အိန္ဒိယ ဝယ်လိုအားကျဆင်းနေခြင်း နှင့် ငွေလဲနှုန်းကြောင့် မတ်ပဲနှင့်ပဲစင်းငုံဈေးကျနေ
465
ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၃
ပြည်တွင်းပဲဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာနှင့်မြန်မာငွေလဲလှယ်နှုန်း ကျဆင်းနေသည့်အပြင် အိန္ဒိယနိုင်ငံဘက်မှ ပဲဝယ်လိုအားကျဆင်းနေခြင်းကြောင့် ပြည်တွင်း ပဲဈေးနှုန်းများကျဆင်းနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ဒီဇင်ဘာလ (၃) ရက် ဘုရင့်နောင်ပွဲရုံ ဈေးကွက်ပေါက်ဈေးများအရ မတ်ပဲတစ်တန်လျှင် ငွေကျပ် ၃၅ သိန်းခွဲ ဝန်းကျင်သာပေါက်ဈေးရှိပြီး ပဲစင်းငုံတစ်တန်လျှင် ၃၈ သိန်းကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်းသိရသည်။ “အိန္ဒိယနဲ့ မြန်မာအကြားမှာ ပဲတင်ပို့မှု MOU သက်တမ်းကုန်သွားပါပြီ ၊ အိန္ဒိယဘက်မှာလည်း ပဲပေါ်ချိန်ဆိုတော့ ပြည်ပကတင်သွင်းတာတွေရပ်နားထားပါတယ်။ မြန်မာငွေကလဲပြင်ပပေါက်ဈေးတောင် တစ်ဒေါ်လာ ၄၅၀၀ ကျပ်ဝန်းကျင်ဘဲ ရှိနေတော့ ပဲဈေးကအကျဘက်မှာဘဲငြိမ်နေတာပေါ့”ဟု ပြည်တွင်း ပဲနှမ်းကုန်သည်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ မတ်ပဲနှင့်ပဲစင်းငုံသည် ပြည်ပသို့တင်ပို့မှု အများဆုံးပဲအမျိုးအစားများဖြစ်ကြပြီး နိုင်ငံခြားငွေအများဆုံးရှာဖွေပေးသည့် ပို့ကုန်များဖြစ်ကြသည်။ သက်ဆိုင်ရာက ပို့ကုန်ရငွေအပေါ် ၇၅/၂၅ ရာခိုင်နှုန်း သတ်မှတ်ချက်များ ထွက်ပေါ်လာအပြီးတွင် ပဲတင်ပို့သည့်လုပ်ငန်းရှင်အချို့သည် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာကြသည်။
zawgyi version
အိႏၵိယ ဝယ္လိုအားက်ဆင္းေနျခင္း ႏွင့္ ေငြလဲႏႈန္းေၾကာင့္ မတ္ပဲႏွင့္ပဲစင္းငုံေဈးက်ေန
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၃
ျပည္တြင္းပဲေဈးကြက္အတြင္း၌ အေမရိကန္ေဒၚလာႏွင့္ျမန္မာေငြလဲလွယ္ႏႈန္း က်ဆင္းေနသည့္အျပင္ အိႏၵိယႏိုင္ငံဘက္မွ ပဲဝယ္လိုအားက်ဆင္းေနျခင္းေၾကာင့္ ျပည္တြင္း ပဲေဈးႏႈန္းမ်ားက်ဆင္းေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
ဒီဇင္ဘာလ (၃) ရက္ ဘုရင့္ေနာင္ပြဲ႐ုံ ေဈးကြက္ေပါက္ေဈးမ်ားအရ မတ္ပဲတစ္တန္လွ်င္ ေငြက်ပ္ ၃၅ သိန္းခြဲ ဝန္းက်င္သာေပါက္ေဈးရွိၿပီး ပဲစင္းငုံတစ္တန္လွ်င္ ၃၈ သိန္းက်ပ္ဝန္းက်င္သာ ေပါက္ေဈးရွိေၾကာင္းသိရသည္။ “အိႏၵိယနဲ႔ ျမန္မာအၾကားမွာ ပဲတင္ပို႔မႈ MOU သက္တမ္းကုန္သြားပါၿပီ ၊ အိႏၵိယဘက္မွာလည္း ပဲေပၚခ်ိန္ဆိုေတာ့ ျပည္ပကတင္သြင္းတာေတြရပ္နားထားပါတယ္။ ျမန္မာေငြကလဲျပင္ပေပါက္ေဈးေတာင္ တစ္ေဒၚလာ ၄၅၀၀ က်ပ္ဝန္းက်င္ဘဲ ရွိေနေတာ့ ပဲေဈးကအက်ဘက္မွာဘဲၿငိမ္ေနတာေပါ့”ဟု ျပည္တြင္း ပဲႏွမ္းကုန္သည္တစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံ၏ မတ္ပဲႏွင့္ပဲစင္းငုံသည္ ျပည္ပသို႔တင္ပို႔မႈ အမ်ားဆုံးပဲအမ်ိဳးအစားမ်ားျဖစ္ၾကၿပီး ႏိုင္ငံျခားေငြအမ်ားဆုံးရွာေဖြေပးသည့္ ပို႔ကုန္မ်ားျဖစ္ၾကသည္။ သက္ဆိုင္ရာက ပို႔ကုန္ရေငြအေပၚ ၇၅/၂၅ ရာခိုင္ႏႈန္း သတ္မွတ္ခ်က္မ်ား ထြက္ေပၚလာအၿပီးတြင္ ပဲတင္ပို႔သည့္လုပ္ငန္းရွင္အခ်ိဳ႕သည္ အျခားစီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္လာၾကသည္။