Tourism Investment Forum ပြုလုပ်မည်ဆိုပါက အခွင့်အရေးနှင့် တာဝန်ခံမှုအာမခံချက်ပေးရန် လိုအပ်
289
စော (NP News) - နိုဝင်ဘာ ၁၂
Tourism Investment Forum ပြုလုပ်မည်ဆိုပါက ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အကာအကွယ်နှင့် အခွင့်အရေးများကိုပါ တိတိကျကျ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News မှတစ်ဆင့် အကြံပြုပြောကြားချက်အရ သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက် သက်ခိုင်က ပြီးခဲ့သည့် နိုဝင်ဘာလ တိုင်းနှင့် ပြည်နယ်များအလိုက် မိမိတို့နယ်မြေအတွင်း ပြည်တွင်း ၊ ပြည်ပခရီးသွားများအတွက် ဆွဲဆောင်မှုရှိပြီး သွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသလမ်းကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းနှင့်ပြည်နယ်များအလိုက် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး၊ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အအုံကဏ္ဍတွင် ဦးစားပေးရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် အများပြည်သူများကို ရှင်းလင်းချပြဆွေးနွေးနိုင်သည့် Tourism Investment Forum များပြုလုပ်ရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “Tourism Investment Forum ကလေ ရေရှည်မြှုပ်နှံရမယ့် လုပ်ငန်းဖြစ်တယ်။ နောက်တစ်ခါ ဝန်ဆောင်မှုကဏ္ဍဖြစ်တော့ ထိခိုက်လွယ်တယ်။ အဲဒါကြောင့်မို့လို့ ဒီ Investment Forum လုပ်ရင် ပြည်ပ ကလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုအကာ အကွယ်ပေးမယ်၊ ဘယ်လိုတွေ အခွင့်အရေး ပေး မယ် ဆိုတာလေးပါ။ တိတိကျကျ ဆောင်ရွက်ပေးဖို့လို ပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက တိုင်းနှင့်ပြည်နယ်အတွက် ကောင်းမွန်နိုင် ကြောင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေသတွင်းတည်ငြိမ်မှုမရှိသည့်အတွက် စိုးရိမ်ပူပန် မှုများရှိနေကြောင်း ၎င်းကပြောသည်။ “အခြားကဏ္ဍတွေနဲ့မတူဘဲ ခရီးသွားကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံရင် တခြားနေရာတွေမှာထက် ဘယ်ဟာတွေပိုပြီး အခွင့်အရေးပိုပေးမယ်ဆိုတဲ့ဟာမျိုး ကြိုတင်ပြီးအလေးထားပြီး စဉ်းစားထားဖို့ လိုပါတယ်။ အဲဒီအခါကျမှာသာ ဒီနိုင်ငံအနေနဲ့ ပေးနိုင်တဲ့ အခွင့်အရေးတွေပေါ့။ ကြိုပြီးတော့ သူတို့တွေ ကို ပိုပေးမယ်ဆိုရင် နိုင်ငံတကာက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာမှာပါ။ အခုကျတော့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဒီနှစ်ပိုင်းတွေတွင်းမှာ လျော့ကျသွား တယ်။ သိသိသာသာလျော့ကျသွားတယ်။ ဒီလိုကြောင့်မို့လို့ ဒါကို ပြန်ပြီးတော့ မြှုပ်နှံတဲ့အနေနဲ့ ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု အနေဖြင့် တိုးတက်လာမှုမရှိသော်လည်း (၂၀၂၃)ခုနှစ် နှင့်(၂၀၂၄)နှစ် နှိုင်းယှဉ်ပါက ခရီးသွားများ ပိုမိုဝင်ရောက်လာပြီး အများစုမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ကြောင်း သိရသည်။
zawgyi version
Tourism Investment Forum ျပဳလုပ္မည္ဆိုပါက အခြင့္အေရးႏွင့္ တာဝန္ခံမႈအာမခံခ်က္ေပးရန္ လိုအပ္
ေစာ (NP News) - ႏိုဝင္ဘာ ၁၂
Tourism Investment Forum ျပဳလုပ္မည္ဆိုပါက ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ အကာအကြယ္ႏွင့္ အခြင့္အေရးမ်ားကိုပါ တိတိက်က် ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကားခ်က္အရ သိရသည္။
ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ သက္ခိုင္က ၿပီးခဲ့သည့္ ႏိုဝင္ဘာလ တိုင္းႏွင့္ ျပည္နယ္မ်ားအလိုက္ မိမိတို႔နယ္ေျမအတြင္း ျပည္တြင္း ၊ ျပည္ပခရီးသြားမ်ားအတြက္ ဆြဲေဆာင္မႈရွိၿပီး သြားလာလည္ပတ္သင့္ေသာ ခရီးစဥ္ေဒသလမ္းေၾကာင္းမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္သိရွိေစရန္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ တိုင္းႏွင့္ျပည္နယ္မ်ားအလိုက္ ဟိုတယ္ ႏွင့္ ခရီးသြားလုပ္ငန္းဆိုင္ရာ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား ပိုမိုတိုးတက္လာေစေရး၊ ခရီးသြားလုပ္ငန္းအေျခခံအေဆာက္အအုံက႑တြင္ ဦးစားေပးရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျမင့္မားလာေစေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ အမ်ားျပည္သူမ်ားကို ရွင္းလင္းခ်ျပေဆြးေႏြးႏိုင္သည့္ Tourism Investment Forum မ်ားျပဳလုပ္ရန္ လိုအပ္ေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “Tourism Investment Forum ကေလ ေရရွည္ျမႇဳပ္ႏွံရမယ့္ လုပ္ငန္းျဖစ္တယ္။ ေနာက္တစ္ခါ ဝန္ေဆာင္မႈက႑ျဖစ္ေတာ့ ထိခိုက္လြယ္တယ္။ အဲဒါေၾကာင့္မို႔လို႔ ဒီ Investment Forum လုပ္ရင္ ျပည္ပ ကလာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဘယ္လိုအကာ အကြယ္ေပးမယ္၊ ဘယ္လိုေတြ အခြင့္အေရး ေပး မယ္ ဆိုတာေလးပါ။ တိတိက်က် ေဆာင္႐ြက္ေပးဖို႔လို ပါတယ္” ဟု ဦးေနာင္းေနာင္းဟန္က ေျပာသည္။
ျမန္မာႏိုင္ငံသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္လာပါက တိုင္းႏွင့္ျပည္နယ္အတြက္ ေကာင္းမြန္ႏိုင္ ေၾကာင္းႏွင့္ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ ေဒသတြင္းတည္ၿငိမ္မႈမရွိသည့္အတြက္ စိုးရိမ္ပူပန္ မႈမ်ားရွိေနေၾကာင္း ၎ကေျပာသည္။ “အျခားက႑ေတြနဲ႔မတူဘဲ ခရီးသြားက႑မွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရင္ တျခားေနရာေတြမွာထက္ ဘယ္ဟာေတြပိုၿပီး အခြင့္အေရးပိုေပးမယ္ဆိုတဲ့ဟာမ်ိဳး ႀကိဳတင္ၿပီးအေလးထားၿပီး စဥ္းစားထားဖို႔ လိုပါတယ္။ အဲဒီအခါက်မွာသာ ဒီႏိုင္ငံအေနနဲ႔ ေပးႏိုင္တဲ့ အခြင့္အေရးေတြေပါ့။ ႀကိဳၿပီးေတာ့ သူတို႔ေတြ ကို ပိုေပးမယ္ဆိုရင္ ႏိုင္ငံတကာက ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ဝင္လာမွာပါ။ အခုက်ေတာ့ ခရီးသြားလုပ္ငန္းနဲ႔ပတ္သက္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ဒီႏွစ္ပိုင္းေတြတြင္းမွာ ေလ်ာ့က်သြား တယ္။ သိသိသာသာေလ်ာ့က်သြားတယ္။ ဒီလိုေၾကာင့္မို႔လို႔ ဒါကို ျပန္ၿပီးေတာ့ ျမႇဳပ္ႏွံတဲ့အေနနဲ႔ ေဆာင္႐ြက္သင့္ပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြားဝင္ေရာက္မႈ အေနျဖင့္ တိုးတက္လာမႈမရွိေသာ္လည္း (၂၀၂၃)ခုႏွစ္ ႏွင့္(၂၀၂၄)ႏွစ္ ႏႈိင္းယွဥ္ပါက ခရီးသြားမ်ား ပိုမိုဝင္ေရာက္လာၿပီး အမ်ားစုမွာ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔မွ ျဖစ္ေၾကာင္း သိရသည္။