ဂျပန်က ဖူဂျီတောင်မှာ တောင်တက်သမားတွေကို လွယ်ကူစွာ ပို့ဆောင်နိုင်ဖို့ တရုတ်လုပ် rubber-tyred tram ရထားတွေကို မျက်စိကျနေ

 139

ရောင်နီ (NP News) - နိုဝင်ဘာ ၁၈

ဂျပန်အာဏာပိုင်တွေက ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာ ဖူဂျီတောင်မှာ ကာဗွန်ခြေရာလျှော့ချဖို့နဲ့ လူအများ ပြည့်လျှံနေမှုကို လျှော့ချဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ် CRRC မှ ပြုလုပ်တဲ့ rubber-tyred tram ရထားစနစ် အသုံးပြု မယ်လို့ အဆိုပါကိစ္စနဲ့ ရင်းနှီးသူ အသိပညာရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဆိုပြုချက်အသစ်ဟာ ဒေသခံ ပဉ္စမမြောက် တောင်တက်စခန်း ယိုရှီဒါထရေးလ်နဲ့ တောင်ထိပ်ကို ဆက်သွယ်ပေးမယ့် light rail system မီးရထားစနစ် တည်ဆောက်မယ့် မူလအစီအစဉ်ကို အစားထိုးမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်သစ်ကို တောင်တက်သမားတွေ အသုံးပြုလေ့ရှိတဲ့ ရေပန်းအစားဆုံးလမ်းကြောင်း ယာမနာရှီ စီရင်စုမှာ မကြာမီ ကြေညာတော့မှာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ ပုဂ္ဂိုလ်က ပြောကြားပါတယ်။ အသေးစိတ်အချက်အလက် တွေကိုတော့ မသိရသေးပါဘူး။ ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံရဲ့အကျော်ကြားဆုံး ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်ပါ တယ်။
ဖူဂျီတောင်ရဲ့ပဉ္စမမြောက် ဘူတာရုံဟာ ရောက်ရှိလာတဲ့ ခရီးသည်တင်ဘတ်စ်ကားတွေနဲ့ ကားတွေ အဆက်မပြတ် ဝင်ရောက်မှုကြောင့် လေထုညစ်ညမ်းမှုတွေဖြစ်စေခဲ့ပြီး ဒီပြဿနာဟာ အာဏာပိုင်တွေ ခေါင်းခဲစရာဖြစ်လာခဲ့ပါတယ်။ အခုအစီအစဉ် ရထားလမ်းစနစ်အတွက် ကုန်ကျစရိတ်ကို အကြမ်းဖျင်းအားဖြင့် ယန်း ၁၄၀ ဘီလီယံ ထိ ခန့်မှန်းထား တယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္က ဖူဂ်ီေတာင္မွာ ေတာင္တက္သမားေတြကို လြယ္ကူစြာ ပို႔ေဆာင္ႏိုင္ဖို႔ တ႐ုတ္လုပ္ rubber-tyred tram ရထား ေတြကို မ်က္စိက်ေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈

ဂ်ပန္အာဏာပိုင္ေတြက ကမာၻလွည့္ခရီးသြား ဆြဲေဆာင္ရာေနရာ ဖူဂ်ီေတာင္မွာ ကာဗြန္ေျခရာေလွ်ာ့ခ်ဖို႔နဲ႔ လူအမ်ား ျပည့္လွ်ံေနမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ တ႐ုတ္ CRRC မွ ျပဳလုပ္တဲ့ rubber-tyred tram ရထားစနစ္ အသုံးျပဳ မယ္လို႔ အဆိုပါကိစၥနဲ႔ ရင္းႏွီးသူ အသိပညာရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

အဆိုျပဳခ်က္အသစ္ဟာ ေဒသခံ ပၪၥမေျမာက္ ေတာင္တက္စခန္း ယိုရွီဒါထေရးလ္နဲ႔ ေတာင္ထိပ္ကို ဆက္သြယ္ေပးမယ့္ light rail system မီးရထားစနစ္ တည္ေဆာက္မယ့္ မူလအစီအစဥ္ကို အစားထိုးမွာျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ အစီအစဥ္သစ္ကို ေတာင္တက္သမားေတြ အသုံးျပဳေလ့ရွိတဲ့ ေရပန္းအစားဆုံးလမ္းေၾကာင္း ယာမနာရွီ စီရင္စုမွာ မၾကာမီ ေၾကညာေတာ့မွာ ျဖစ္တယ္လို႔ အမည္မေဖာ္လိုသူ ပုဂၢိဳလ္က ေျပာၾကားပါတယ္။ အေသးစိတ္အခ်က္အလက္ ေတြကိုေတာ့ မသိရေသးပါဘူး။ ဖူဂ်ီေတာင္ဟာ ဂ်ပန္ႏိုင္ငံရဲ႕အေက်ာ္ၾကားဆုံး ခရီးသြားေနရာေတြထဲက တစ္ခုျဖစ္ပါ တယ္။
ဖူဂ်ီေတာင္ရဲ႕ပၪၥမေျမာက္ ဘူတာ႐ုံဟာ ေရာက္ရွိလာတဲ့ ခရီးသည္တင္ဘတ္စ္ကားေတြနဲ႔ ကားေတြ အဆက္မျပတ္ ဝင္ေရာက္မႈေၾကာင့္ ေလထုညစ္ညမ္းမႈေတြျဖစ္ေစခဲ့ၿပီး ဒီျပႆနာဟာ အာဏာပိုင္ေတြ ေခါင္းခဲစရာျဖစ္လာခဲ့ပါတယ္။ အခုအစီအစဥ္ ရထားလမ္းစနစ္အတြက္ ကုန္က်စရိတ္ကို အၾကမ္းဖ်င္းအားျဖင့္ ယန္း ၁၄၀ ဘီလီယံ ထိ ခန႔္မွန္းထား တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.