တန်ဆောင်တိုင်ပိတ်ရက်အတွက် ရန်ကုန်-မော်လမြိုင် အထူးရထားများကို ပြေးဆွဲပေးသွားမည်
229
စော (NP News) - နိုဝင်ဘာ ၁၄
တန်ဆောင်တိုင်ပိတ်ရက်အတွက် ရန်ကုန်-မော်လမြိုင် အထူးရထားများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်-မော်လမြိုင် အဆန်အထူးရထားသည် ယနေ့(နိုဝင်ဘာ ၁၄ ရက်) တွင် ရန်ကုန်ဘူတာကြီးမှ နံနက် ၇နာရီ ၄၅မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်ဘူတာသို့ ညနေ ၅နာရီ ၄၅ မိနစ်အချိန်တွင် ဆိုက်ရောက်မည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် လာမည့် နိုဝင်ဘာ ၁၇ ရက်တွင် မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၉နာရီ ၁၅မိနစ်အချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး ည၇နာရီ၁၅ မိနစ်အချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်-ရန်ကုန် အစုန်အထူးရထား ရပ်တန့်မည့်ဘူတာများမှာ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေးတို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မော်လမြိုင်မှ ရန်ကုန်သို့ နေ့စဉ်ပြေးဆွဲလျက်ရှိသော အမှတ် (၈၂)အစုန်ရထားအား ပုံမုန်အတိုင်းပြေးဆွဲပေးသွားမည် ဖြစ်ပါကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
တန္ေဆာင္တိုင္ပိတ္ရက္အတြက္ ရန္ကုန္-ေမာ္လၿမိဳင္ အထူးရထားမ်ားကို ေျပးဆြဲေပးသြားမည္
ေစာ (NP News) - ႏိုဝင္ဘာ ၁၄
တန္ေဆာင္တိုင္ပိတ္ရက္အတြက္ ရန္ကုန္-ေမာ္လၿမိဳင္ အထူးရထားမ်ားကို ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးက ယမန္ေန႔(ႏိုဝင္ဘာ ၁၃ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ရန္ကုန္-ေမာ္လၿမိဳင္ အဆန္အထူးရထားသည္ ယေန႔(ႏိုဝင္ဘာ ၁၄ ရက္) တြင္ ရန္ကုန္ဘူတာႀကီးမွ နံနက္ ၇နာရီ ၄၅မိနစ္တြင္ ထြက္ခြာၿပီး ေမာ္လၿမိဳင္ဘူတာသို႔ ညေန ၅နာရီ ၄၅ မိနစ္အခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ ေၾကာင္း သိရသည္။ ထို႔ျပင္ လာမည့္ ႏိုဝင္ဘာ ၁၇ ရက္တြင္ ေမာ္လၿမိဳင္-ရန္ကုန္ အစုန္အထူးရထားသည္ ေမာ္လၿမိဳင္ဘူတာမွ နံနက္ ၉နာရီ ၁၅မိနစ္အခ်ိန္တြင္ ထြက္ခြာမည္ျဖစ္ၿပီး ည၇နာရီ၁၅ မိနစ္အခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ေမာ္လၿမိဳင္-ရန္ကုန္ အစုန္အထူးရထား ရပ္တန႔္မည့္ဘူတာမ်ားမွာ ေပါင္၊ ဇင္းက်ိဳက္၊ ရင္းၿငိမ္၊ သထုံ၊ သိမ္ဆိပ္၊ ႏွင္းပုလဲ၊ ေတာင္စြန္း၊ မရမ္းကုန္း၊ က်ိဳက္ထို၊ က်ိဳကၠသာ၊ မုပၸလင္၊ သိမ္ဇရပ္၊ ေဝါ၊ ပဲခူး၊ တိုးေၾကာင္ကေလးတို႔ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ေမာ္လၿမိဳင္မွ ရန္ကုန္သို႔ ေန႔စဥ္ေျပးဆြဲလ်က္ရွိေသာ အမွတ္ (၈၂)အစုန္ရထားအား ပုံမုန္အတိုင္းေျပးဆြဲေပးသြားမည္ ျဖစ္ပါေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးမွ အသိေပးထုတ္ျပန္ထားသည္။