ကနေဒါမှာ ပထမဆုံးအကြိမ် H5 ကြက်ငှက်တုပ်ကွေးရောဂါ လူသားကို ကူးစက်မှုဖြစ်ပွား
242
ရောင်နီ (NP News) - နိုဝင်ဘာ ၁၁
ကနေဒါနိုင်ငံအနောက်ပိုင်း ဘရစ်တစ်ကိုလန်ဘီယာပြည်နယ်မှာ ဆယ်ကျော်သက်တစ်ဦး H5 ကြက်ငှက်တုပ်ကွေး ကူးစက်ခံနေရပြီး ဒါဟာ နိုင်ငံမှာ ပထမဆုံးအကြိမ် လူသားကို ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက စနေနေ့(နိုဝင်ဘာ ၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ကူးစက်လူနာဟာ ငှက် (သို့မဟုတ်) တိရိစ္ဆာန်တွေဆီကနေ ဗိုင်းရပ်စ်ကူးစက် ခံရဖွယ်ရှိပြီး ကလေးဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ပြည်နယ်ထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာရဲ့အထိအတွေ့ ရင်းမြစ်ကို စုံစမ်းစစ်ဆေးဖော် ထုတ်နေတယ်လို့ ပြည်နယ်က ပြောကြားခဲ့ပါတယ်။
ကနေဒါကျန်းမာရေးဝန်ကြီး မက်ခ်ဟော်လန် ကတော့ ဒီဖြစ်ရပ်ရှိနေပေမယ့် လူသားတွေကို ကြက်ငှက်တုပ်ကွေး ကူးစက်ဖို့အန္တရာယ်က နည်းနေသေးတယ်လို့ ဆိုခဲ့ပါတယ်။ "ဒါက ရှားရှားပါးပါးဖြစ်ရပ်တစ်ခုပါ” "ထိတွေ့မှု အရင်း အမြစ်ကို သိရှိနားလည်ဖို့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်" လို့ ၎င်းက ဆိုပါတယ်။
H5 ကြက်ငှက်တုပ်ကွေးဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တောရိုင်းငှက်တွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ရောဂါဖြစ်ပြီး အမေရိကန်မှာ နို့စားနွားတွေ၊ မွေးမြူရေးလုပ်သားတွေမှာ ကူးစက်ဖြစ်ပွားမှုတွေ တွေ့ရှိခဲ့ရဖူးပါတယ်။ ဒါပေမယ့် ယခုအချိန်အထိတော့ လူတစ်ဦးမှ တစ်ဦးကို ကူးစက်ပြန့်ပွားမှုမျိုး အထောက်အထားမတွေ့ရသေးပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်လာရင်လည်း ကပ်ရောဂါကြီးဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
နိုဝင်ဘာလ အစောပိုင်းက အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနဟာ ကြက်ငှက်တုပ်ကွေး ရောဂါရှိတဲ့ တိရစ္ဆာန်တွေနဲ့ထိတွေ့ဖူးတဲ့ မွေးမြူရေးလုပ်သားတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေပြုလုပ်ဖို့ တောင်းဆိုခဲ့ ပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၁၅ ခုရဲ့ နို့ထွက်မွေးမြူရေးခြံပေါင်း ၄၅၀ နီးပါးမှာ ကူးစက်ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ်။
Zawgyi Version;
ကေနဒါမွာ ပထမဆုံးအႀကိမ္ H5 ၾကက္ငွက္တုပ္ေကြးေရာဂါ လူသားကို ကူးစက္မႈျဖစ္ပြား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၁
ကေနဒါႏိုင္ငံအေနာက္ပိုင္း ဘရစ္တစ္ကိုလန္ဘီယာျပည္နယ္မွာ ဆယ္ေက်ာ္သက္တစ္ဦး H5 ၾကက္ငွက္တုပ္ေကြး ကူးစက္ခံေနရၿပီး ဒါဟာ ႏိုင္ငံမွာ ပထမဆုံးအႀကိမ္ လူသားကို ၾကက္ငွက္တုပ္ေကြးေရာဂါကူးစက္မႈျဖစ္တယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြက စေနေန႔(ႏိုဝင္ဘာ ၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ကူးစက္လူနာဟာ ငွက္ (သို႔မဟုတ္) တိရိစာၦန္ေတြဆီကေန ဗိုင္းရပ္စ္ကူးစက္ ခံရဖြယ္ရွိၿပီး ကေလးေဆး႐ုံမွာ ကုသမႈ ခံယူေနတယ္လို႔ ျပည္နယ္ထုတ္ျပန္ခ်က္အရ သိရပါတယ္။ လူနာရဲ႕အထိအေတြ႕ ရင္းျမစ္ကို စုံစမ္းစစ္ေဆးေဖာ္ ထုတ္ေနတယ္လို႔ ျပည္နယ္က ေျပာၾကားခဲ့ပါတယ္။
ကေနဒါက်န္းမာေရးဝန္ႀကီး မက္ခ္ေဟာ္လန္ ကေတာ့ ဒီျဖစ္ရပ္ရွိေနေပမယ့္ လူသားေတြကို ၾကက္ငွက္တုပ္ေကြး ကူးစက္ဖို႔အႏၲရာယ္က နည္းေနေသးတယ္လို႔ ဆိုခဲ့ပါတယ္။ "ဒါက ရွားရွားပါးပါးျဖစ္ရပ္တစ္ခုပါ” "ထိေတြ႕မႈ အရင္း အျမစ္ကို သိရွိနားလည္ဖို႔ ကြၽန္ေတာ္တို႔ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္" လို႔ ၎က ဆိုပါတယ္။
H5 ၾကက္ငွက္တုပ္ေကြးဟာ ကမာၻတစ္ဝွမ္းမွာရွိတဲ့ ေတာ႐ိုင္းငွက္ေတြမွာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ေရာဂါျဖစ္ၿပီး အေမရိကန္မွာ ႏို႔စားႏြားေတြ၊ ေမြးျမဴေရးလုပ္သားေတြမွာ ကူးစက္ျဖစ္ပြားမႈေတြ ေတြ႕ရွိခဲ့ရဖူးပါတယ္။ ဒါေပမယ့္ ယခုအခ်ိန္အထိေတာ့ လူတစ္ဦးမွ တစ္ဦးကို ကူးစက္ျပန႔္ပြားမႈမ်ိဳး အေထာက္အထားမေတြ႕ရေသးပါဘူး။ ဒါေပမယ့္ ဒီလိုျဖစ္လာရင္လည္း ကပ္ေရာဂါႀကီးျဖစ္လာႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။
ႏိုဝင္ဘာလ အေစာပိုင္းက အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဗဟိုဌာနဟာ ၾကက္ငွက္တုပ္ေကြး ေရာဂါရွိတဲ့ တိရစာၦန္ေတြနဲ႔ထိေတြ႕ဖူးတဲ့ ေမြးျမဴေရးလုပ္သားေတြကို ဗိုင္းရပ္စ္စစ္ေဆးမႈေတြျပဳလုပ္ဖို႔ ေတာင္းဆိုခဲ့ ပါတယ္။ ၾကက္ငွက္တုပ္ေကြးေရာဂါဟာ ၿပီးခဲ့တဲ့ မတ္လကတည္းက အေမရိကန္ျပည္ေထာင္စုရွိ ျပည္နယ္ ၁၅ ခုရဲ႕ ႏို႔ထြက္ေမြးျမဴေရးၿခံေပါင္း ၄၅၀ နီးပါးမွာ ကူးစက္ျပန႔္ႏွံ႔ခဲ့တာ ျဖစ္ပါတယ္။