Smart Village စီမံကိန်းများဖော်ဆောင်ရာတွင် ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်တင်ခြင်းလုပ်ငန်းစဉ်များကိုပါ ဆောင်ရွက်ပေးနေ
![](/img/icon_eye.svg)
161
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a2ef5cd1d5ff5254061143/banner-67a2ef5cd1d5ff5254061143-x800.png)
ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၅
Smart Village စီမံကိန်းများဖော်ဆောင်ရာတွင် ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်တင်ခြင်းလုပ်ငန်းစဉ်များကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက NP News သို့ ပြောသည်။
Smart Village စီမံကိန်းကို ကဏ္ဍကြီး(၆)ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေးတို့ကို အဓိကရည်ရွယ်ချက်အဖြစ် ထားရှိလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
“အဲဒီတော့ ဒီဟာတွေကိုထိရောက်ဖို့အတွက်ဆိုရင် အဓိကက ကျေးရွာတွေမှာ စီးပွားရေး ခိုင်မာ အားကောင်းနေဖို့လိုတာပေါ့။ အဲဒါကြောင့် Smart Village စီမံကိန်းမှာ ကဏ္ဍနှစ်ခုပေါ့။ သွင်းအားစုနဲ့ ငွေကြေးထောက်ပံ့ခြင်းဆိုတဲ့ ကဏ္ဍရယ်၊ ကျေးလက် စီးပွားမြင့်မားရေးဆိုတဲ့ကဏ္ဍရယ် အဲဒီကဏ္ဍနှစ်ခု ကို စီမံကိန်းကျေးရွာတွေမှာ ဦးစားပေးပြီးတော့ အကောင်ထည်ဖော်ဆောင်ရွက်ရတယ်။ ဒီကျေးရွာတွေ ရဲ့ စီးပွားရေး၊ ကျေးရွာတွေရဲ့ အသက်မွေးဝမ်းကြောင်း ဖွံ့ ဖြိုးရေးကိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော် တို့က ပုံ သေကားကျကြီး မချထားဘူး။ အဲဒီကျေးရွာရဲ့ အရင်း အမြစ်တွေက ဘာရှိလဲ၊ ဘယ်လိုစီးပွားရေး လုပ်ငန်းတွေကိုလုပ်မယ်ဆိုရင် အောင်မြင်နိုင်လဲဆိုတဲ့အပေါ် မှာအခြေခံပြီးတော့မှ သူတို့ကို မြေတောင် မြှောက်ပေး တဲ့အစီအစဉ်လေးတွေလုပ်ပါတယ်”ဟု ဒေါက်တာ ဇာနည်မင်းက ပြောသည်။ ထိုသို့ ရွာများ ၏ လိုအပ်ချက်အပေါ်မူတည်၍ ဆောင်ရွက်ပေးမှုများရှိရာ စိုက် ပျိုးရေးနှင့်မွေးမြူရေးအပိုင်းတွင် မျိုးစေ့ ထောက်ပံ့ပေးခြင်းများ၊ သွင်းအားစုထောက်ပံ့ပေးခြင်းများ၊ နည်းပညာသင်တန်းပေးခြင်းများနှင့် ငွေကြေးမတည်ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်းများပေးခြင်းအပါအဝင် စိုက်ပျိုး ရေး၊ မွေးမြူရေးကဏ္ဍများ ပိုမိုတိုးတက်ရန်အတွက် ငွေကြေးထောက်ပံ့ပေးခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“တတိယတစ်ချက်ကတော့ ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ နည်းပညာသင်တန်းပေါ့။ စိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်းတွေ ကျွန်တော်တို့ပေးတယ်။ ဥပမာအားဖြင့် စပါးစိုက်ပျိုးနည်း၊ နောက်တစ်ခါ ရိတ်သိမ်းချိန်လွန် သင်တန်းတွေ၊ နေကြာစိုက်ပျိုးနည်း စသည်ဖြင့် စိုက်ပျိုးရေးသင် တန်းတွေပေးတယ်။ နောက်တစ်ခါ မွေးမြူရေးလုပ်ငန်းတွေကို စနစ်တကျမွေးမြူနိုင်ဖို့အတွက် ကြက် မွေးမြူရေး၊ ဝက်မွေးမြူရေး ဒါမျိုးတွေကိုပေးပါတယ်။ နောက် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး သင်တန်းတွေပေးတယ်။ သဘာဝမြေဩဇာ ပြုလုပ်နည်းသင်တန်းတွေ ပေးတယ်။ ပြောချင်တာကတော့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနဲ့ဆက်စပ်တဲ့သင်တန်းတွေကို ကျွန်တော်တို့ ပေးပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ အဲဒီဟာတွေအပြင် ဘာထပ်လုပ်သေးလဲဆိုတော့ ငွေကြေးပေါ့။ အဓိကက ငွေကြေးမရှိလို့၊ ရှိရင်လည်း တောင်သူတွေအနေနဲ့က စိုက်ပျိုးဖို့၊ မွေးမြူဖို့အတွက် သူတို့ အဆင်မပြေနိုင်ဘူး။ အဲဒီတော့ ဒီစီမံကိန်းကို ကျေးရွာတွေမှာ မြစိမ်းရောင်စီမံကိန်းလို့ခေါ်တဲ့ ငွေကြေးထောက်ပံ့ပေးတဲ့ စီမံကိန်းကို ကျေးရွာ (၁၂၈)ရွာ အနက်က ကျေးရွာပေါင်း (၁၂၁)ရွာမှာ ကျွန်တော်တို့ ဆောင်ရွက်ပေးတယ်။ ငွေကျပ် အားဖြင့် ကျပ်(၃၆၃၀)သန်းကို နိုင်ငံတော်ကမတည်ပြီးတော့ ဆောင်ရွက်တာပေါ့”ဟု ဒေါက်တာဇာနည် မင်းက ဆိုသည်။
ထို့ပြင် Smart Village ကျေးရွာများက ဒေသထွက်ကုန်များကို ပိုမိုကောင်းမွန်သည့်ရလဒ်ရရှိစေ ရေးအတွက် တန်ဖိုးမြှင့်တင်ပေးသည့်လုပ်ငန်းစဉ်များကိုပါ တိုးချဲ့လုပ်ဆောင်ပေးလျက်ရှိကြောင်း ဒေါက် တာဇာနည်မင်းက ပြောသည်။ “ထူးခြားချက် ဘာရှိလဲဆိုတော့ တချို့ဒေသတွေမှာ Value Ad- ded လုပ် ငန်းလေးတွေကို တိုးချဲ့ဆောင်ရွက်ပေးတာ ရှိတယ်။ ဥပမာအားဖြင့်ဆိုရင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမှာဆိုရင် ကျွန်တော်တို့လုပ်တဲ့ Smart Village ရွာ ဘော်နင်းမှာဆိုရင် သူက အာလူးအထွက် များတယ်။ အာလူးမျိုးအထွက်ဈေးမှာ အထွက်ဈေးရှိတယ်။ အဲဒါမျိုးဆိုရင် အဲဒီရွာမှာ သွားပြီးတော့ ဒီ အာလူးတွေကို ထိန်းသိမ်းဖို့အတွက် ဆောင်ရွက်ပေးတယ်။ မကွေးတိုင်းဘက်မှာဆို ရာသီဥတုပူပြင်းတဲ့ အခါကျတော့ မီးဖိုချောင်သုံးသီးနှံလည်း သိပ်မစိုက်နိုင်ဘူး။ ပန်းမန်ပေါ့။ ဂန္ဓမာပန်း တို့ဘာတို့ဆို လုံးဝ မစိုက်နိုင်ဘူး။ အဲဒီလိုဒေသတွေမှာကျတော့ Green House တို့ Net House တို့ကို တည်ဆောက်ပေးပြီး တော့ အဲဒီအထဲမှာ ဥယျာဉ်ခြံအတွက် သစ်သီးဝလံတွေ စိုက်တာတွေ၊ ပြီတော့ကာ ပန်းစိုက်တာတွေလုပ် ပြီးတော့ အဲဒီရွာရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးပါတယ်။ ဒေသတစ်ခုနဲ့ တစ်ခုတော့ မတူ ဘူး။ အနေအထားပေါ် မူတည်ပြီးတော့ ပုံမှန်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်တာရှိတယ်။ နောက်ထပ် Value Added တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် လုပ်ပေးတာတွေ ရှိပါတယ် ဗျ” ဟု ဒေါက်တာ ဇာနည်မင်းကရှင်းပြသည်။ Smart Village စီမံကိန်းကို (၂၀၂၂)ခုနှစ်မှ စတင်၍ ဆောင် ရွက်ခဲ့ရာ စီမံကိန်းကာလ(၅)နှစ်ထဲမှ (၂)နှစ်ခွဲကျော်ကာလ အတွင်း ကျေးရွာ (၁၂၈) ရွာ၌ ဆောင်ရွက် လျက်ရှိရာ ပြီးခဲ့သည့်(၂၀၂၄)ခုနှစ် ဒီဇင်ဘာလဆန်းတွင် လျာ ထားလုပ်ငန်းပေါင်း (၁၆၆၄)ခု ရှိသည့် အနက်မှ (၁၀၃၁)ခုကို ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ယခု ဒီဇင်ဘာလကုန်အထိ ပြီးစီးမှုရာခိုင်နှုန်းမှာ (၈၈) ရာ ခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
zawgyi version
Smart Village စီမံကိန္းမ်ားေဖာ္ေဆာင္ရာတြင္ ေဒသထြက္ကုန္မ်ားကို တန္ဖိုးျမႇင့္တင္ျခင္းလုပ္ငန္းစဥ္မ်ားကိုပါ ေဆာင္႐ြက္ေပးေန
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၅
Smart Village စီမံကိန္းမ်ားေဖာ္ေဆာင္ရာတြင္ ေဒသထြက္ကုန္မ်ားကို တန္ဖိုးျမႇင့္တင္ျခင္းလုပ္ငန္းစဥ္မ်ားကိုပါ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ေဒါက္တာဇာနည္မင္းက NP News သို႔ ေျပာသည္။
Smart Village စီမံကိန္းကို က႑ႀကီး(၆)ရပ္ႏွင့္အညီ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိရာ ေက်းလက္ႏွင့္ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈ ကြာဟခ်က္မ်ား က်ဥ္းေျမာင္းေစေရးႏွင့္ ဆင္းရဲမႈေလွ်ာ့ခ်ႏိုင္ေရးတို႔ကို အဓိကရည္႐ြယ္ခ်က္အျဖစ္ ထားရွိလုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။
“အဲဒီေတာ့ ဒီဟာေတြကိုထိေရာက္ဖို႔အတြက္ဆိုရင္ အဓိကက ေက်း႐ြာေတြမွာ စီးပြားေရး ခိုင္မာ အားေကာင္းေနဖို႔လိုတာေပါ့။ အဲဒါေၾကာင့္ Smart Village စီမံကိန္းမွာ က႑ႏွစ္ခုေပါ့။ သြင္းအားစုနဲ႔ ေငြေၾကးေထာက္ပံ့ျခင္းဆိုတဲ့ က႑ရယ္၊ ေက်းလက္ စီးပြားျမင့္မားေရးဆိုတဲ့က႑ရယ္ အဲဒီက႑ႏွစ္ခု ကို စီမံကိန္းေက်း႐ြာေတြမွာ ဦးစားေပးၿပီးေတာ့ အေကာင္ထည္ေဖာ္ေဆာင္႐ြက္ရတယ္။ ဒီေက်း႐ြာေတြ ရဲ႕ စီးပြားေရး၊ ေက်း႐ြာေတြရဲ႕ အသက္ေမြးဝမ္းေၾကာင္း ဖြံ႕ ၿဖိဳးေရးကိုေဆာင္႐ြက္တဲ့အခါမွာ ကြၽန္ေတာ္ တို႔က ပုံ ေသကားက်ႀကီး မခ်ထားဘူး။ အဲဒီေက်း႐ြာရဲ႕ အရင္း အျမစ္ေတြက ဘာရွိလဲ၊ ဘယ္လိုစီးပြားေရး လုပ္ငန္းေတြကိုလုပ္မယ္ဆိုရင္ ေအာင္ျမင္ႏိုင္လဲဆိုတဲ့အေပၚ မွာအေျခခံၿပီးေတာ့မွ သူတို႔ကို ေျမေတာင္ ေျမႇာက္ေပး တဲ့အစီအစဥ္ေလးေတြလုပ္ပါတယ္”ဟု ေဒါက္တာ ဇာနည္မင္းက ေျပာသည္။ ထိုသို႔ ႐ြာမ်ား ၏ လိုအပ္ခ်က္အေပၚမူတည္၍ ေဆာင္႐ြက္ေပးမႈမ်ားရွိရာ စိုက္ ပ်ိဳးေရးႏွင့္ေမြးျမဴေရးအပိုင္းတြင္ မ်ိဳးေစ့ ေထာက္ပံ့ေပးျခင္းမ်ား၊ သြင္းအားစုေထာက္ပံ့ေပးျခင္းမ်ား၊ နည္းပညာသင္တန္းေပးျခင္းမ်ားႏွင့္ ေငြေၾကးမတည္ေပးမႈမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။
ထို႔ျပင္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဆိုင္ရာ နည္းပညာသင္တန္းမ်ားေပးျခင္းအပါအဝင္ စိုက္ပ်ိဳး ေရး၊ ေမြးျမဴေရးက႑မ်ား ပိုမိုတိုးတက္ရန္အတြက္ ေငြေၾကးေထာက္ပံ့ေပးျခင္းလုပ္ငန္းကိုပါ ေဆာင္႐ြက္ေပးေနေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။
“တတိယတစ္ခ်က္ကေတာ့ ကြၽန္ေတာ္တို႔ဘာလုပ္လဲဆိုေတာ့ နည္းပညာသင္တန္းေပါ့။ စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးဆိုင္ရာ နည္းပညာသင္တန္းေတြ ကြၽန္ေတာ္တို႔ေပးတယ္။ ဥပမာအားျဖင့္ စပါးစိုက္ပ်ိဳးနည္း၊ ေနာက္တစ္ခါ ရိတ္သိမ္းခ်ိန္လြန္ သင္တန္းေတြ၊ ေနၾကာစိုက္ပ်ိဳးနည္း စသည္ျဖင့္ စိုက္ပ်ိဳးေရးသင္ တန္းေတြေပးတယ္။ ေနာက္တစ္ခါ ေမြးျမဴေရးလုပ္ငန္းေတြကို စနစ္တက်ေမြးျမဴႏိုင္ဖို႔အတြက္ ၾကက္ ေမြးျမဴေရး၊ ဝက္ေမြးျမဴေရး ဒါမ်ိဳးေတြကိုေပးပါတယ္။ ေနာက္ ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး သင္တန္းေတြေပးတယ္။ သဘာဝေျမဩဇာ ျပဳလုပ္နည္းသင္တန္းေတြ ေပးတယ္။ ေျပာခ်င္တာကေတာ့ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးနဲ႔ဆက္စပ္တဲ့သင္တန္းေတြကို ကြၽန္ေတာ္တို႔ ေပးပါတယ္။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ အဲဒီဟာေတြအျပင္ ဘာထပ္လုပ္ေသးလဲဆိုေတာ့ ေငြေၾကးေပါ့။ အဓိကက ေငြေၾကးမရွိလို႔၊ ရွိရင္လည္း ေတာင္သူေတြအေနနဲ႔က စိုက္ပ်ိဳးဖို႔၊ ေမြးျမဴဖို႔အတြက္ သူတို႔ အဆင္မေျပႏိုင္ဘူး။ အဲဒီေတာ့ ဒီစီမံကိန္းကို ေက်း႐ြာေတြမွာ ျမစိမ္းေရာင္စီမံကိန္းလို႔ေခၚတဲ့ ေငြေၾကးေထာက္ပံ့ေပးတဲ့ စီမံကိန္းကို ေက်း႐ြာ (၁၂၈)႐ြာ အနက္က ေက်း႐ြာေပါင္း (၁၂၁)႐ြာမွာ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ေပးတယ္။ ေငြက်ပ္ အားျဖင့္ က်ပ္(၃၆၃၀)သန္းကို ႏိုင္ငံေတာ္ကမတည္ၿပီးေတာ့ ေဆာင္႐ြက္တာေပါ့”ဟု ေဒါက္တာဇာနည္ မင္းက ဆိုသည္။
ထို႔ျပင္ Smart Village ေက်း႐ြာမ်ားက ေဒသထြက္ကုန္မ်ားကို ပိုမိုေကာင္းမြန္သည့္ရလဒ္ရရွိေစ ေရးအတြက္ တန္ဖိုးျမႇင့္တင္ေပးသည့္လုပ္ငန္းစဥ္မ်ားကိုပါ တိုးခ်ဲ႕လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း ေဒါက္ တာဇာနည္မင္းက ေျပာသည္။ “ထူးျခားခ်က္ ဘာရွိလဲဆိုေတာ့ တခ်ိဳ႕ေဒသေတြမွာ Value Ad- ded လုပ္ ငန္းေလးေတြကို တိုးခ်ဲ႕ေဆာင္႐ြက္ေပးတာ ရွိတယ္။ ဥပမာအားျဖင့္ဆိုရင္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ကေလာမွာဆိုရင္ ကြၽန္ေတာ္တို႔လုပ္တဲ့ Smart Village ႐ြာ ေဘာ္နင္းမွာဆိုရင္ သူက အာလူးအထြက္ မ်ားတယ္။ အာလူးမ်ိဳးအထြက္ေဈးမွာ အထြက္ေဈးရွိတယ္။ အဲဒါမ်ိဳးဆိုရင္ အဲဒီ႐ြာမွာ သြားၿပီးေတာ့ ဒီ အာလူးေတြကို ထိန္းသိမ္းဖို႔အတြက္ ေဆာင္႐ြက္ေပးတယ္။ မေကြးတိုင္းဘက္မွာဆို ရာသီဥတုပူျပင္းတဲ့ အခါက်ေတာ့ မီးဖိုေခ်ာင္သုံးသီးႏွံလည္း သိပ္မစိုက္ႏိုင္ဘူး။ ပန္းမန္ေပါ့။ ဂႏၶမာပန္း တို႔ဘာတို႔ဆို လုံးဝ မစိုက္ႏိုင္ဘူး။ အဲဒီလိုေဒသေတြမွာက်ေတာ့ Green House တို႔ Net House တို႔ကို တည္ေဆာက္ေပးၿပီး ေတာ့ အဲဒီအထဲမွာ ဥယ်ာဥ္ၿခံအတြက္ သစ္သီးဝလံေတြ စိုက္တာေတြ၊ ၿပီေတာ့ကာ ပန္းစိုက္တာေတြလုပ္ ၿပီးေတာ့ အဲဒီ႐ြာရဲ႕စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေပးပါတယ္။ ေဒသတစ္ခုနဲ႔ တစ္ခုေတာ့ မတူ ဘူး။ အေနအထားေပၚ မူတည္ၿပီးေတာ့ ပုံမွန္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းေတြ လုပ္တာရွိတယ္။ ေနာက္ထပ္ Value Added တန္ဖိုးျမင့္ထုတ္ကုန္ေတြ ထုတ္လုပ္ဖို႔အတြက္ လုပ္ေပးတာေတြ ရွိပါတယ္ ဗ်” ဟု ေဒါက္တာ ဇာနည္မင္းကရွင္းျပသည္။ Smart Village စီမံကိန္းကို (၂၀၂၂)ခုႏွစ္မွ စတင္၍ ေဆာင္ ႐ြက္ခဲ့ရာ စီမံကိန္းကာလ(၅)ႏွစ္ထဲမွ (၂)ႏွစ္ခြဲေက်ာ္ကာလ အတြင္း ေက်း႐ြာ (၁၂၈) ႐ြာ၌ ေဆာင္႐ြက္ လ်က္ရွိရာ ၿပီးခဲ့သည့္(၂၀၂၄)ခုႏွစ္ ဒီဇင္ဘာလဆန္းတြင္ လ်ာ ထားလုပ္ငန္းေပါင္း (၁၆၆၄)ခု ရွိသည့္ အနက္မွ (၁၀၃၁)ခုကို ေဆာင္႐ြက္ၿပီးျဖစ္သည့္အတြက္ ယခု ဒီဇင္ဘာလကုန္အထိ ၿပီးစီးမႈရာခိုင္ႏႈန္းမွာ (၈၈) ရာ ခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္းသိရသည္။