နွေရာသီ၌လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနိုင်သည့်အတွက် ဖြေရှင်းရန်နည်းလမ်းများ လုပ်ငန်းရှင်နှင့်လူထုက ရှာဖွေနေကြရ
487
ယွန်း (NP News) - နိုဝင်ဘာ ၁၂
ယခုနွေရာသီ၌ လျှပ်စစ်မီးပြတ်တောက်မှု ပိုမို ဆိုးရွားလာနိုင်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဖြေရှင်းရန်နည်းလမ်းများကို ရှာဖွေနေကြရကြောင်း စက်မှုဇုန်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။
စက်မှုဇုန်များ၌ ပြီးခဲ့သည့် အောက်တိုဘာလ လယ်ပိုင်းမှစ၍ တစ်နေ့လျှင်လျှပ်စစ်မီး (၄)နာရီသာ ရရှိနေခြင်းဖြစ်ပြီး ဆီဖိုးကုန်ကျစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်များ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ "လျှပ်စစ်မီးက တစ်နေ့(၄)နာရီပဲ ရတော့တယ်။ အချိန်ကလည်း သိပ်မမှန်ဘူး။ (၄)နာရီ အပြည့်ရတဲ့နေ့လည်းရှိတယ်၊ မရတဲ့နေ့လည်းရှိတယ်။ အရင်တုန်းက(၈)နာရီပေးလိုက်သေးတယ်။ ကြာတော့ကြာပါပြီ ခဏပဲရလိုက်တယ်။ အဲဒီ နောက်ပိုင်းမှာ(၄)နာရီပေးတဲ့ရက်လည်းရှိတယ်။ (၆)နာရီပေးတဲ့ရက်လည်းရှိတယ်။ တစ်နေ့လုံးပေးတာကတော့ မရှိသလောက်ပါပဲ။ အခုကတော့(၄)နာရီ ပုံသေဖြစ် သွားတာပေါ့။ အခုက ဆီဖိုးပိုကုန်တယ်။ မီးစက် အရင်သုံးရတဲ့အတွက်လည်း ထိန်းသိမ်းခတွေ ပိုကုန်တာပေါ့။ မလိုလားအပ်တဲ့ကုန်ကျစရိတ်တွေ ပိုများလာတယ်"ဟု ရွှေပေါက်ကံစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
နိုင်ငံအတွင်း၌ နှစ်စဉ်လျှပ်စစ်ဓာတ်အား (၉) ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း မဂ္ဂါဝပ် (၅၄၈၃) မဂ္ဂါဝပ်လိုအပ်သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေ ဖြင့် ယခုကာလတွင် တစ် ရက်ပျမ်းမျှ(၂၈၀ဝ)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး လိုအပ်ချက် ၏ (၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် လုပ်သားရှားပါးမှုအပြင် လျှပ်စစ်မီးပြဿနာကိုပါ ရင်ဆိုင်နေရပြီး ယခုနွေရာသီ၌ လျှပ်စစ်မီးပြတ် တောက်မှု ပိုမိုဆိုးရွားလာနိုင်ခြင်းကြောင့် ဖြေရှင်းရန်နည်းလမ်းများကို ရှာဖွေနေရကြောင်း အထက်ပါ လုပ်ငန်းရှင်က ဆက်လက်ပြောသည်။
"ပုံမှန်ဆိုရင်တော့ နွေရာသီမှသာပျက်တာ ဒီ အချိန်ဆို ဒီလောက်ကြီးပျက်တာမရှိဘူး။ အခုကတော့ ဒီအချိန်မှာတောင်ဒီလောက်ပျက်နေတယ်ဆိုရင် နွေ ရာသီဆို ပိုဆိုးမယ်လို့ မျှော်မှန်းထားပြီးသား။ မီးပျက် တာပိုဆိုးလာနိုင်တယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အနေနဲ့ကတော့ စိုးရိမ်တယ်ဆိုတာထက် မီးထပ်ပြီး ပျက်မယ်ဆိုတာ သေချာနေပြီဆိုတော့ ဘယ်လို ဖြေ ရှင်းမလဲဆိုတာပဲ စဉ်းစားကြတယ်။ အကုန်လုံးကတော့ မီးစက်အနည်းဆုံး (၂) လုံးလောက်ရှိကြတယ်။ လုပ်ငန်းရှင်တွေအကုန်လုံး ဒီလိုပဲစဉ်းစားကြတယ်။ အမြတ်ပိုနည်းမယ်။ နောက်ဆုံးမြတ်ချင်မှလည်းမြတ် မယ်။ အရင်းအတိုင်းလုပ်ရမယ်။ ဒါပေမဲ့ စက်ရုံ သမားတွေကတော့ လွယ်လွယ်နဲ့ ရပ်လိုက်လို့မရဘူး လေ။ အသေးဆုံး ကုမ္ပဏီတောင် ဝန်ထမ်းက(၄၀ဝ)(၅၀ဝ)လောက်ရှိတယ်။ ဒီဝန်ထမ်းတွေကို အလုပ် ဖြုတ်ပစ်ဖို့ဆိုတာတော့ မလွယ်ဘူးလေ။ မရှုံးသေးသရွေ့တော့ တောင့်ခံနေဦးမှာပဲ"ဟု ၄င်းက ပြော သည်။ လက်ရှိတွင် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် (၂၃၀) ကေဗီ၊ (၁၃၂) ကေဗီဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ် အား (၁၄၈၇ မဂ္ဂါဝပ်) အသားတင်လျော့နည်း ထုတ်လုပ်နေရကြောင်း ဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခနှုန်းထားများကိုပြင်ဆင်သတ်မှတ်လိုက်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ(၃၀)ရက်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တွင် လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်မီး ပိုမိုရရှိနိုင်ရေးကိုလည်း ဆန္ဒရှိနေကြောင်းသိရသည်။
"မီတာခကတော့ (၃)ဆလောက်တက်တယ်။ ဓာတ်အားမလုံလောက်မှုကလည်းဖြစ်နေတာကို။ နိုင်ငံရေးအခြေအနေကြောင့် မလည်ပတ်နိုင်တဲ့ဟာတွေလည်းရှိနေတယ်။ ကျွန်တော်တို့လည်း ကြားပါ တယ်။ အခုကတော့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေဘက်ကလည်း ညည်းတော့ ညည်းနေကြတယ်။ လုပ်ငန်းရပ်ဆိုင်းမယ်တော့မကြားသေးဘူး။ ရနိုင်သမျှတော့ လုပ်တော့လုပ်ကြဦးမှာ။ မီးပြဿနာထက် လုပ်သား ရှားပါးမှုပြဿနာက ပိုဆိုးနေတာ။ အခုဆို လုပ်သား ရှားပါးမှုရော၊ မီးပြဿနာကိုရော ရင်ဆိုင်နေကြရတယ်"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို တစ်ကြိမ်လျှင် လေးနာရီဖြင့် တစ်ရက်လျှင် နှစ်ကြိမ် လျှပ်စစ်မီးဖြတ်တောက်သွားမည်ဖြစ်ပြီး တစ်နေ့လျှင် (၈)နာရီ မီးပျက်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိ နေသည်။ ပြီးခဲ့သည့် (၂၀၂၁) ခုနှစ်တွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ (၅၆) ရာခိုင်နှုန်းရှိရာမှ ယခု (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလတွင် (၆၈)ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ်လျှင် စုစုပေါင်း အိမ်ခြေ(၃၅၀ဝ)ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီး ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်တွင် တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းသည် (၃၇၈) ကီလိုဝပ်ခန့် ရှိခဲ့ကြောင်း သိရသည်။
zawgyi version
ေႏြရာသီ၌လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမိုဆိုး႐ြားလာႏိုင္သည့္အတြက္ ေျဖရွင္းရန္နည္းလမ္း မ်ား လုပ္ငန္းရွင္ႏွင့္လူထုက ရွာေဖြေနၾကရ
ယြန္း (NP News) - ႏိုဝင္ဘာ ၁၂
ယခုေႏြရာသီ၌ လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမို ဆိုး႐ြားလာႏိုင္သည့္အတြက္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ေျဖရွင္းရန္နည္းလမ္းမ်ားကို ရွာေဖြေနၾကရေၾကာင္း စက္မႈဇုန္လုပ္ငန္းရွင္အခ်ိဳ႕ထံမွ သိရသည္။
စက္မႈဇုန္မ်ား၌ ၿပီးခဲ့သည့္ ေအာက္တိုဘာလ လယ္ပိုင္းမွစ၍ တစ္ေန႔လွ်င္လွ်ပ္စစ္မီး (၄)နာရီသာ ရရွိေနျခင္းျဖစ္ၿပီး ဆီဖိုးကုန္က်စရိတ္ႏွင့္ အေထြေထြ ကုန္က်စရိတ္မ်ား ပိုမိုမ်ားျပားလာခဲ့ေၾကာင္း သိရသည္။ "လွ်ပ္စစ္မီးက တစ္ေန႔(၄)နာရီပဲ ရေတာ့တယ္။ အခ်ိန္ကလည္း သိပ္မမွန္ဘူး။ (၄)နာရီ အျပည့္ရတဲ့ေန႔လည္းရွိတယ္၊ မရတဲ့ေန႔လည္းရွိတယ္။ အရင္တုန္းက(၈)နာရီေပးလိုက္ေသးတယ္။ ၾကာေတာ့ၾကာပါၿပီ ခဏပဲရလိုက္တယ္။ အဲဒီ ေနာက္ပိုင္းမွာ(၄)နာရီေပးတဲ့ရက္လည္းရွိတယ္။ (၆)နာရီေပးတဲ့ရက္လည္းရွိတယ္။ တစ္ေန႔လုံးေပးတာကေတာ့ မရွိသေလာက္ပါပဲ။ အခုကေတာ့(၄)နာရီ ပုံေသျဖစ္ သြားတာေပါ့။ အခုက ဆီဖိုးပိုကုန္တယ္။ မီးစက္ အရင္သုံးရတဲ့အတြက္လည္း ထိန္းသိမ္းခေတြ ပိုကုန္တာေပါ့။ မလိုလားအပ္တဲ့ကုန္က်စရိတ္ေတြ ပိုမ်ားလာတယ္"ဟု ေ႐ႊေပါက္ကံစက္မႈဇုန္ရွိ လုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
ႏိုင္ငံအတြင္း၌ ႏွစ္စဥ္လွ်ပ္စစ္ဓာတ္အား (၉) ရာခိုင္ႏႈန္း တိုးတက္သုံးစြဲလ်က္ရွိသျဖင့္ စုစုေပါင္း မဂၢါဝပ္ (၅၄၈၃) မဂၢါဝပ္လိုအပ္ေသာ္လည္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေန ျဖင့္ ယခုကာလတြင္ တစ္ ရက္ပ်မ္းမွ်(၂၈၀ဝ)မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ႏိုင္ၿပီး လိုအပ္ခ်က္ ၏ (၅၀)ရာခိုင္ႏႈန္းခန႔္ကိုသာ ထုတ္လုပ္ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ စက္မႈဇုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ လုပ္သားရွားပါးမႈအျပင္ လွ်ပ္စစ္မီးျပႆနာကိုပါ ရင္ဆိုင္ေနရၿပီး ယခုေႏြရာသီ၌ လွ်ပ္စစ္မီးျပတ္ ေတာက္မႈ ပိုမိုဆိုး႐ြားလာႏိုင္ျခင္းေၾကာင့္ ေျဖရွင္းရန္နည္းလမ္းမ်ားကို ရွာေဖြေနရေၾကာင္း အထက္ပါ လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။
"ပုံမွန္ဆိုရင္ေတာ့ ေႏြရာသီမွသာပ်က္တာ ဒီ အခ်ိန္ဆို ဒီေလာက္ႀကီးပ်က္တာမရွိဘူး။ အခုကေတာ့ ဒီအခ်ိန္မွာေတာင္ဒီေလာက္ပ်က္ေနတယ္ဆိုရင္ ေႏြ ရာသီဆို ပိုဆိုးမယ္လို႔ ေမွ်ာ္မွန္းထားၿပီးသား။ မီးပ်က္ တာပိုဆိုးလာႏိုင္တယ္။ ကြၽန္ေတာ္တို႔ လုပ္ငန္းရွင္ေတြ အေနနဲ႔ကေတာ့ စိုးရိမ္တယ္ဆိုတာထက္ မီးထပ္ၿပီး ပ်က္မယ္ဆိုတာ ေသခ်ာေနၿပီဆိုေတာ့ ဘယ္လို ေျဖ ရွင္းမလဲဆိုတာပဲ စဥ္းစားၾကတယ္။ အကုန္လုံးကေတာ့ မီးစက္အနည္းဆုံး (၂) လုံးေလာက္ရွိၾကတယ္။ လုပ္ငန္းရွင္ေတြအကုန္လုံး ဒီလိုပဲစဥ္းစားၾကတယ္။ အျမတ္ပိုနည္းမယ္။ ေနာက္ဆုံးျမတ္ခ်င္မွလည္းျမတ္ မယ္။ အရင္းအတိုင္းလုပ္ရမယ္။ ဒါေပမဲ့ စက္႐ုံ သမားေတြကေတာ့ လြယ္လြယ္နဲ႔ ရပ္လိုက္လို႔မရဘူး ေလ။ အေသးဆုံး ကုမၸဏီေတာင္ ဝန္ထမ္းက(၄၀ဝ)(၅၀ဝ)ေလာက္ရွိတယ္။ ဒီဝန္ထမ္းေတြကို အလုပ္ ျဖဳတ္ပစ္ဖို႔ဆိုတာေတာ့ မလြယ္ဘူးေလ။ မရႈံးေသးသေ႐ြ႕ေတာ့ ေတာင့္ခံေနဦးမွာပဲ"ဟု ၄င္းက ေျပာ သည္။ လက္ရွိတြင္ ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိသည့္ဓာတ္အားကို ပို႔လႊတ္လ်က္ရွိသည့္ (၂၃၀) ေကဗီ၊ (၁၃၂) ေကဗီဓာတ္အားလိုင္းမ်ား ဖ်က္ဆီးခံထားရျခင္းေၾကာင့္ ဓာတ္ အား (၁၄၈၇ မဂၢါဝပ္) အသားတင္ေလ်ာ့နည္း ထုတ္လုပ္ေနရေၾကာင္း ဝန္ႀကီး ဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ ဓာတ္အားခႏႈန္းထားမ်ားကိုျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း ၿပီးခဲ့သည့္ ဩဂုတ္လ(၃၀)ရက္က ထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း တြင္ လုပ္ငန္းရွင္မ်ားအေနျဖင့္ လွ်ပ္စစ္မီး ပိုမိုရရွိႏိုင္ေရးကိုလည္း ဆႏၵရွိေနေၾကာင္းသိရသည္။
"မီတာခကေတာ့ (၃)ဆေလာက္တက္တယ္။ ဓာတ္အားမလုံေလာက္မႈကလည္းျဖစ္ေနတာကို။ ႏိုင္ငံေရးအေျခအေနေၾကာင့္ မလည္ပတ္ႏိုင္တဲ့ဟာေတြလည္းရွိေနတယ္။ ကြၽန္ေတာ္တို႔လည္း ၾကားပါ တယ္။ အခုကေတာ့ ႏိုင္ငံျခားသားလုပ္ငန္းရွင္ေတြဘက္ကလည္း ညည္းေတာ့ ညည္းေနၾကတယ္။ လုပ္ငန္းရပ္ဆိုင္းမယ္ေတာ့မၾကားေသးဘူး။ ရႏိုင္သမွ်ေတာ့ လုပ္ေတာ့လုပ္ၾကဦးမွာ။ မီးျပႆနာထက္ လုပ္သား ရွားပါးမႈျပႆနာက ပိုဆိုးေနတာ။ အခုဆို လုပ္သား ရွားပါးမႈေရာ၊ မီးျပႆနာကိုေရာ ရင္ဆိုင္ေနၾကရတယ္"ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
ထို႔ျပင္ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားကို တစ္ႀကိမ္လွ်င္ ေလးနာရီျဖင့္ တစ္ရက္လွ်င္ ႏွစ္ႀကိမ္ လွ်ပ္စစ္မီးျဖတ္ေတာက္သြားမည္ျဖစ္ၿပီး တစ္ေန႔လွ်င္ (၈)နာရီ မီးပ်က္ႏိုင္ေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိ ေနသည္။ ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္တြင္ တစ္ႏိုင္ငံလုံး၏ လွ်ပ္စစ္ဓာတ္အားသုံးစြဲသည့္ အိမ္ေထာင္စုအခ်ိဳးမွာ (၅၆) ရာခိုင္ႏႈန္းရွိရာမွ ယခု (၂၀၂၄) ခုႏွစ္၊ ႏိုဝင္ဘာလတြင္ (၆၈)ရာခိုင္ႏႈန္းအထိ တိုးတက္သုံးစြဲလ်က္ရွိေၾကာင္း သိရသည္။
ျပည္တြင္း၌ လွ်ပ္စစ္ဓာတ္အား (၁)မဂၢါဝပ္လွ်င္ စုစုေပါင္း အိမ္ေျခ(၃၅၀ဝ)ခန႔္ကို လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္ၿပီး ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္တြင္ တစ္ဦးခ်င္းပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား သုံးစြဲမႈႏႈန္းသည္ (၃၇၈) ကီလိုဝပ္ခန႔္ ရွိခဲ့ေၾကာင္း သိရသည္။