ရော်ဘာဈေးသုံးဆကျော်တက်လာသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် အစေးလှီးလုပ်သားများရှားပါးမှုကို ရင်ဆိုင်နေရ

 368

ယွန်း (NP News) - နိုဝင်ဘာ ၁၄

ရော်ဘာ ဈေးကောင်းရနေသော်လည်း နယ်မြေ မတည်ငြိမ်မှုကြောင့် အစေးလှီးလုပ်သားများ ပြည်ပ ထွက်ခွာမှုများရှိနေရာ လုပ်သားရှားပါးမှုကို ရင်ဆိုင်နေရကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ပြည်တွင်း၌ ပြီးခဲ့သည့် (၂၀၂၁- ၂၀၂၂ ) ခုနှစ်တွင် ရော်ဘာတစ်ပေါင်လျှင် ငွေကျပ်(၅၀ဝ)မှ (၁၀ဝဝ)ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် ရော်ဘာတစ်ပေါင်လျှင် ငွေကျပ်(၃၀ဝဝ)ကျော်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

သို့သော် ရော်ဘာအများဆုံးစိုက်ပျိုးသည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ နယ် မြေ မတည်ငြိမ်မှုများကြောင့် အစေးလှီးလုပ်သားများအနေဖြင့် ၎င်းတို့၏လုပ်ငန်းများကိုရပ်နားခဲ့ရပြီး လုပ် သား(၃၀)ရာခိုင်နှုန်းခန့်တွင် စားဝတ်နေရေးခက်ခဲမှု များရှိနေကြောင်း သိရသည်။ “ အဓိကကတော့ အစေးလှီးတဲ့နေရာတွေမှာ မအေးချမ်းဘူး။ အစေးလှီးလို့ မရဘူး။ ရော်ဘာအ‌စေးလှီးတယ်ဆိုတာက ညမှလှီးလို့ရတာလေ။ တိုက်ပွဲတွေကလည်းရှိနေတယ်။ နယ်မြေကမအေးချမ်းတော့ ရော်ဘာအစေး လုပ်သားတွေက အစေးသွားမလှီးရဲတော့ဘူး။ ရော်ဘာခြံ ရှိတယ်၊ အစေးသွားမလှီးရဲကြဘူး။ စားဝတ်နေ ရေး ခက်ခဲသွားတာပေါ့။ ဒီဟာလုပ်မှပိုက်ဆံရတာလေ။ တချို့ကလည်း လစာနဲ့ရတယ်။ တစ်နေ့လှီးရင် ဘယ်လောက်ဆိုတာမျိုးသတ်မှတ်ထားတယ်။ အခုကတော့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် မွန်ရော၊ တနင်္သာရီ ရောက အစေးလှီးတဲ့လုပ်သား (၃၀)ရာခိုင်နှုန်းခက်ခဲနေတဲ့အနေအထားရှိတယ်” ဟု မြိတ် အခြေစိုက် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရော်ဘာစိုက်ဧက (၁၆၄၀ဝဝဝ)ဧကရှိရာ နှစ်စဉ် တန်ချိန်(၂)သိန်းကျော်ထွက်ရှိပြီး ယခု (၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်တွင် တန်ချိန် (၃၂၆၀ဝဝ)တင်ပို့နိုင်ရန် လျာ ထားကြောင်း အထက်ပါလုပ်ငန်းရှင်ကဆိုသည်။

သို့သော် စားဝတ်နေရေးအခက်အခဲများကြောင့် အစေးလှီးလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ ကဲ့သို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုများရှိနေသည့်အပြင် ရေလုပ်သားများအဖြစ် ပြောင်းလဲလုပ်ကိုင် နေခြင်းကြောင့် လုပ်သားရှားပါးမှုကိုကြုံတွေ့နေရကြောင်း သိရသည်။ “ ပြီးခဲ့တဲ့ (၂၀၂၂)လောက်ကနေ စပြီး ဒီလိုမျိုးတွေဖြစ်နေတာ။ စိုက်ဧကကတော့မလျော့ဘူး။ အစေးလှီးတဲ့လုပ်သားပဲလျော့သွားတာ။ ထပ်တိုးချဲ့ စိုက်တာတော့ နည်းသွားပြီ။ စိုက်ထားတဲ့အရွယ် ရောက်ပင်တွေက တစ်နှစ်တစ်နှစ်ကို အစေးလှီးဖို့က တိုးလာတယ်။ ဒါပေမဲ့ လုပ်သားရှားပါးမှုပြဿနာ ကြောင့် တဖြည်းဖြည်းနဲ့ လျော့ လာတယ်။ အရွယ်ရောက်လာတဲ့အပင်တွေက အစေးလှီးလို့ရတဲ့အချိန်မှာ အစေးလှီးမယ့်လုပ်သား မရှိတော့ အစေးမလှီးရဘူး။ ပုံမှန်အားဖြင့် ထုတ်လုပ်မှုကတိုးသွားရမှာ။ အခုက ပြန်လျော့လာတယ်။ အဓိကက လုပ်သားရှားပါးမှု ကြောင့်ပေါ့။ အစေးလှီးရမယ့်ဧကက တိုးလာတယ်။ စိုက်ဧကကတော့ တိုးမလာဘူး” ဟု အထက်ပါ လုပ်ငန်းရှင်ကပြောသည်။

ရော်ဘာတင်ပို့သည့်နိုင်ငံများအနေဖြင့် တရုတ် နိုင်ငံသို့ (၇၅)ရာခိုင်နှုန်းတင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားနှင့် ဂျပန် စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း မြန်မာ နိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက အသိပေးထားဖူးသည်။

ရော်ဘာသည် ပြည်တွင်း၌ မွန်ပြည်နယ်တွင်အ များဆုံးထွက်ရှိပြီး ဒုတိယအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယအနေဖြင့် ကရင်ပြည်နယ်တို့မှ ထွက်ရှိသည့်အပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

zawgyi version
ေရာ္ဘာေဈးသုံးဆေက်ာ္တက္လာေသာ္လည္း နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ အေစးလွီးလုပ္သား မ်ားရွားပါးမႈကို ရင္ဆိုင္ေနရ
ယြန္း (NP News) - ႏိုဝင္ဘာ ၁၄

ေရာ္ဘာ ေဈးေကာင္းရေနေသာ္လည္း နယ္ေျမ မတည္ၿငိမ္မႈေၾကာင့္ အေစးလွီးလုပ္သားမ်ား ျပည္ပ ထြက္ခြာမႈမ်ားရွိေနရာ လုပ္သားရွားပါးမႈကို ရင္ဆိုင္ေနရေၾကာင္း ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သည့္ အသိုင္းအဝိုင္းထံမွ သိရသည္။

ျပည္တြင္း၌ ၿပီးခဲ့သည့္ (၂၀၂၁- ၂၀၂၂ ) ခုႏွစ္တြင္ ေရာ္ဘာတစ္ေပါင္လွ်င္ ေငြက်ပ္(၅၀ဝ)မွ (၁၀ဝဝ)ဝန္းက်င္သာရွိခဲ့ေသာ္လည္း လက္ရွိတြင္ ေရာ္ဘာတစ္ေပါင္လွ်င္ ေငြက်ပ္(၃၀ဝဝ)ေက်ာ္အထိ အေရာင္းအဝယ္ျဖစ္ေနေၾကာင္း သိရသည္။

သို႔ေသာ္ ေရာ္ဘာအမ်ားဆုံးစိုက္ပ်ိဳးသည့္ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔၌ နယ္ ေျမ မတည္ၿငိမ္မႈမ်ားေၾကာင့္ အေစးလွီးလုပ္သားမ်ားအေနျဖင့္ ၎တို႔၏လုပ္ငန္းမ်ားကိုရပ္နားခဲ့ရၿပီး လုပ္ သား(၃၀)ရာခိုင္ႏႈန္းခန႔္တြင္ စားဝတ္ေနေရးခက္ခဲမႈ မ်ားရွိေနေၾကာင္း သိရသည္။ “ အဓိကကေတာ့ အေစးလွီးတဲ့ေနရာေတြမွာ မေအးခ်မ္းဘူး။ အေစးလွီးလို႔ မရဘူး။ ေရာ္ဘာအ‌ေစးလွီးတယ္ဆိုတာက ညမွလွီးလို႔ရတာေလ။ တိုက္ပြဲေတြကလည္းရွိေနတယ္။ နယ္ေျမကမေအးခ်မ္းေတာ့ ေရာ္ဘာအေစး လုပ္သားေတြက အေစးသြားမလွီးရဲေတာ့ဘူး။ ေရာ္ဘာၿခံ ရွိတယ္၊ အေစးသြားမလွီးရဲၾကဘူး။ စားဝတ္ေန ေရး ခက္ခဲသြားတာေပါ့။ ဒီဟာလုပ္မွပိုက္ဆံရတာေလ။ တခ်ိဳ႕ကလည္း လစာနဲ႔ရတယ္။ တစ္ေန႔လွီးရင္ ဘယ္ေလာက္ဆိုတာမ်ိဳးသတ္မွတ္ထားတယ္။ အခုကေတာ့ နယ္ေျမမတည္ၿငိမ္မႈေတြေၾကာင့္ မြန္ေရာ၊ တနသၤာရီ ေရာက အေစးလွီးတဲ့လုပ္သား (၃၀)ရာခိုင္ႏႈန္းခက္ခဲေနတဲ့အေနအထားရွိတယ္” ဟု ၿမိတ္ အေျခစိုက္ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေရာ္ဘာစိုက္ဧက (၁၆၄၀ဝဝဝ)ဧကရွိရာ ႏွစ္စဥ္ တန္ခ်ိန္(၂)သိန္းေက်ာ္ထြက္ရွိၿပီး ယခု (၂၀၂၄- ၂၀၂၅) ဘ႑ာႏွစ္တြင္ တန္ခ်ိန္ (၃၂၆၀ဝဝ)တင္ပို႔ႏိုင္ရန္ လ်ာ ထားေၾကာင္း အထက္ပါလုပ္ငန္းရွင္ကဆိုသည္။

သို႔ေသာ္ စားဝတ္ေနေရးအခက္အခဲမ်ားေၾကာင့္ အေစးလွီးလုပ္သားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံ ကဲ့သို႔ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာမႈမ်ားရွိေနသည့္အျပင္ ေရလုပ္သားမ်ားအျဖစ္ ေျပာင္းလဲလုပ္ကိုင္ ေနျခင္းေၾကာင့္ လုပ္သားရွားပါးမႈကိုႀကဳံေတြ႕ေနရေၾကာင္း သိရသည္။ “ ၿပီးခဲ့တဲ့ (၂၀၂၂)ေလာက္ကေန စၿပီး ဒီလိုမ်ိဳးေတြျဖစ္ေနတာ။ စိုက္ဧကကေတာ့မေလ်ာ့ဘူး။ အေစးလွီးတဲ့လုပ္သားပဲေလ်ာ့သြားတာ။ ထပ္တိုးခ်ဲ႕ စိုက္တာေတာ့ နည္းသြားၿပီ။ စိုက္ထားတဲ့အ႐ြယ္ ေရာက္ပင္ေတြက တစ္ႏွစ္တစ္ႏွစ္ကို အေစးလွီးဖို႔က တိုးလာတယ္။ ဒါေပမဲ့ လုပ္သားရွားပါးမႈျပႆနာ ေၾကာင့္ တျဖည္းျဖည္းနဲ႔ ေလ်ာ့ လာတယ္။ အ႐ြယ္ေရာက္လာတဲ့အပင္ေတြက အေစးလွီးလို႔ရတဲ့အခ်ိန္မွာ အေစးလွီးမယ့္လုပ္သား မရွိေတာ့ အေစးမလွီးရဘူး။ ပုံမွန္အားျဖင့္ ထုတ္လုပ္မႈကတိုးသြားရမွာ။ အခုက ျပန္ေလ်ာ့လာတယ္။ အဓိကက လုပ္သားရွားပါးမႈ ေၾကာင့္ေပါ့။ အေစးလွီးရမယ့္ဧကက တိုးလာတယ္။ စိုက္ဧကကေတာ့ တိုးမလာဘူး” ဟု အထက္ပါ လုပ္ငန္းရွင္ကေျပာသည္။

ေရာ္ဘာတင္ပို႔သည့္ႏိုင္ငံမ်ားအေနျဖင့္ တ႐ုတ္ ႏိုင္ငံသို႔ (၇၅)ရာခိုင္ႏႈန္းတင္ပို႔ေနၿပီး စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ကိုရီးယားႏွင့္ ဂ်ပန္ စသည့္ႏိုင္ငံမ်ားသို႔လည္း တင္ပို႔လ်က္ရွိေၾကာင္း ျမန္မာ ႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းက အသိေပးထားဖူးသည္။

ေရာ္ဘာသည္ ျပည္တြင္း၌ မြန္ျပည္နယ္တြင္အ မ်ားဆုံးထြက္ရွိၿပီး ဒုတိယအေနျဖင့္ တနသၤာရီတိုင္းေဒသႀကီးႏွင့္ တတိယအေနျဖင့္ ကရင္ျပည္နယ္တို႔မွ ထြက္ရွိသည့္အျပင္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္လည္း စိုက္ပ်ိဳးလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.