ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့၌ ကျောင်းအပ်နှံခြင်းနှင့် ငွေသွင်းခြင်းကိစ္စရပ်များကို Online မှတစ်ဆင့် စတင်ဆောင်ရွက်နိုင်ပြီ
391
စော (NP News) - နိုဝင်ဘာ ၂၁
ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့၌ ယခု ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ကျောင်းအပ်ရာသီမှစ၍ ကျောင်းအပ်နှံခြင်းနှင့် ငွေသွင်းခြင်းများကို Online မှတစ်ဆင့် စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာ န၏ အချက်အလက်များအရ သိရသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသော အစည်းအဝေးတွင် တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခနှင့်စာမေးပွဲကြေးများကို Online Payment စနစ်ဖြင့် ပေးသွင်းနိုင်တော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။ လက်ရှိတွင် Online Payment စနစ်ဖြင့် ကျောင်းအပ်နှံခြင်းကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္က သိုလ် နှင့် Naypyitaw State Academy တို့တွင်သာ ဆောင်ရွက်နိုင်သေးကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော https://sms.moe.gov.mm တွင် ကျောင်းအပ်နှံခြင်းကို ပြုလုပ်နိုင်ပြီး ငွေပေးချေခြင်းကို လက်ရှိတွင် ယူနိုက်တက်အမရဘဏ် (UAB)ဘဏ်တစ်ခုတည်းဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။ “ကျောင်း(ကျောင်းသားရေးရာ) နားမှာပဲ UAB ဘဏ်က လုပ်ပေးနေတယ်။ UAB ဘဏ်တစ်ခုထဲကပဲသွင်းရမှာ။ သူတို့တွေ တစ်ခါတည်း UAB အကောင့် ဖွင့်ပေးတယ်တဲ့။ မနေ့ထဲက ကျောင်းသားတွေက ဥပဒေဌာနကို သိပ်ရောက်မလာကြတော့ဘူး။ အဲဒီမှာပဲ အကုန်လုပ်ပြီး တစ်ခါတည်းသွင်းရတယ် ပြောတယ်”ဟု ဒဂုံတက္ကသိုလ်မှ ဥပဒေမေဂျာဆရာမတစ်ဦးက NP News ကို ပြောသည်။
ကျောင်းသားများအနေဖြင့် Online မှတစ်ဆင့် ကျောင်းအပ်နှံရန် မှတ်ပုံ တင်သည့်နေရာတွင် နာမည်မှားခြင်း၊ ဖုန်းနံပါတ်မှားခြင်း စသည့် အခက် အခဲများရှိနေကြောင်း တက္ကသိုလ်ကျောင်းသားများထံမှ သိရသည်။ထို့ကြောင့် Online ဖြင့် မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် ကျောင်းသား နာမည်နှင့် ဖခင်အမည်တွင် “မောင်” ၊ “မ” ၊ ” ဦး” တို့ကို ထည့်ရန်မလိုကြောင်းနှင့် နိုင်ငံသားစိစ်ရေးကတ်ပြားတွင် နိုင်ငံသားဖြစ်ပါက “C” ကိုထည့်ရမည်ဖြစ်ပြီး အခက်အခဲများရှိခဲ့ပါက 09421742448၊ 09448052474 တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။
zawgyi version
ရန္ကုန္တကၠသိုလ္အပါအဝင္ တကၠသိုလ္အခ်ိဳ႕၌ ေက်ာင္းအပ္ႏွံျခင္းႏွင့္ ေငြသြင္းျခင္းကိစၥရပ္မ်ားကို Online မွတစ္ဆင့္ စတင္ေဆာင္႐ြက္ႏိုင္ၿပီ
ေစာ (NP News) - ႏိုဝင္ဘာ ၂၁
ရန္ကုန္တကၠသိုလ္အပါအဝင္ တကၠသိုလ္အခ်ိဳ႕၌ ယခု ၂၀၂၄-၂၀၂၅ ပညာ သင္ႏွစ္ ေက်ာင္းအပ္ရာသီမွစ၍ ေက်ာင္းအပ္ႏွံျခင္းႏွင့္ ေငြသြင္းျခင္းမ်ားကို Online မွတစ္ဆင့္ စတင္ေဆာင္႐ြက္ႏိုင္ၿပီျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာ န၏ အခ်က္အလက္မ်ားအရ သိရသည္။
ပညာေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္က ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာ ၁၃ ရက္က ေနျပည္ေတာ္ရွိ ပညာေရးဝန္ႀကီးဌာန၌ က်င္းပေသာ အစည္းအေဝးတြင္ တကၠသိုလ္ေက်ာင္းသားမ်ား၏ ေက်ာင္းဝင္ေၾကး၊ ေက်ာင္းလခႏွင့္စာေမးပြဲေၾကးမ်ားကို Online Payment စနစ္ျဖင့္ ေပးသြင္းႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ဖူးသည္။ လက္ရွိတြင္ Online Payment စနစ္ျဖင့္ ေက်ာင္းအပ္ႏွံျခင္းကို ရန္ကုန္တကၠသိုလ္၊ ဒဂုံတကၠ သိုလ္ ႏွင့္ Naypyitaw State Academy တို႔တြင္သာ ေဆာင္႐ြက္ႏိုင္ေသးေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ ပညာေရးဝန္ႀကီးဌာန၏ Website ျဖစ္ေသာ https://sms.moe.gov.mm တြင္ ေက်ာင္းအပ္ႏွံျခင္းကို ျပဳလုပ္ႏိုင္ၿပီး ေငြေပးေခ်ျခင္းကို လက္ရွိတြင္ ယူႏိုက္တက္အမရဘဏ္ (UAB)ဘဏ္တစ္ခုတည္းျဖင့္သာ ေဆာင္႐ြက္ႏိုင္ေၾကာင္း သိရသည္။ “ေက်ာင္း(ေက်ာင္းသားေရးရာ) နားမွာပဲ UAB ဘဏ္က လုပ္ေပးေနတယ္။ UAB ဘဏ္တစ္ခုထဲကပဲသြင္းရမွာ။ သူတို႔ေတြ တစ္ခါတည္း UAB အေကာင့္ ဖြင့္ေပးတယ္တဲ့။ မေန႔ထဲက ေက်ာင္းသားေတြက ဥပေဒဌာနကို သိပ္ေရာက္မလာၾကေတာ့ဘူး။ အဲဒီမွာပဲ အကုန္လုပ္ၿပီး တစ္ခါတည္းသြင္းရတယ္ ေျပာတယ္”ဟု ဒဂုံတကၠသိုလ္မွ ဥပေဒေမဂ်ာဆရာမတစ္ဦးက NP News ကို ေျပာသည္။
ေက်ာင္းသားမ်ားအေနျဖင့္ Online မွတစ္ဆင့္ ေက်ာင္းအပ္ႏွံရန္ မွတ္ပုံ တင္သည့္ေနရာတြင္ နာမည္မွားျခင္း၊ ဖုန္းနံပါတ္မွားျခင္း စသည့္ အခက္ အခဲမ်ားရွိေနေၾကာင္း တကၠသိုလ္ေက်ာင္းသားမ်ားထံမွ သိရသည္။ထို႔ေၾကာင့္ Online ျဖင့္ မွတ္ပုံတင္ျခင္းေဆာင္႐ြက္ရာတြင္ ေက်ာင္းသား နာမည္ႏွင့္ ဖခင္အမည္တြင္ “ေမာင္” ၊ “မ” ၊ ” ဦး” တို႔ကို ထည့္ရန္မလိုေၾကာင္းႏွင့္ ႏိုင္ငံသားစိစ္ေရးကတ္ျပားတြင္ ႏိုင္ငံသားျဖစ္ပါက “C” ကိုထည့္ရမည္ျဖစ္ၿပီး အခက္အခဲမ်ားရွိခဲ့ပါက 09421742448၊ 09448052474 တို႔ကို ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။