အမေရိကန်နိုင်ငံကတင်သွင်းတဲ့ ကုန်စည်တွေကို အခွန်ပြန်လည်ကောက်ယူမယ်လို့ တရုတ်အစိုးရ ပြော

 276

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၄

တရုတ်အစိုးရဟာ အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ တရုတ်ကုန်စည်တွေကို အခွန်ကောက်ခံမယ့် အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်တုံ့ပြန်မှုအဖြစ်တရုတ်နိုင်ငံထဲကို တင်သွင်းတဲ့အမေရိကန်ကုန်စည်တွေကို တုံ့ပြန်အခွန်ကောက်ခံမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအတွင်းကို တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေ ဝင်ရောက်နေခြင်း၊ တရားမဝင်မူးယစ်ဆေးဝါးတွေဝင်ရောက်နေခြင်းတွေကို ဟန့်တားနိုင်ဖို့အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်စည်တွေကို အခွန် (၁၀)ရာခိုင်နှုန်းကောက်ခံမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတက သတင်းထုတ်ပြန်ခဲ့ပြီးနောက် တရုတ်အစိုးရဟာ အမေရိကန်နိုင်ငံကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့မှာ တရားစွဲဖို့ ပြင်ဆင်ခဲ့သလို လက်ရှိအချိန်မှာတော့ အမေရိကန်ကုန် စည်တွေကိုအခွန်ကောက်ခံဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကိုပြစ်တင် ရှုတ်ချခဲ့ကြောင်း သိရပါတယ်။

တရုတ်အစိုးရက အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကသတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုချိုးဖောက်တာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြားကုန်သွယ်ရေးကို ထိခိုက်နစ်နာအောင်လုပ်ဆောင်လိုက်ခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။ တရုတ်အစိုးရက အမေရိကန်နိုင်ငံကိုတင်သွင်းနေတဲ့ ကားများ၊ စိုက်ပျိုးရေးပစ္စည်းများ၊ ရေနံစိမ်းများကိုအခွန် (၁၀)ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်သလို သဘာဝဓာတ်ငွေ့အရည်နဲ့ ကျောက်မီးသွေးများကိုအခွန် ၁၅ရာခိုင်နှုန်းကောက်ခံသွားမယ်လို့ ဆိုပါတယ်။တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း အပြန်အလှန် ကုန်သွယ်ခွန်တွေကောက်ခံကာ ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံအတွက် ကုန်စည်များအဓိကထားပို့နေတဲ့ နိုင်ငံဖြစ်ရာ အမေရိကန်နိုင်ငံက တရုတ်ကုန်စည်တွေကို အခွန်ကောက်ခံမယ့် အမိန့်က တရုတ်အစိုးရအတွက် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံကတင္သြင္းတဲ့ ကုန္စည္ေတြကို အခြန္ျပန္လည္ေကာက္ယူမယ္လို႔ တ႐ုတ္အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၄

တ႐ုတ္အစိုးရဟာ အေမရိကန္ႏိုင္ငံကိုတင္သြင္းတဲ့ တ႐ုတ္ကုန္စည္ေတြကို အခြန္ေကာက္ခံမယ့္ အေမရိကန္အစိုးရရဲ႕လုပ္ရပ္ကို လက္တုံ႔ျပန္မႈအျဖစ္တ႐ုတ္ႏိုင္ငံထဲကို တင္သြင္းတဲ့အေမရိကန္ကုန္စည္ေတြကို တုံ႔ျပန္အခြန္ေကာက္ခံမယ္လို႔ သတင္းထုတ္ျပန္လိုက္ပါတယ္။

အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္က အေမရိကန္ႏိုင္ငံအတြင္းကို တရားမဝင္ ေ႐ႊ႕ေျပာင္းသြားလာသူေတြ ဝင္ေရာက္ေနျခင္း၊ တရားမဝင္မူးယစ္ေဆးဝါးေတြဝင္ေရာက္ေနျခင္းေတြကို ဟန႔္တားႏိုင္ဖို႔အစိတ္အပိုင္းအျဖစ္ တ႐ုတ္ႏိုင္ငံက တင္သြင္းတဲ့ ကုန္စည္ေတြကို အခြန္ (၁၀)ရာခိုင္ႏႈန္းေကာက္ခံမယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းသတင္းထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္သမၼတက သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရဟာ အေမရိကန္ႏိုင္ငံကို ကမာၻ႔ ကုန္သြယ္ေရးအဖြဲ႕မွာ တရားစြဲဖို႔ ျပင္ဆင္ခဲ့သလို လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ကုန္ စည္ေတြကိုအခြန္ေကာက္ခံဖို႔ စီစဥ္လာခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ဘ႑ာေရးဝန္ႀကီးဌာနဟာ အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္ရဲ႕ ဆုံးျဖတ္ခ်က္ကိုျပစ္တင္ ရႈတ္ခ်ခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံဟာ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ကသတ္မွတ္ထားတဲ့ စည္းကမ္းေတြကိုခ်ိဳးေဖာက္တာျဖစ္ၿပီး အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကားကုန္သြယ္ေရးကို ထိခိုက္နစ္နာေအာင္လုပ္ေဆာင္လိုက္ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာပါတယ္။ တ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံကိုတင္သြင္းေနတဲ့ ကားမ်ား၊ စိုက္ပ်ိဳးေရးပစၥည္းမ်ား၊ ေရနံစိမ္းမ်ားကိုအခြန္ (၁၀)ရာခိုင္ႏႈန္း ေကာက္ခံသြားမွာျဖစ္သလို သဘာဝဓာတ္ေငြ႕အရည္နဲ႔ ေက်ာက္မီးေသြးမ်ားကိုအခြန္ ၁၅ရာခိုင္ႏႈန္းေကာက္ခံသြားမယ္လို႔ ဆိုပါတယ္။တ႐ုတ္ႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံတို႔ဟာေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း အျပန္အလွန္ ကုန္သြယ္ခြန္ေတြေကာက္ခံကာ ကုန္သြယ္ေရးစစ္ပြဲျဖစ္ခဲ့ဖူးေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံအတြက္ ကုန္စည္မ်ားအဓိကထားပို႔ေနတဲ့ ႏိုင္ငံျဖစ္ရာ အေမရိကန္ႏိုင္ငံက တ႐ုတ္ကုန္စည္ေတြကို အခြန္ေကာက္ခံမယ့္ အမိန႔္က တ႐ုတ္အစိုးရအတြက္ ထိုးႏွက္ခ်က္ျဖစ္လာဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.