ရာမယဏအနုပညာလက်ရာပြပွဲကို အမျိုးသားပြတိုက်၌ ကျင်းပ

 191

စော (NP News) - နိုဝင်ဘာ ၁၃

ရာမယဏအနုပညာလက်ရာပြပွဲကို အမျိုးသားပြတိုက်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို အိန္ဒိယသံရုံး၊ ရန်ကုန်မြို့၏ ဆွာမိဝိဝေကနန္ဒယဉ်ကျေးမှုစင်တာမှ ကြီးမှူးကာ ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)က ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“နှစ်နိုင်ငံဘာသာရေးယဉ်ကျေးမှုနီးစပ်မှုရှိကြတဲ့ နိုင်ငံများဖြစ်သည့် အားလျော်စွာ နိုင်ငံအတွင်းမှာရှိတဲ့ အိန္ဒိယနွယ်ဖွား နိုင်ငံသားများအနေနဲ့ ဘာသာရေးပွဲတွေ အခြားပွဲတွေလည်းပဲ လွတ်လွတ်လပ်လပ်ကျင်းပနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ကတော့ လိုအပ်တာလေးတွေကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါ့ပြင် လူမှုရေးကော၊ စီးပွားရေးကော၊ လုပ်ငန်းများမှာလည်းဘဲ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင် ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြပ်မတ်ပြီးတော့ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ဖို့အတွက်ကို ပံ့ပိုးပေးလျက်ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။

အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပြပွဲသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုပိုမိုနက်ရှိုင်းကာ အနုပညာပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရေးတို့ကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ရာမယဏဇာတ်တော် နှင့်ပတ်သက်သော အနုပညာလက်ရာ ပန်းချီကား (၃၂)ချပ်၊ ပန်းပုလက်ရာ (၆)ခုနှင့် ရုပ်သေးရုပ် (၁၈)ခု တို့ အမျိုးသားပြတိုက်တွင် ပြသထားပြီး ကျော်ကြားသော အိန္ဒိယအနုပညာရှင်များ၏ လက်ရာများဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရာမယဏ၏ကျော်ကြားသော ဂန္တဝင်စာပေ ကျမ်းဂန်ဖြစ်မှု၊ ဆွဲ‌ဆောင်မှုရှိသော ဇာတ်ကွက်အပိုင်းများ၊ ၎င်း၏ရွှင်မြူးဖွယ်ရာ ဇာတ်လမ်းများနှင့် လေးနက်သော သွန်သင်ချက်များကို ခင်းကျင်းပြသထားပြီး အနုပညာလက်ရာတစ်ခုချင်းစီသည် ဆန်းသစ်သောအမြင်နှင့်အတူ ရိုးရာအစဉ်အလာနှင့် ခေတ်ပြိုင်အနုပညာ လက်ရာများကို ချိတ်ဆက်ပေးကြောင်း သိရသည်။ ရာမယဏဇာတ်တော်နှင့်ပတ်သက်သောပန်းချီအနုပညာပြပွဲကို နိုဝင်ဘာလ (၈) ရက်မှ (၁၅) ရက်အထိ အမျိုးသားပြတိုက်တွင် ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ရာမယဏအႏုပညာလက္ရာျပပြဲကို အမ်ိဳးသားျပတိုက္၌ က်င္းပ
ေစာ (NP News) - ႏိုဝင္ဘာ ၁၃

ရာမယဏအႏုပညာလက္ရာျပပြဲကို အမ်ိဳးသားျပတိုက္တြင္ က်င္းပခဲ့သည္။ အဆိုပါအခမ္းအနားကို အိႏၵိယသံ႐ုံး၊ ရန္ကုန္ၿမိဳ႕၏ ဆြာမိဝိေဝကနႏၵယဥ္ေက်းမႈစင္တာမွ ႀကီးမႉးကာ ယမန္ေန႔ (ႏိုဝင္ဘာ ၁၂ ရက္)က ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းရွိ အမ်ိဳးသားျပတိုက္တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“ႏွစ္ႏိုင္ငံဘာသာေရးယဥ္ေက်းမႈနီးစပ္မႈရွိၾကတဲ့ ႏိုင္ငံမ်ားျဖစ္သည့္ အားေလ်ာ္စြာ ႏိုင္ငံအတြင္းမွာရွိတဲ့ အိႏၵိယႏြယ္ဖြား ႏိုင္ငံသားမ်ားအေနနဲ႔ ဘာသာေရးပြဲေတြ အျခားပြဲေတြလည္းပဲ လြတ္လြတ္လပ္လပ္က်င္းပႏိုင္ဖို႔အတြက္ တိုင္းေဒသႀကီးအစိုးရအေနနဲ႔ကေတာ့ လိုအပ္တာေလးေတြကို ေပါင္းစပ္ကူညီေဆာင္႐ြက္ေပးလ်က္ ရွိပါတယ္။ ဒါ့ျပင္ လူမႈေရးေကာ၊ စီးပြားေရးေကာ၊ လုပ္ငန္းမ်ားမွာလည္းဘဲ ဥပေဒလုပ္ထုံးလုပ္နည္းနဲ႔အညီ ေဆာင္ ႐ြက္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ၾကပ္မတ္ၿပီးေတာ့ လြတ္လြတ္လပ္လပ္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ကို ပံ့ပိုးေပးလ်က္ရွိပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက ေျပာၾကားခဲ့သည္။

အမ်ိဳးသားျပတိုက္တြင္ ခင္းက်င္းျပသထားသည့္ ျပပြဲသည္ အိႏၵိယ-ျမန္မာ ႏွစ္ႏိုင္ငံ ျပည္သူခ်င္း ဆက္ဆံေရးပိုမိုခိုင္မာေစရန္ႏွင့္ ႏွစ္ႏိုင္ငံ အျပန္အလွန္ နားလည္မႈပိုမိုနက္ရႈိင္းကာ အႏုပညာပူးေပါင္း ေဆာင္႐ြက္မႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈခိုင္မာေစေရးတို႔ကို ေဖာ္ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။ အဆိုပါျပပြဲတြင္ ရာမယဏဇာတ္ေတာ္ ႏွင့္ပတ္သက္ေသာ အႏုပညာလက္ရာ ပန္းခ်ီကား (၃၂)ခ်ပ္၊ ပန္းပုလက္ရာ (၆)ခုႏွင့္ ႐ုပ္ေသး႐ုပ္ (၁၈)ခု တို႔ အမ်ိဳးသားျပတိုက္တြင္ ျပသထားၿပီး ေက်ာ္ၾကားေသာ အိႏၵိယအႏုပညာရွင္မ်ား၏ လက္ရာမ်ားျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ရာမယဏ၏ေက်ာ္ၾကားေသာ ဂႏၲဝင္စာေပ က်မ္းဂန္ျဖစ္မႈ၊ ဆြဲ‌ေဆာင္မႈရွိေသာ ဇာတ္ကြက္အပိုင္းမ်ား၊ ၎၏႐ႊင္ျမဴးဖြယ္ရာ ဇာတ္လမ္းမ်ားႏွင့္ ေလးနက္ေသာ သြန္သင္ခ်က္မ်ားကို ခင္းက်င္းျပသထားၿပီး အႏုပညာလက္ရာတစ္ခုခ်င္းစီသည္ ဆန္းသစ္ေသာအျမင္ႏွင့္အတူ ႐ိုးရာအစဥ္အလာႏွင့္ ေခတ္ၿပိဳင္အႏုပညာ လက္ရာမ်ားကို ခ်ိတ္ဆက္ေပးေၾကာင္း သိရသည္။ ရာမယဏဇာတ္ေတာ္ႏွင့္ပတ္သက္ေသာပန္းခ်ီအႏုပညာျပပြဲကို ႏိုဝင္ဘာလ (၈) ရက္မွ (၁၅) ရက္အထိ အမ်ိဳးသားျပတိုက္တြင္ ခင္းက်င္း ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.