သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်

 339

နာမူ (NP News) - နိုဝင်ဘာ ၁၆

ယခုလ နိုဝင်ဘာလ(၁၁)ရက်မှ စတင်ကာ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ နာနတ်သီးများကို တရုတ်နိုင်ငံ သို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ကြေညာချက်အရ သိရသည်။
ယင်းကြေညာချက်ကို ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်) က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ကြေညာချက်တွင် နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို သတ်မှတ်ချက်များ နှင့် ကိုက်ညီပါက တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံများမှ နာနတ်သီးများနှင့်မတူဘဲ တစ်မူထူးခြားသော သစ်သီးမွှေးရနံ့ရှိပြီး အသီးအရသာမှာလည်း ချိုချဉ်လတ်ဆတ်ကာ အရည်ရွှမ်းသောကြောင့် တရုတ်နိုင်ငံအတွင်းရှိ စားသုံးသူများကို အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့ကြောင်းလည်း ကြေညာချက်အရ သိရသည်။

လက်ရှိအချိန်သည် နာနတ်သီးပေါ်ချိန်မတိုင်ခင်ကာလဖြစ်သောကြောင့် ဈေးကွက်အပြောင်းအလဲကို ခန့်မှန်းရခက် ကြောင်း အောင်ပန်းမြို့ခံ အောင်ပြည့်စုံသစ်သီးပွဲရုံမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။
မြန်မာ့နာနတ်သီးကို ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနှင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသများတွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး ပုံမှန်အားဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် အိမ်နီးချင်းနိုင်ငံများသို တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။

လက်ရှိ တရုတ်သံရုံး၏ ကြေညာချက်အရ မြန်မာ့နာနတ်သီးများကို တရားဝင်တင်သွင်းမည်ဖြစ်ရာ ပြည်တွင်း သစ်သီး ဝလံဈေးကွက်၌ အပြောင်းအလဲများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

Zawgyi Version;
သတ္မွတ္ခ်က္ႏွင့္ကိုက္ညီသည့္ ျမန္မာႏိုင္ငံမွ နာနတ္သီးမ်ားကို တ႐ုတ္ႏိုင္ငံသို႔ တင္သြင္းခြင့္ျပဳမည္
နာမူ (NP News) - ႏိုဝင္ဘာ ၁၆

ယခုလ ႏိုဝင္ဘာလ(၁၁)ရက္မွ စတင္ကာ သတ္မွတ္ခ်က္ႏွင့္ကိုက္ညီသည့္ ျမန္မာႏိုင္ငံမွ နာနတ္သီးမ်ားကို တ႐ုတ္ႏိုင္ငံ သို႔ တင္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး၏ ေၾကညာခ်က္အရ သိရသည္။
ယင္းေၾကညာခ်က္ကို ယမန္ေန႔ (ႏိုဝင္ဘာလ ၁၅ ရက္) က ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး၏ လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္ အသိေပးေၾကညာခဲ့ျခင္းျဖစ္သည္။

ေၾကညာခ်က္တြင္ ႏိုဝင္ဘာ ၁၁ ရက္မွ စတင္ကာ ျမန္မာႏိုင္ငံမွ လတ္ဆတ္ေသာ နာနတ္သီးမ်ားကို သတ္မွတ္ခ်က္မ်ား ႏွင့္ ကိုက္ညီပါက တ႐ုတ္ႏိုင္ငံသို႔ တင္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ ျမန္မာ့နာနတ္သီးမ်ားသည္ အျခားႏိုင္ငံမ်ားမွ နာနတ္သီးမ်ားႏွင့္မတူဘဲ တစ္မူထူးျခားေသာ သစ္သီးေမႊးရနံ႔ရွိၿပီး အသီးအရသာမွာလည္း ခ်ိဳခ်ဥ္လတ္ဆတ္ကာ အရည္႐ႊမ္းေသာေၾကာင့္ တ႐ုတ္ႏိုင္ငံအတြင္းရွိ စားသုံးသူမ်ားကို အလြယ္တကူ ဆြဲေဆာင္ႏိုင္ခဲ့ေၾကာင္းလည္း ေၾကညာခ်က္အရ သိရသည္။

လက္ရွိအခ်ိန္သည္ နာနတ္သီးေပၚခ်ိန္မတိုင္ခင္ကာလျဖစ္ေသာေၾကာင့္ ေဈးကြက္အေျပာင္းအလဲကို ခန႔္မွန္းရခက္ ေၾကာင္း ေအာင္ပန္းၿမိဳ႕ခံ ေအာင္ျပည့္စုံသစ္သီးပြဲ႐ုံမွ တာဝန္ရွိသူတစ္ဦးက သုံးသပ္ေျပာၾကားသည္။
ျမန္မာ့နာနတ္သီးကို ရွမ္းျပည္ေျမာက္ပိုင္း၊ ရွမ္းျပည္ေတာင္ပိုင္းႏွင့္ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသမ်ားတြင္ အမ်ားဆုံး စိုက္ပ်ိဳးျဖစ္ထြန္းၿပီး ပုံမွန္အားျဖင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွတဆင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားသို တင္ပို႔ ေရာင္းခ်ေနျခင္းျဖစ္သည္။

လက္ရွိ တ႐ုတ္သံ႐ုံး၏ ေၾကညာခ်က္အရ ျမန္မာ့နာနတ္သီးမ်ားကို တရားဝင္တင္သြင္းမည္ျဖစ္ရာ ျပည္တြင္း သစ္သီး ဝလံေဈးကြက္၌ အေျပာင္းအလဲမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.