ရန်ကုန်မြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ည၌ ပံ့သကူလိုက်ကောက်စဉ် ကားတိုက်ခံ၍ သေဆုံးသူ(၃)ဦး ထက်မနည်းရှိ
1901
ချယ်ရီ (NP News)- နိုဝင်ဘာ ၁၆
ရန်ကုန်မြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ည၌ ပံ့သကူလိုက်ကောက်စဉ် ကားတိုက်ခံ၍ သေဆုံးသူ(၃)ဦး ထက်မနည်းရှိခဲ့ကြောင်း နယ်မြေခံပရဟိတအသင်းများထံမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာ ၁၅ ရက်)၊ တန်ဆောင်မုန်းလပြည့်နေ့၊ ညပိုင်းတွင် ရန်ကုန်မြို့ရှိ ကားလမ်းများပေါ်တွင် ပံ့သကူပစ်သူများ နှင့် လိုက်လံကောက်ယူသူများဖြင့် စည်ကားခဲ့ပြီး ယာဉ်တိုက်ခံရမှုများလည်း (၇)ကြိမ် ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့က အစ်ကိုတို့ဖြစ်စဉ်ပြီးတော့ (၉)နာရီဝန်းကျင်လောက်မှာ ထောက်ကြန့်ဘုရားလေး အကွေ့မှာ ပံ့သကူ ကောက်ရင်းနဲ့ ကောင်လေး (၂)ယောက် ကားလမ်းပေါ်မှာပဲ ပွဲချင်းပြီး သေသွားတယ်။ နောက်ပြီး တာမွေ ဘက်တွေမှာလည်း ကားတိုက်ခံရတာတွေ့တယ်။ နောက် စမ်းချောင်းဘက်မှာလည်း တိုက်တာတွေ့တယ်။ တချို့က မသေပေမယ့်လည်း ဒဏ်ရာရတဲ့သူတွေ ရှိတယ်” ဟု ကနောင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ယမန်နေ့၊ ည ၈ နာရီ ၃ဝ မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံ ၊ပုလဲလမ်းတွင် ကားလမ်းမပေါ် ပံ့သကူငွေ လိုက်လံကောက်ယူစဉ် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
“အဲဒီနားက မျက်မြင်တွေရဲ့ပြောပြချက်ပေါ့နော်။ အဲဒီအနား ပတ်ဝန်းကျင်မှာနေတဲ့ မိသားစုက အရှေ့ကားကနေ ပိုက်ဆံ ကြဲသွားတော့ သူက ကလေးတွေနဲ့ ကားလမ်းမအလယ်ကို တက်ကောက်လိုက်တာ။ အဲဒီနေရာကလည်း မှောင်လည်း မှောင်နေတော့ မီးတိုင်တွေ၊ ဘာတွေလည်း မရှိတော့ အဲဒီမှာ နောက်က ကားတစ်စီးက သူတို့ကို လမ်းအလယ်မှာ တိုက်မိသွားတယ်။ ကလေးတွေကိုတော့ မတိုက်မိဘူး။ အမေကိုတော့ တိုက်မိသွားတယ်။ ဖြစ်တဲ့နေရာကလည်း တကယ့်လမ်းအလယ်တည့်တည့်မှာပဲ ကားတိုက်လိုက်တော့ ကွန်ကရစ်လမ်းပေါ် ကျသွား တာ။ ဦးခေါင်းဒဏ်ရာ အပြင်းအထန်ဒဏ်ရာ ရနေတယ်ပေါ့။ အစ်ကိုတို့ စသယ်တုန်းက အသက်ရှိနေသေးတယ်။ ဆေးရုံရောက်ပြီး (၁၅)မိနစ်လောက်မှ သေသွားတာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့ပြင် ထောက်ကြန့်မြို့နယ်တွင်လည်း ပံ့သကူလိုက်ကောက်စဉ် ကားတိုက်ခံရ၍ အမျိုးသား(၂)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ တာမွေမြို့နယ်တွင်လည်း ကားလမ်းပေါ်တွင် ရှေ့ကားမှ ပံ့သကူပစ်သွားသည်ကို လိုက်ကောက်စဉ် နောက်ကားတိုက်ခံ၍ (၅)ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Zawgyi Version;
ရန္ကုန္ၿမိဳ႕တြင္ တန္ေဆာင္မုန္းလျပည့္ေန႔ည၌ ပံ့သကူလိုက္ေကာက္စဥ္ ကားတိုက္ခံ၍ ေသဆုံးသူ(၃)ဦး ထက္မနည္းရွိ
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၁၆
ရန္ကုန္ၿမိဳ႕တြင္ တန္ေဆာင္မုန္းလျပည့္ေန႔ည၌ ပံ့သကူလိုက္ေကာက္စဥ္ ကားတိုက္ခံ၍ ေသဆုံးသူ(၃)ဦး ထက္မနည္းရွိခဲ့ေၾကာင္း နယ္ေျမခံပရဟိတအသင္းမ်ားထံမွ သိရသည္။
ယမန္ေန႔(ႏိုဝင္ဘာ ၁၅ ရက္)၊ တန္ေဆာင္မုန္းလျပည့္ေန႔၊ ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ကားလမ္းမ်ားေပၚတြင္ ပံ့သကူပစ္သူမ်ား ႏွင့္ လိုက္လံေကာက္ယူသူမ်ားျဖင့္ စည္ကားခဲ့ၿပီး ယာဥ္တိုက္ခံရမႈမ်ားလည္း (၇)ႀကိမ္ ထက္မနည္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“မေန႔က အစ္ကိုတို႔ျဖစ္စဥ္ၿပီးေတာ့ (၉)နာရီဝန္းက်င္ေလာက္မွာ ေထာက္ၾကန႔္ဘုရားေလး အေကြ႕မွာ ပံ့သကူ ေကာက္ရင္းနဲ႔ ေကာင္ေလး (၂)ေယာက္ ကားလမ္းေပၚမွာပဲ ပြဲခ်င္းၿပီး ေသသြားတယ္။ ေနာက္ၿပီး တာေမြ ဘက္ေတြမွာလည္း ကားတိုက္ခံရတာေတြ႕တယ္။ ေနာက္ စမ္းေခ်ာင္းဘက္မွာလည္း တိုက္တာေတြ႕တယ္။ တခ်ိဳ႕က မေသေပမယ့္လည္း ဒဏ္ရာရတဲ့သူေတြ ရွိတယ္” ဟု ကေနာင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ယမန္ေန႔၊ ည ၈ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ေ႐ႊျပည္သာၿမိဳ႕နယ္၊ ၁၄ လမ္းဆုံ ၊ပုလဲလမ္းတြင္ ကားလမ္းမေပၚ ပံ့သကူေငြ လိုက္လံေကာက္ယူစဥ္ အမ်ိဳးသမီးတစ္ဦး ကားတိုက္ခံရ၍ ေသဆုံးသြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။
“အဲဒီနားက မ်က္ျမင္ေတြရဲ႕ေျပာျပခ်က္ေပါ့ေနာ္။ အဲဒီအနား ပတ္ဝန္းက်င္မွာေနတဲ့ မိသားစုက အေရွ႕ကားကေန ပိုက္ဆံ ႀကဲသြားေတာ့ သူက ကေလးေတြနဲ႔ ကားလမ္းမအလယ္ကို တက္ေကာက္လိုက္တာ။ အဲဒီေနရာကလည္း ေမွာင္လည္း ေမွာင္ေနေတာ့ မီးတိုင္ေတြ၊ ဘာေတြလည္း မရွိေတာ့ အဲဒီမွာ ေနာက္က ကားတစ္စီးက သူတို႔ကို လမ္းအလယ္မွာ တိုက္မိသြားတယ္။ ကေလးေတြကိုေတာ့ မတိုက္မိဘူး။ အေမကိုေတာ့ တိုက္မိသြားတယ္။ ျဖစ္တဲ့ေနရာကလည္း တကယ့္လမ္းအလယ္တည့္တည့္မွာပဲ ကားတိုက္လိုက္ေတာ့ ကြန္ကရစ္လမ္းေပၚ က်သြား တာ။ ဦးေခါင္းဒဏ္ရာ အျပင္းအထန္ဒဏ္ရာ ရေနတယ္ေပါ့။ အစ္ကိုတို႔ စသယ္တုန္းက အသက္ရွိေနေသးတယ္။ ေဆး႐ုံေရာက္ၿပီး (၁၅)မိနစ္ေလာက္မွ ေသသြားတာ” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
ထို႔ျပင္ ေထာက္ၾကန႔္ၿမိဳ႕နယ္တြင္လည္း ပံ့သကူလိုက္ေကာက္စဥ္ ကားတိုက္ခံရ၍ အမ်ိဳးသား(၂)ဦး ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အလားတူ တာေမြၿမိဳ႕နယ္တြင္လည္း ကားလမ္းေပၚတြင္ ေရွ႕ကားမွ ပံ့သကူပစ္သြားသည္ကို လိုက္ေကာက္စဥ္ ေနာက္ကားတိုက္ခံ၍ (၅)ဦးထက္မနည္း ထိခိုက္ ဒဏ္ရာရရွိခဲ့သည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။