မြန်မာအထည်ချုပ်လုပ်သားများကို နယ်စပ်မြို့များ၌ တရုတ်လုပ်ငန်းရှင်များက လုပ်အားခ ခေါင်းပုံဖြတ် အနိုင်ကျင့်နေ

 1940

ပုံစာ - မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသည့် အထည်ချုပ်စက်ရုံတစ်ခုကို တွေ့ရစဥ်

အေဝိုင်အီး (NP News) - နိုဝင်ဘာ ၁၂

မြန်မာအထည်ချုပ်လုပ်သားများကို တရုတ် လုပ်ငန်းရှင်များက တရားဝင်ခေါ်ယူမှုမလုပ်ဘဲ တရားမဝင် လမ်းကြောင်းမှခေါ်ယူ၍ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့စွာလုပ်အားခခေါင်းပုံဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း စက်မှုဇုန်အသိုင်းအဝိုင်းနှင့် အထည်ချုပ်လုပ်သားများထံမှ သတင်းရရှိသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီ စက်မှုဇုန်ရှိ အော့်ဟယ်အထည်ချုပ်စက်ရုံအပါအဝင် စက်ရုံ များစွာက နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသော မြန်မာလုပ်သားများကို လုပ်အားခခေါင်းပုံဖြတ်ခြင်း များ လုပ်ဆောင်နေကြောင်း အောက်တိုဘာ လကုန်ပိုင်း၌ သတင်းများစတင်ထွက်ပေါ်လာပြီးနောက် ယင်းဖြစ်စဉ်များ အမှန်တကယ်ရှိနေကြောင်းကို အတည်ပြုနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာအထည်ချုပ်လုပ်သားများက ယာယီနယ်စပ်ဖြတ်ကျော်နေထိုင်ခွင့်လက်မှတ် (TBP)ဖြင့် ကျယ်ခေါင်မြို့မှ တစ်ဆင့် ရွှေလီစက်မှုဇုန်၌ အထည်ချုပ်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေရာတွင် အောက်တိုဘာ နောက်ဆုံးပတ်၌ ယင်းကဲ့သို့ လုပ်အားခခေါင်းပုံဖြတ်ခံရခြင်းဇာတ်လမ်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ “ ကျွန်တော်သိရသလောက်တော့ သူတို့ဆီမှာ လူအများကြီးလိုတယ်။ ဒါပေမဲ့ တရားဝင် ပို့တာကို လက်မခံကြဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လာကြ။ အလုပ်ခန့်ပေးတယ်။ ပြီးရင် နေထိုင်ခွင့်ရအောင်လုပ်ပေးတယ်။ လစာကတော့ သူတို့ပေးချင်သလို ပေးတော့တာပဲ။ အစပိုင်း တော့ ဟုတ်မလိုလိုပေါ့လေ။ ပြဿနာတက်ရင် ချက်ခြင်း အလုပ်ဖြုတ်ပစ်လို့ရတယ်။ အလုပ်သမား ခံစား ခွင့်တို့၊ အလုပ်သမားဥပဒေတို့ ဘာတို့သူတို့ နားမလည်ဘူး။ လုပ်ချင်ရာလုပ်တယ်။ အဲဒီတော့ မြန်မာတွေ အတွက်တော့ အရမ်းနစ်နာတာပေါ့။ MOU နဲ့ ပို့တာမျိုးဆိုရင် ကျွန်တော်တို့မှာ စာချုပ်စာတမ်းတွေ ပါ သွားမယ်။ ပြဿနာဖြစ်လာရင် နိုင်ငံတကာ အလုပ်သမားဥပဒေတွေနဲ့ ရှင်းလို့ရတယ်။ နိုင်ငံတော် အဆင့် ကလည်း ကူညီပေးလို့ရတယ်။ အဲဒီလို နည်းလမ်းကိုတော့ တရုတ်တွေဘက်က လက်မခံဘူး။ ရှင်းရှင်း ပြောရရင် ဒါက လူလည်ကျတာပဲ ” ဟု စက်မှုဇုန်နှင့် ဝါရင့်အထည်ချုပ်စက်ရုံလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက NP News ကို ပြောသည်။

မြန်မာအထည်ချုပ်စက်ရုံများတွင် ပေးနိုင်သော လုပ်ခလစာထက် တရုတ်နယ်စပ်မြို့များမှ အထည်ချုပ်စက်ရုံများက ပိုမိုပေးနိုင်သည်မှာ မှန်သော်လည်း ဥပဒေကြောင်းအရ အကာအကွယ်ပေး နိုင်မှု အပိုင်းတွင် သတိထားရမည်များ ရှိနေသည်ဟု ဆိုသည်။ ရွှေလီမြို့ စက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံအများစုသည် စစ်ဝတ်စုံ ယူနီဖောင်းများ၊ စစ်ဖိနပ်များ နှင့် စစ်အသုံးအဆောင်ပစ္စည်းမျိုးစုံကို ချုပ် လုပ်နေကြပြီး ယူကရိန်းစစ်မြေပြင်၊ အစ္စရေးစစ်မြေပြင်နှင့် မြန်မာနယ်စပ်မှ လက်နက်ကိုင်များထံသို့ ပို့ဆောင်နေကြောင်းလည်း ကြားသိရသည်။ စက်ရုံဝန်ထမ်း အချို့၏ ပြောကြားချက်အရ စစ်ဝတ်စုံ များတွင် PDF တံဆိပ်များအပါအဝင် တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်သူပုန်များ၏ ဝတ်စုံများလည်း ပါဝင်နေကြောင်း သိရသည်။ “ အလုပ်ရှင်အလုပ်သမား ဘာစည်းမျဉ်းစည်းကမ်းမှမရှိတော့ သူတို့လုပ်ချင် တာ လုပ်လို့ရတယ်ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ လုပ်သားလည်း နစ်နာတယ်။ အလုပ် သမား လည်း နစ်နာတယ်။ ကျွန်တော်တို့ အထည်ချုပ်လုပ်သားတွေက ကျွမ်းကျင်အဆင့်ကိုမှ နိုင်ငံတိုင်း လိုလိုက ကြိုက်တဲ့လုပ်သားအဆင့်မျိုးရောက်နေပြီ” ဟု လုပ်ငန်းရှင်က ပြောသည်။ တရုတ်ဘက်ခြမ်း ရွှေလီ မြို့တွင် အောက်တိုဘာနောက်ဆုံးပတ်အတွင်းက ဖြစ်ခဲ့သောဖြစ်ရပ်တစ်ခုအရ မြန်မာလုပ်သား (၇၀ဝ)ကျော် လုပ်အားခခေါင်းပုံဖြတ်ခံရသည့်အတွက် တရုတ်လုပ်ငန်းရှင်ထံ တောင်းဆိုမှုများလုပ်ခဲ့ရာ တွင် ရွှေလီရဲတပ်ဖွဲ့က ရောက်ရှိလာပြီး ဦးဆောင်သူမြန်မာလုပ်သား(၂၀) ကျော်ကို ဖမ်းဆီးသွားခဲ့ ကြောင်း သိရသည်။ ယင်းအထဲမှ (၁၀)ဦးကျော် ပြန်လွတ်လာသော် လည်း အချို့ကိုမူ နိုဝင်ဘာပထမပတ်အထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း၊ စက်ရုံဘက်ကလည်း မည်သည့် တာဝန်မှ မယူနိုင်ဟုဆိုကာ မြန်မာလုပ်သား (၈၀)ကျော်ကို အလုပ်ထုတ်ပစ်ခဲ့ကြောင်းနှင့် လုပ်အားခ ယွမ်(၁၆၀ဝ)အစား မူဆယ်မြို့ သို့ ပြန်ရန်အတွက် လမ်းစရိတ် ယွမ်(၂၀ဝ)သာပေးခဲ့ကြောင်း သိရသည်။

မြန်မာလုပ်သားအများစုမှာ တစ်ရက်လျှင် (၁၆)နာရီနှုန်းဖြင့် တစ်လလုံးနီးပါး နားရက်မရှိ အလုပ် လုပ်ခဲ့ရသော်လည်း လုပ်ခလစာပေးသည့်ကိစ္စတွင် မူ တရားမျှတမှုမရှိတော့ဘဲ ပေးချင်သည့်နှုန်းအတိုင်း ပေးချေသောကြောင့် မြန်မာလုပ်သားများက မကျေမနပ် ဖြစ်ခဲ့ကြရကြောင်း သိရသည်။ သို့သော်လည်း (၆)ညအိပ် (၇)ရက်လည်ပတ်ခွင့်သာရှိသော ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် (TBP) သာ အထောက်အထားအဖြစ် လက်ထဲတွင်ရှိနေသည့် အတွက် တရုတ်လုပ်ငန်းရှင်နှင့် တရုတ်ရဲများက ရက်လွန်နေထိုင်မှုအကြောင်းပြချက်ဖြင့် ညစ်ပတ်မည်ကိုလည်း စိုးရိမ်နေကြရကြောင်း ကြားသိရသည်။

zawgyi version
ျမန္မာအထည္ခ်ဳပ္လုပ္သားမ်ားကို နယ္စပ္ၿမိဳ႕မ်ား၌ တ႐ုတ္လုပ္ငန္းရွင္မ်ားက လုပ္အားခ ေခါင္းပုံျဖတ္ အႏိုင္က်င့္ေန
ေအဝိုင္အီး (NP News) - ႏိုဝင္ဘာ ၁၂

ျမန္မာအထည္ခ်ဳပ္လုပ္သားမ်ားကို တ႐ုတ္ လုပ္ငန္းရွင္မ်ားက တရားဝင္ေခၚယူမႈမလုပ္ဘဲ တရားမဝင္ လမ္းေၾကာင္းမွေခၚယူ၍ တာဝန္ယူမႈ တာဝန္ခံမႈ ကင္းမဲ့စြာလုပ္အားခေခါင္းပုံျဖတ္ျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း စက္မႈဇုန္အသိုင္းအဝိုင္းႏွင့္ အထည္ခ်ဳပ္လုပ္သားမ်ားထံမွ သတင္းရရွိသည္။

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ေ႐ႊလီ စက္မႈဇုန္ရွိ ေအာ့္ဟယ္အထည္ခ်ဳပ္စက္႐ုံအပါအဝင္ စက္႐ုံ မ်ားစြာက နယ္စပ္မွတစ္ဆင့္ ဝင္ေရာက္လာေသာ ျမန္မာလုပ္သားမ်ားကို လုပ္အားခေခါင္းပုံျဖတ္ျခင္း မ်ား လုပ္ေဆာင္ေနေၾကာင္း ေအာက္တိုဘာ လကုန္ပိုင္း၌ သတင္းမ်ားစတင္ထြက္ေပၚလာၿပီးေနာက္ ယင္းျဖစ္စဥ္မ်ား အမွန္တကယ္ရွိေနေၾကာင္းကို အတည္ျပဳႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

ျမန္မာအထည္ခ်ဳပ္လုပ္သားမ်ားက ယာယီနယ္စပ္ျဖတ္ေက်ာ္ေနထိုင္ခြင့္လက္မွတ္ (TBP)ျဖင့္ က်ယ္ေခါင္ၿမိဳ႕မွ တစ္ဆင့္ ေ႐ႊလီစက္မႈဇုန္၌ အထည္ခ်ဳပ္လုပ္သားအျဖစ္ သြားေရာက္လုပ္ကိုင္ေနရာတြင္ ေအာက္တိုဘာ ေနာက္ဆုံးပတ္၌ ယင္းကဲ့သို႔ လုပ္အားခေခါင္းပုံျဖတ္ခံရျခင္းဇာတ္လမ္းမ်ား ေပၚေပါက္လာျခင္းျဖစ္သည္။ “ ကြၽန္ေတာ္သိရသေလာက္ေတာ့ သူတို႔ဆီမွာ လူအမ်ားႀကီးလိုတယ္။ ဒါေပမဲ့ တရားဝင္ ပို႔တာကို လက္မခံၾကဘူး။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လာၾက။ အလုပ္ခန႔္ေပးတယ္။ ၿပီးရင္ ေနထိုင္ခြင့္ရေအာင္လုပ္ေပးတယ္။ လစာကေတာ့ သူတို႔ေပးခ်င္သလို ေပးေတာ့တာပဲ။ အစပိုင္း ေတာ့ ဟုတ္မလိုလိုေပါ့ေလ။ ျပႆနာတက္ရင္ ခ်က္ျခင္း အလုပ္ျဖဳတ္ပစ္လို႔ရတယ္။ အလုပ္သမား ခံစား ခြင့္တို႔၊ အလုပ္သမားဥပေဒတို႔ ဘာတို႔သူတို႔ နားမလည္ဘူး။ လုပ္ခ်င္ရာလုပ္တယ္။ အဲဒီေတာ့ ျမန္မာေတြ အတြက္ေတာ့ အရမ္းနစ္နာတာေပါ့။ MOU နဲ႔ ပို႔တာမ်ိဳးဆိုရင္ ကြၽန္ေတာ္တို႔မွာ စာခ်ဳပ္စာတမ္းေတြ ပါ သြားမယ္။ ျပႆနာျဖစ္လာရင္ ႏိုင္ငံတကာ အလုပ္သမားဥပေဒေတြနဲ႔ ရွင္းလို႔ရတယ္။ ႏိုင္ငံေတာ္ အဆင့္ ကလည္း ကူညီေပးလို႔ရတယ္။ အဲဒီလို နည္းလမ္းကိုေတာ့ တ႐ုတ္ေတြဘက္က လက္မခံဘူး။ ရွင္းရွင္း ေျပာရရင္ ဒါက လူလည္က်တာပဲ ” ဟု စက္မႈဇုန္ႏွင့္ ဝါရင့္အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းလုပ္ကိုင္ေနသူ တစ္ဦးက NP News ကို ေျပာသည္။

ျမန္မာအထည္ခ်ဳပ္စက္႐ုံမ်ားတြင္ ေပးႏိုင္ေသာ လုပ္ခလစာထက္ တ႐ုတ္နယ္စပ္ၿမိဳ႕မ်ားမွ အထည္ခ်ဳပ္စက္႐ုံမ်ားက ပိုမိုေပးႏိုင္သည္မွာ မွန္ေသာ္လည္း ဥပေဒေၾကာင္းအရ အကာအကြယ္ေပး ႏိုင္မႈ အပိုင္းတြင္ သတိထားရမည္မ်ား ရွိေနသည္ဟု ဆိုသည္။ ေ႐ႊလီၿမိဳ႕ စက္မႈဇုန္အတြင္းရွိ အထည္ခ်ဳပ္စက္႐ုံအမ်ားစုသည္ စစ္ဝတ္စုံ ယူနီေဖာင္းမ်ား၊ စစ္ဖိနပ္မ်ား ႏွင့္ စစ္အသုံးအေဆာင္ပစၥည္းမ်ိဳးစုံကို ခ်ဳပ္ လုပ္ေနၾကၿပီး ယူကရိန္းစစ္ေျမျပင္၊ အစၥေရးစစ္ေျမျပင္ႏွင့္ ျမန္မာနယ္စပ္မွ လက္နက္ကိုင္မ်ားထံသို႔ ပို႔ေဆာင္ေနေၾကာင္းလည္း ၾကားသိရသည္။ စက္႐ုံဝန္ထမ္း အခ်ိဳ႕၏ ေျပာၾကားခ်က္အရ စစ္ဝတ္စုံ မ်ားတြင္ PDF တံဆိပ္မ်ားအပါအဝင္ တိုင္းရင္းသားအမည္ခံ လက္နက္ကိုင္သူပုန္မ်ား၏ ဝတ္စုံမ်ားလည္း ပါဝင္ေနေၾကာင္း သိရသည္။ “ အလုပ္ရွင္အလုပ္သမား ဘာစည္းမ်ဥ္းစည္းကမ္းမွမရွိေတာ့ သူတို႔လုပ္ခ်င္ တာ လုပ္လို႔ရတယ္ဗ်ာ။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအတြက္ေတာ့ လုပ္သားလည္း နစ္နာတယ္။ အလုပ္ သမား လည္း နစ္နာတယ္။ ကြၽန္ေတာ္တို႔ အထည္ခ်ဳပ္လုပ္သားေတြက ကြၽမ္းက်င္အဆင့္ကိုမွ ႏိုင္ငံတိုင္း လိုလိုက ႀကိဳက္တဲ့လုပ္သားအဆင့္မ်ိဳးေရာက္ေနၿပီ” ဟု လုပ္ငန္းရွင္က ေျပာသည္။ တ႐ုတ္ဘက္ျခမ္း ေ႐ႊလီ ၿမိဳ႕တြင္ ေအာက္တိုဘာေနာက္ဆုံးပတ္အတြင္းက ျဖစ္ခဲ့ေသာျဖစ္ရပ္တစ္ခုအရ ျမန္မာလုပ္သား (၇၀ဝ)ေက်ာ္ လုပ္အားခေခါင္းပုံျဖတ္ခံရသည့္အတြက္ တ႐ုတ္လုပ္ငန္းရွင္ထံ ေတာင္းဆိုမႈမ်ားလုပ္ခဲ့ရာ တြင္ ေ႐ႊလီရဲတပ္ဖြဲ႕က ေရာက္ရွိလာၿပီး ဦးေဆာင္သူျမန္မာလုပ္သား(၂၀) ေက်ာ္ကို ဖမ္းဆီးသြားခဲ့ ေၾကာင္း သိရသည္။ ယင္းအထဲမွ (၁၀)ဦးေက်ာ္ ျပန္လြတ္လာေသာ္ လည္း အခ်ိဳ႕ကိုမူ ႏိုဝင္ဘာပထမပတ္အထိ ျပန္လႊတ္ေပးျခင္းမရွိေၾကာင္း၊ စက္႐ုံဘက္ကလည္း မည္သည့္ တာဝန္မွ မယူႏိုင္ဟုဆိုကာ ျမန္မာလုပ္သား (၈၀)ေက်ာ္ကို အလုပ္ထုတ္ပစ္ခဲ့ေၾကာင္းႏွင့္ လုပ္အားခ ယြမ္(၁၆၀ဝ)အစား မူဆယ္ၿမိဳ႕ သို႔ ျပန္ရန္အတြက္ လမ္းစရိတ္ ယြမ္(၂၀ဝ)သာေပးခဲ့ေၾကာင္း သိရသည္။

ျမန္မာလုပ္သားအမ်ားစုမွာ တစ္ရက္လွ်င္ (၁၆)နာရီႏႈန္းျဖင့္ တစ္လလုံးနီးပါး နားရက္မရွိ အလုပ္ လုပ္ခဲ့ရေသာ္လည္း လုပ္ခလစာေပးသည့္ကိစၥတြင္ မူ တရားမွ်တမႈမရွိေတာ့ဘဲ ေပးခ်င္သည့္ႏႈန္းအတိုင္း ေပးေခ်ေသာေၾကာင့္ ျမန္မာလုပ္သားမ်ားက မေက်မနပ္ ျဖစ္ခဲ့ၾကရေၾကာင္း သိရသည္။ သို႔ေသာ္လည္း (၆)ညအိပ္ (၇)ရက္လည္ပတ္ခြင့္သာရွိေသာ ယာယီ နယ္စပ္ျဖတ္ေက်ာ္ခြင့္ လက္မွတ္ (TBP) သာ အေထာက္အထားအျဖစ္ လက္ထဲတြင္ရွိေနသည့္ အတြက္ တ႐ုတ္လုပ္ငန္းရွင္ႏွင့္ တ႐ုတ္ရဲမ်ားက ရက္လြန္ေနထိုင္မႈအေၾကာင္းျပခ်က္ျဖင့္ ညစ္ပတ္မည္ကိုလည္း စိုးရိမ္ေနၾကရေၾကာင္း ၾကားသိရသည္။

Related news

© 2021. All rights reserved.