလှယ်များကို ကာတာနိုင်ငံတွင် အချိန်အတန်ကြာ လက်ခံတွေ့ဆုံမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပြီးနောက် ကာတာက ယင်းကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်ပါတယ်။
ကာတာနိုင်ငံဟာ ဟားမက်အဖွဲ့ ကို နိုင်ငံအတွင်း ရုံးခန်း ဖွင့်ခွင့်ပြုထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဟားမက်အုပ်စုဟာ စစ်ပွဲအဆုံးသတ်ဖို့ အဆိုပြုကမ်းလှမ်းချက်များကို ငြင်းဆန်နေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားကြောင်း သိရပါတယ်။
ကာတာ အစိုးရက ''အပစ်ခတ်ရပ်စဲရေးရယူနိုင်အောင် ကြိုးပမ်းတဲ့ကာလ နောက်ဆုံး ၁ဝ ရက်အတွင်း သဘောတူညီမှုမရဘဲ နှောင့်နှေးခဲ့ရတယ်။ အစ္စရေး နဲ့ ဟားမက်ကြား အပစ်ခတ်ရပ်စဲရေး ရယူနိုင်ဖို့ အမှန်တကယ် ဆန္ဒရှိသာကြားဝင့်စေ့စပ်ပေးရေးကို လုပ်ဆောင်သွားမယ်'' လို့ ပြောပါတယ်။
ဂါဇာစစ်ပွဲက ၁ နှစ်ကျော်ကြာမြင့်နေပြီး အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိဘဲ အစ္စရေးက ဆက်လက်တိုက်ခိုက်နေကြောင်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၄၀၀၀၀ ကျော် သေဆုံးခဲ့ပေမယ် အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသလို ဟားမက်အုပ်စုလက်ထဲရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားများ ပြန်လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရပါတယ်။
Zawgyi Version;
ဂါဇာစစ္ပြဲအဆုံးသတ္ဖို႔ ေစ့စပ္ေဆြးေႏြးေပးတဲ့ႏိုင္ငံအျဖစ္ ပါဝင္ျခင္းကို ယာယီရပ္ဆိုင္းေၾကာင္း ကာတာ ေၾကညာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁ဝ
ကာတာႏိုင္ငံဟာ အစၥေရး နဲ႔ ဟားမက္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲအဆုံးသတ္ဖို႔ ၾကားဝင္ေစ့စပ္ေပးတဲ့ ႏိုင္ငံ အျဖစ္ ပါဝင္ေနျခင္းကို ဆိုင္းငံလိုက္ေၾကာင္း သိရပါတယ္။
အစၥေရး နဲ႔ ဟားမက္တို႔ဟာ အပစ္ခတ္ရပ္စဲေရး အမွန္တကယ္ရလိုတဲ့ဆႏၵကို ျပသႏိုင္မွသာ ၾကားဝင္ေစ့စပ္ေပးတဲ့ ႏိုင္ငံအျဖစ္ ျပန္လည္ပါဝင္မွာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။
ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲရန္ ကာတာႏိုင္ငံဟာ အေမရိကန္l အီဂ်စ္ႏိုင္ငံတို႔နဲ႔အတူ ပူးေပါင္းပါဝင္ခဲ့တာပါ။ အေမရိကန္အစိုးရက ဟားမက္ကိုယ္စားလွယ္မ်ားကို ကာတာႏိုင္ငံတြင္ အခ်ိန္အတန္ၾကာ လက္ခံေတြ႕ဆုံမွာ မဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာဆိုခဲ့ၿပီးေနာက္ ကာတာက ယင္းကဲ့သို႔ ေၾကညာလိုက္ျခင္းျဖစ္ပါတယ္။
ကာတာႏိုင္ငံဟာ ဟားမက္အဖြဲ႕ ကို ႏိုင္ငံအတြင္း ႐ုံးခန္း ဖြင့္ခြင့္ျပဳထားတဲ့ႏိုင္ငံျဖစ္ပါတယ္။ ဟားမက္အုပ္စုဟာ စစ္ပြဲအဆုံးသတ္ဖို႔ အဆိုျပဳကမ္းလွမ္းခ်က္မ်ားကို ျငင္းဆန္ေနတယ္လို႔ အေမရိကန္အစိုးရက စြပ္စြဲထားေၾကာင္း သိရပါတယ္။
ကာတာ အစိုးရက ''အပစ္ခတ္ရပ္စဲေရးရယူႏိုင္ေအာင္ ႀကိဳးပမ္းတဲ့ကာလ ေနာက္ဆုံး ၁ဝ ရက္အတြင္း သေဘာတူညီမႈမရဘဲ ေႏွာင့္ေႏွးခဲ့ရတယ္။ အစၥေရး နဲ႔ ဟားမက္ၾကား အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ဖို႔ အမွန္တကယ္ ဆႏၵရွိသာၾကားဝင့္ေစ့စပ္ေပးေရးကို လုပ္ေဆာင္သြားမယ္'' လို႔ ေျပာပါတယ္။
ဂါဇာစစ္ပြဲက ၁ ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီး အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိဘဲ အစၥေရးက ဆက္လက္တိုက္ခိုက္ေနေၾကာင္း သိရပါတယ္။ အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ ပါလက္စတိုင္းလူမ်ိဳး ၄၀၀၀၀ ေက်ာ္ ေသဆုံးခဲ့ေပမယ္ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိသလို ဟားမက္အုပ္စုလက္ထဲေရာက္ရွိေနတဲ့ အစၥေရးႏိုင္ငံသားမ်ား ျပန္လြတ္ေျမာက္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။