တရုတ်နယ်မြေကိုအခြေပြုကာ မြန်မာကို ဆန့်ကျင်နေသူများအား တရုတ်နိုင်ငံမှ လက်မခံဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 4747

NP News - နိုဝင်ဘာ ၁၀

တရုတ်နိုင်ငံနယ်မြေကိုအခြေပြုကာ မြန်မာနိုင်ငံကို ဆန့်ကျင်နေသူများအား တရုတ်နိုင်ငံမှ လက်ခံမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (နိုဝင်ဘာ ၁ဝ ရက်)၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ တပ်မတော်လေဆိပ်တွင် မီဒီယာများအား ဖြေကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နစကဥက္ကဋ္ဌဗိုလိချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့်အဖွဲ့သည် နိုဝင်ဘာ(၅)ရက်မှ (၁၀) ရက်အထိ သွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန် အပါအဝင် ယူနန် ပြည်နယ်ပါတီအတွင်းရေးမှူး နှင့် ချံချင့်မျူနီစီကယ်ပါတီကော်မတီအတွင်းရေးမှူးတို့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုများအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုများ ကို အားပေးကြောင်း နှင့် တရုတ်နိုင်ငံ၏ နယ်မြေကိုအခြေပြုကာ မြန်မာနိုင်ငံကို ဆန့်ကျင်နေသူများအား တရုတ်နိုင်ငံမှ လက်မခံကြောင်း ပြောဆိုခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
"တရုတ်နိုင်ငံရဲ့နယ်မြေကိုအခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့လူတွေ။ မြန်မာနိုင်ငံနဲ့ပတ်သက်၊ ဆန့်ကျင် နေတဲ့အဖွဲ့အစည်းမှန်သမျှကို လက်မခံကြောင်းပြောပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံ၏ မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ကာ တရုတ်နိုင်ငံအား ဆန့်ကျင်နေ သူများကို မြန်မာနိုင်ငံအတွင်း အခြေမပြုနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌမှ ပြန်လည်ပြော ဆိုခဲ့ကြောင်း သိရသည်။

"နိုင်ငံရေးအနေနဲ့လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နိုင်ငံရေးစနစ်ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်း အားပေးထောက်ခံတယ်လို့လည်း ကျွန်တော်တို့ ရရှိခဲ့ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က MNDAA၊ TNLA နှင့် AA အဖွဲ့တို့မှ ငြိမ်းချမ်းရေးလိုလား ကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသမှသာ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ဖူးသည်။

Zawgyi Version;
တ႐ုတ္နယ္ေျမကိုအေျချပဳကာ ျမန္မာကို ဆန္႔က်င္ေနသူမ်ားအား တ႐ုတ္ႏိုင္ငံမွ လက္မခံဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
NP News - ႏိုဝင္ဘာ ၁၀

တ႐ုတ္ႏိုင္ငံနယ္ေျမကိုအေျချပဳကာ ျမန္မာႏိုင္ငံကို ဆန္႔က်င္ေနသူမ်ားအား တ႐ုတ္ႏိုင္ငံမွ လက္ခံမည္မဟုတ္ ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။

နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ႏိုဝင္ဘာ ၁ဝ ရက္)၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ တပ္မေတာ္ေလဆိပ္တြင္ မီဒီယာမ်ားအား ေျဖၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။


နစကဥကၠ႒ဗိုလိခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဦးေဆာင္သည့္ ျမန္မာ့အဆင့္ျမင့္အဖြဲ႕သည္ ႏိုဝင္ဘာ(၅)ရက္မွ (၁၀) ရက္အထိ သြားေရာက္ခဲ့သည့္ တ႐ုတ္ႏိုင္ငံခရီးစဥ္အတြင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္ မစၥတာလီခ်န္ အပါအဝင္ ယူနန္ ျပည္နယ္ပါတီအတြင္းေရးမႉး ႏွင့္ ခ်ံခ်င့္မ်ဴနီစီကယ္ပါတီေကာ္မတီအတြင္းေရးမႉးတို႔ႏွင့္ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

အဆိုပါေတြ႕ဆုံမႈမ်ားအတြင္း တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ၊ နယ္ေျမတည္တံ့ခိုင္ၿမဲမႈမ်ား ကို အားေပးေၾကာင္း ႏွင့္ တ႐ုတ္ႏိုင္ငံ၏ နယ္ေျမကိုအေျချပဳကာ ျမန္မာႏိုင္ငံကို ဆန္႔က်င္ေနသူမ်ားအား တ႐ုတ္ႏိုင္ငံမွ လက္မခံေၾကာင္း ေျပာဆိုခဲ့သည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
"တ႐ုတ္ႏိုင္ငံရဲ႕နယ္ေျမကိုအေျချပဳၿပီး ျမန္မာႏိုင္ငံကို ဆန္႔က်င္ေနတဲ့လူေတြ။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္၊ ဆန္႔က်င္ ေနတဲ့အဖြဲ႕အစည္းမွန္သမွ်ကို လက္မခံေၾကာင္းေျပာပါတယ္" ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္လည္း တ႐ုတ္ႏိုင္ငံ၏ မူဝါဒကို ထပ္ေလာင္းအတည္ျပဳခဲ့ကာ တ႐ုတ္ႏိုင္ငံအား ဆန္႔က်င္ေန သူမ်ားကို ျမန္မာႏိုင္ငံအတြင္း အေျခမျပဳႏိုင္ေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒မွ ျပန္လည္ေျပာ ဆိုခဲ့ေၾကာင္း သိရသည္။

"ႏိုင္ငံေရးအေနနဲ႔လည္း တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ႏိုင္ငံေရးစနစ္ခိုင္မာေစဖို႔အတြက္ တ႐ုတ္ႏိုင္ငံအေနနဲ႔ အၿမဲတမ္း အားေပးေထာက္ခံတယ္လို႔လည္း ကြၽန္ေတာ္တို႔ ရရွိခဲ့ပါတယ္" ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က MNDAA၊ TNLA ႏွင့္ AA အဖြဲ႕တို႔မွ ၿငိမ္းခ်မ္းေရးလိုလား ေၾကာင္း ရွင္းလင္းျပတ္သားသည့္ လုပ္ေဆာင္ခ်က္ျပသမွသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကား ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.