မြန်မာပြည် EV ကားလောကကို ခြေဆန့်လာသည့် JMEV ကားမိတ်ဆက်ပွဲ ကျင်းပ

 3314

NP News - နိုဝင်ဘာ ၁၄

မြန်မာပြည် EV ကားလောကကို ခြေဆန့်လာသည့် JMEV ကားမိတ်ဆက်ပွဲ နှင့် Launch Event ကို ယနေ့(နိုဝင်ဘာ ၁၄ ရက်)၊ ညနေပိုင်းက ရန်ကုန်မြို့၊ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

JMEV သည် ကမ္ဘာ့နာမည်ကြီး JMC ကား၏ နည်ပညာများနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် EV3 နဲ့ EV Eazy တို့ကို စတင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း JMEV မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

“ဒီနေ့ကျွန်တော်တို့ Product မိတ်ဆက်လုပ်တာတော့ JMEV ဆိုတဲ့ Brand ပါပဲ။ JMEV ဆိုတာတော့ လက်ရှိမြန်မာပြည်အတွက်တော့ မစိမ်းပါဘူး။ JMC ဆိုတာ အရင်ကတည်းက ICE ကားတွေ အများကြီးသွင်းခဲ့တဲ့ကားပါ။ Passenger ကားတွေ သွင်းတယ်။ Light Truck တွေ သွင်းတယ်။ Truck တွေ သွင်းပါတယ်။ လက်ရှိ JMEV ဆိုတာတော့ ပြင်သစ်ကုမ္ပဏီရဲ့နည်းပညာပေါင်းစပ်ထားတဲ့ JMCနဲ့ ပေါင်းစပ်ထားတဲ့ EVပါ။ EV Productအသစ်ပါ” ၎င်းက ဆိုသည်။

အဆိုပါ အခမ်းအနားကို JMEV မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်များ၊ ကားဝါသနာရှင်များ နှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

Zawgyi Version;
ျမန္မာျပည္ EV ကားေလာကကို ေျခဆန႔္လာသည့္ JMEV ကားမိတ္ဆက္ပြဲ က်င္းပ
NP News - ႏိုဝင္ဘာ ၁၄

ျမန္မာျပည္ EV ကားေလာကကို ေျခဆန႔္လာသည့္ JMEV ကားမိတ္ဆက္ပြဲ ႏွင့္ Launch Event ကို ယေန႔(ႏိုဝင္ဘာ ၁၄ ရက္)၊ ညေနပိုင္းက ရန္ကုန္ၿမိဳ႕၊ Sedona Hotel တြင္ က်င္းပျပဳလုပ္ခဲ့သည္။

JMEV သည္ ကမာၻ႔နာမည္ႀကီး JMC ကား၏ နည္ပညာမ်ားႏွင့္ ေပါင္းစပ္ထားျခင္းျဖစ္ၿပီး လက္ရွိျမန္မာႏိုင္ငံတြင္ EV3 နဲ႔ EV Eazy တို႔ကို စတင္သြင္းေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း JMEV မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

“ဒီေန႔ကြၽန္ေတာ္တို႔ Product မိတ္ဆက္လုပ္တာေတာ့ JMEV ဆိုတဲ့ Brand ပါပဲ။ JMEV ဆိုတာေတာ့ လက္ရွိျမန္မာျပည္အတြက္ေတာ့ မစိမ္းပါဘူး။ JMC ဆိုတာ အရင္ကတည္းက ICE ကားေတြ အမ်ားႀကီးသြင္းခဲ့တဲ့ကားပါ။ Passenger ကားေတြ သြင္းတယ္။ Light Truck ေတြ သြင္းတယ္။ Truck ေတြ သြင္းပါတယ္။ လက္ရွိ JMEV ဆိုတာေတာ့ ျပင္သစ္ကုမၸဏီရဲ႕နည္းပညာေပါင္းစပ္ထားတဲ့ JMCနဲ႔ ေပါင္းစပ္ထားတဲ့ EVပါ။ EV Productအသစ္ပါ” ၎က ဆိုသည္။

အဆိုပါ အခမ္းအနားကို JMEV မွ တာဝန္ရွိပုဂၢိဳလ္မ်ား၊ လုပ္ငန္းရွင္မ်ား၊ ကားဝါသနာရွင္မ်ား ႏွင့္ အႏုပညာရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.