ရာဂီနောက်ဆက်တွဲဒဏ်သင့် အင်းလေးဒေသ၏ စီးပွားရေးနလန်ထူရန် လိုအပ်မှုများရှိနေ
139
ချယ်ရီ(NP News)- ဖေဖော်ဝါရီ ၃
ရာဂီနောက်ဆက်တွဲဒဏ်သင့် အင်းလေးဒေသ၏ စီးပွားရေးနလန်ထူရန် လိုအပ်မှုများရှိနေကြောင်း မြေပြင်သို့ သွားရောက်ကူညီနေသော လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။
အင်းလေးဒေသတွင် ယခင်က စီးပွားရေးလုပ်ငန်းအဖြစ် ငါးဖမ်းခြင်း၊ ယက်ကန်းရက်လုပ်ခြင်းနှင့် ဆေးလိပ်လိပ်ခြင်းအပြင် ဒေသစီးပွားရေးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အခက်ခဲများကို ရင်ဆိုင်နေကြရကြောင်း သိရသည်။
“အခု လက်ရှိဒေသခံတွေရဲ့အပြောအရဆိုရင် ဒီအချိန်ဆိုလို့ရှိရင် သူတို့ရွာတွေလမ်းကိုဝင်တဲ့နေရာဆိုရင် ရေက(၃)ပေလောက်ပဲ ရှိရတော့မယ်ပေါ့နော်။ အခုရာဂီမုန်တိုင်းကြောင့် လက်ရှိအခြေနေအထိကို ခြောက်ပေ၊ ခုနစ်ပေလောက်အထိကို ရှိနေတုန်းပေါ့နော်။ ရွာတွေဝင်တဲ့ချောင်းတွေထဲမှာဆိုရင် ခုနစ်ပေလောက်အထိ ရေကရှိနေတုန်း ရှိသေးတယ်။ ရေကမကျဘူးမဟုတ်ဘူး။ ကျသွားပြီ။ ကျသွားပြီဆိုတာက လက်ရှိအနေအထားက အရင်ကနှစ်လောက် မကျတဲ့အခါကျတော့ ကျွန်းမျောတွေနဲ့ အပင်စိုက်တဲ့အခါမှာ နည်းနည်းအခက်အခဲဖြစ်ပြီးတော့ အခုသူတို့လက်ရှိဝင်ငွေ ဝင်ရမယ့်အချိန်မှာ ဝင်ငွေမဝင်တော့ဘူးပေါ့နော်။ သစ်ပင်တွေစိုက်ဖို့ အခက်ခဲတွေဖြစ်တဲ့အခါကျတော့ ကျွန်းမျောတွေပေါ်ဖို့ ပြန်စောင့်ရတာတွေ အဲဒီအချိန်တွေကို ပေးနေရတဲ့အတွက် အခုမှ ကျွန်းမျောပေါ်ကာစဖြစ်တဲ့အတွက် အခုတချို့နေရာတွေဆိုလို့ရှိရင် သစ်ပင်စိုက်ဖို့အတွက် အခုမှစပြီး လုပ်နေရတဲ့အခြေအနေတော့ ရှိသေးတယ်။ အဲဒီတော့ လက်တလောက ဝင်ငွေမရှိဘူး။ ရှိတာဆိုလို့ ဘာရှိမလဲ။ အင်းထဲမှာ ငါးဖမ်းမယ်။ ဆေးလိပ် လိပ်မယ်။ အဲဒီ(၂)ခုကလွဲရင် ကျန်တဲ့ဝင်ငွေ သူတို့မှာမရှိဘူး။ ကျွန်တော့်အမြင်ပြောတာပေါ့”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ဒေသခံများအနေဖြင့် ပျက်စီးသွားသောနေအိမ်များ၊ အဆောက်အဦများကို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေပြီး ခရီးသွားဝင်ရောက်မှုကလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သုံးပုံ၊တစ်ပုံခန့်သာ ရှိနေသေးကြောင်း ၎င်းက ရှင်းပြသည်။
“အင်းလေးမှာ သွားစရာဆိုလို့ရှိရင် တခြားနေရာတွေ သိပ်မရှိတော့ဘူး။ ဘာပြောပြော အင်းလေးဖောင်တော်ဦး သွားလို့ရမယ်။ အလိုတော်ပေါက်သွားလို့ရမယ်။ နောက်ကြောင်ခုန်ကျောင်းကို သွားလို့ရမယ်။ ရက်ကန်းစင်သွားလို့ရမယ်။ အဲဒီလောက်ပဲ သွားလို့ရတော့မယ်။ ကျန်တဲ့နေရာတွေကျတော့ ဒေသစိုးမိုးရေးတွေ အလွဲအမှားတွေ ရှိနေတဲ့အခါကျတော့ အဆင်မပြေတာတွေ ရှိတာပေါ့နော်။ သွားဖို့လာဖို့ခက်ခဲတာတွေ အရမ်းများနေတာပေါ့။ အဲဒီလိုအတိုင်းအတာလေးတွေရှိတော့ နိုင်ငံခြားခရီးသည်တွေရော၊ အခုပြည်တွင်းက သွားတဲ့ခရီးသည်တွေရော အကုန်လုံးက သွားရောက်လည်ပတ်မယ့်သူတွေက လက်ရှိအရင်တုန်းက သွားလာနေတဲ့(၁၀၀%)မှာဆိုရင် (၃၀%)လောက်တောင် မရှိတော့ဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။
Zawgyi Version:
ရာဂီေနာက္ဆက္တြဲဒဏ္သင့္ အင္းေလးေဒသ၏ စီးပြားေရးနလန္ထူရန္ လိုအပ္မႈမ်ားရွိေန
ခ်ယ္ရီ(NP News)- ေဖေဖာ္ဝါရီ ၃
ရာဂီေနာက္ဆက္တြဲဒဏ္သင့္ အင္းေလးေဒသ၏ စီးပြားေရးနလန္ထူရန္ လိုအပ္မႈမ်ားရွိေနေၾကာင္း ေျမျပင္သို႔ သြားေရာက္ကူညီေနေသာ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာသည္။
အင္းေလးေဒသတြင္ ယခင္က စီးပြားေရးလုပ္ငန္းအျဖစ္ ငါးဖမ္းျခင္း၊ ယက္ကန္းရက္လုပ္ျခင္းႏွင့္ ေဆးလိပ္လိပ္ျခင္းအျပင္ ေဒသစီးပြားေရးတိုးတက္ေစမည့္ ခရီးသြားလုပ္ငန္းရွိခဲ့ေသာ္လည္း ယခုေနာက္ပိုင္းတြင္ အခက္ခဲမ်ားကို ရင္ဆိုင္ေနၾကရေၾကာင္း သိရသည္။
“အခု လက္ရွိေဒသခံေတြရဲ႕အေျပာအရဆိုရင္ ဒီအခ်ိန္ဆိုလို႔ရွိရင္ သူတို႔႐ြာေတြလမ္းကိုဝင္တဲ့ေနရာဆိုရင္ ေရက(၃)ေပေလာက္ပဲ ရွိရေတာ့မယ္ေပါ့ေနာ္။ အခုရာဂီမုန္တိုင္းေၾကာင့္ လက္ရွိအေျခေနအထိကို ေျခာက္ေပ၊ ခုနစ္ေပေလာက္အထိကို ရွိေနတုန္းေပါ့ေနာ္။ ႐ြာေတြဝင္တဲ့ေခ်ာင္းေတြထဲမွာဆိုရင္ ခုနစ္ေပေလာက္အထိ ေရကရွိေနတုန္း ရွိေသးတယ္။ ေရကမက်ဘူးမဟုတ္ဘူး။ က်သြားၿပီ။ က်သြားၿပီဆိုတာက လက္ရွိအေနအထားက အရင္ကႏွစ္ေလာက္ မက်တဲ့အခါက်ေတာ့ ကြၽန္းေမ်ာေတြနဲ႔ အပင္စိုက္တဲ့အခါမွာ နည္းနည္းအခက္အခဲျဖစ္ၿပီးေတာ့ အခုသူတို႔လက္ရွိဝင္ေငြ ဝင္ရမယ့္အခ်ိန္မွာ ဝင္ေငြမဝင္ေတာ့ဘူးေပါ့ေနာ္။ သစ္ပင္ေတြစိုက္ဖို႔ အခက္ခဲေတြျဖစ္တဲ့အခါက်ေတာ့ ကြၽန္းေမ်ာေတြေပၚဖို႔ ျပန္ေစာင့္ရတာေတြ အဲဒီအခ်ိန္ေတြကို ေပးေနရတဲ့အတြက္ အခုမွ ကြၽန္းေမ်ာေပၚကာစျဖစ္တဲ့အတြက္ အခုတခ်ိဳ႕ေနရာေတြဆိုလို႔ရွိရင္ သစ္ပင္စိုက္ဖို႔အတြက္ အခုမွစၿပီး လုပ္ေနရတဲ့အေျခအေနေတာ့ ရွိေသးတယ္။ အဲဒီေတာ့ လက္တေလာက ဝင္ေငြမရွိဘူး။ ရွိတာဆိုလို႔ ဘာရွိမလဲ။ အင္းထဲမွာ ငါးဖမ္းမယ္။ ေဆးလိပ္ လိပ္မယ္။ အဲဒီ(၂)ခုကလြဲရင္ က်န္တဲ့ဝင္ေငြ သူတို႔မွာမရွိဘူး။ ကြၽန္ေတာ့္အျမင္ေျပာတာေပါ့”ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
ေဒသခံမ်ားအေနျဖင့္ ပ်က္စီးသြားေသာေနအိမ္မ်ား၊ အေဆာက္အဦမ်ားကို ျပန္လည္ျပင္ဆင္ျခင္းမ်ား ေဆာင္႐ြက္ေနၿပီး ခရီးသြားဝင္ေရာက္မႈကလည္း ယခင္ႏွစ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက သုံးပုံ၊တစ္ပုံခန႔္သာ ရွိေနေသးေၾကာင္း ၎က ရွင္းျပသည္။
“အင္းေလးမွာ သြားစရာဆိုလို႔ရွိရင္ တျခားေနရာေတြ သိပ္မရွိေတာ့ဘူး။ ဘာေျပာေျပာ အင္းေလးေဖာင္ေတာ္ဦး သြားလို႔ရမယ္။ အလိုေတာ္ေပါက္သြားလို႔ရမယ္။ ေနာက္ေၾကာင္ခုန္ေက်ာင္းကို သြားလို႔ရမယ္။ ရက္ကန္းစင္သြားလို႔ရမယ္။ အဲဒီေလာက္ပဲ သြားလို႔ရေတာ့မယ္။ က်န္တဲ့ေနရာေတြက်ေတာ့ ေဒသစိုးမိုးေရးေတြ အလြဲအမွားေတြ ရွိေနတဲ့အခါက်ေတာ့ အဆင္မေျပတာေတြ ရွိတာေပါ့ေနာ္။ သြားဖို႔လာဖို႔ခက္ခဲတာေတြ အရမ္းမ်ားေနတာေပါ့။ အဲဒီလိုအတိုင္းအတာေလးေတြရွိေတာ့ ႏိုင္ငံျခားခရီးသည္ေတြေရာ၊ အခုျပည္တြင္းက သြားတဲ့ခရီးသည္ေတြေရာ အကုန္လုံးက သြားေရာက္လည္ပတ္မယ့္သူေတြက လက္ရွိအရင္တုန္းက သြားလာေနတဲ့(၁၀၀%)မွာဆိုရင္ (၃၀%)ေလာက္ေတာင္ မရွိေတာ့ဘူးေပါ့ေနာ္” ဟု ၎က ေျပာသည္။