ရွှေလုပ်ငန်းလုပ်ကိုင်သူများအားလုံး နိုဝင်ဘာလ ၁၈ ရက်မှစ၍ လုပ်ငန်းလိုင်စင်လျှောက်ထားရမည်
3556
စော (NP News) - နိုဝင်ဘာ ၁၄
ရွှေလုပ်ငန်းလုပ်ကိုင်သူများအားလုံး နိုဝင်ဘာလ ၁၈ ရက်မှစ၍ လုပ်ငန်းလိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန် ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
"ရွှေမှောင်ခိုတို့ လေပတ်ကားတို့ ပျောက်အောင်လို့ လုပ်တာပေါ့"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News ကိုပြောသည်။
ထို့ကြောင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သက်ဆိုင်ရာလျှောက်လွှာပုံစံပါ လုပ်ငန်းပမာဏ၏ (၂၅)ရာခိုင်နှုန်းကိုလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံငွေရှိရန်နှင့် ယင်းငွေရှိကြောင်း ဘဏ်စာရင်းရှင်းတမ်း၊ တစ်လအတွင်းအများဆုံး ရွှေရောင်းဝယ်မှုပြုလုပ်နိုင်သည့်ပမာဏ (ပိဿာ၊ကျပ်သား သို့မဟုတ် ဂရမ်၊ ထရိုင်အောင်စ) ဖြင့် ဖော်ပြပေးရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာရွှေလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်မှန်ကန်ကြောင်း ထောက်ခံချက်နှင့် လျှောက်လွှာတွင်ဖြည့်သွင်းသည့် လက်ရှိနေရပ်လိပ်စာတွင် အမှန်တကယ် နေထိုင်လျက်ရှိကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်များလည်း လိုအပ်ကြောင်း သိရသည်။
အလားတူ ပြည်တွင်းအခွန်များဦးစီးဌာနကထုတ်ပေးသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်နှင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာမည်ဖြစ်ကြောင်း ကာယကံရှင်၏ ဝန်ခံကတိပြုချက်လည်း လိုအပ်ကြောင်း သိရသည်။
လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းကို လာမည့် နိုဝင်ဘာလ ၁၈ ရက်မှစ၍ သုံးလအတွင်း လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ေ႐ႊလုပ္ငန္းလုပ္ကိုင္သူမ်ားအားလုံး ႏိုဝင္ဘာလ ၁၈ ရက္မွစ၍ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရမည္
ေစာ (NP News) - ႏိုဝင္ဘာ ၁၄
ေ႐ႊလုပ္ငန္းလုပ္ကိုင္သူမ်ားအားလုံး ႏိုဝင္ဘာလ ၁၈ ရက္မွစ၍ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက အေရး ႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈဥပေဒအရ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၅ ရက္က ျပည္ေထာင္စုအစိုးရအဖြဲ႕ကအပ္ႏွင္းသည့္ အမိန႔္ထုတ္ျပန္ႏိုင္ခြင့္ကို က်င့္သုံး၍ ေ႐ႊေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီးဝန္ ေဆာင္မႈအျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။
"ေ႐ႊေမွာင္ခိုတို႔ ေလပတ္ကားတို႔ ေပ်ာက္ေအာင္လို႔ လုပ္တာေပါ့"ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးမ်ိဳးျမင့္က NP News ကိုေျပာသည္။
ထို႔ေၾကာင့္ ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရာတြင္ သက္ဆိုင္ရာေလွ်ာက္လႊာပုံစံပါ လုပ္ငန္းပမာဏ၏ (၂၅)ရာခိုင္ႏႈန္းကိုလုပ္ငန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံေငြရွိရန္ႏွင့္ ယင္းေငြရွိေၾကာင္း ဘဏ္စာရင္းရွင္းတမ္း၊ တစ္လအတြင္းအမ်ားဆုံး ေ႐ႊေရာင္းဝယ္မႈျပဳလုပ္ႏိုင္သည့္ပမာဏ (ပိႆာ၊က်ပ္သား သို႔မဟုတ္ ဂရမ္၊ ထ႐ိုင္ေအာင္စ) ျဖင့္ ေဖာ္ျပေပးရန္ လိုအပ္ေၾကာင္း သိရသည္။
ထို႔ျပင္ သက္ဆိုင္ရာၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ကန႔္ကြက္ရန္မရွိေၾကာင္း ေထာက္ခံခ်က္၊ သက္ဆိုင္ရာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕၏ ျပစ္မႈကင္းရွင္းေၾကာင္း ေထာက္ခံခ်က္၊ သက္ဆိုင္ရာေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၏ အသင္းဝင္မွန္ကန္ေၾကာင္း ေထာက္ခံခ်က္ႏွင့္ ေလွ်ာက္လႊာတြင္ျဖည့္သြင္းသည့္ လက္ရွိေနရပ္လိပ္စာတြင္ အမွန္တကယ္ ေနထိုင္လ်က္ရွိေၾကာင္း သက္ဆိုင္ရာရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး႐ုံး၏ ေထာက္ခံခ်က္မ်ားလည္း လိုအပ္ေၾကာင္း သိရသည္။
အလားတူ ျပည္တြင္းအခြန္မ်ားဦးစီးဌာနကထုတ္ေပးေသာ အခြန္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္၊ သက္ဆိုင္ရာစည္ပင္သာယာေရးအဖြဲ႕၏ လုပ္ငန္းလိုင္စင္ႏွင့္ ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္း ဝန္ေဆာင္မႈလုပ္ငန္းႏွင့္စပ္လ်ဥ္း၍ ထုတ္ျပန္သည့္ အမိန႔္ေၾကာ္ျငာစာ၊ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္မ်ားကို တိက်စြာလိုက္နာမည္ျဖစ္ေၾကာင္း ကာယကံရွင္၏ ဝန္ခံကတိျပဳခ်က္လည္း လိုအပ္ေၾကာင္း သိရသည္။
လုပ္ငန္းလိုင္စင္ေလွ်ာက္ထားျခင္းကို လာမည့္ ႏိုဝင္ဘာလ ၁၈ ရက္မွစ၍ သုံးလအတြင္း ေလွ်ာက္ထားရမည္ျဖစ္ၿပီး သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားကို လိုက္နာျခင္းမရွိပါက သယံဇာတႏွင့္သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက အေရးႀကီးကုန္စည္ဝန္ေဆာင္မႈဥပေဒပုဒ္မ ၅ အရ အေရးယူသြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။