အသက် ၁၆ နှစ်အောက်ကလေးတွေ ဆိုရှယ်မီဒီယာအသုံးပြုမှုအပေါ် ပိတ်ပင်ဖို့ သြစတြေးလျအစိုးရအတည်ပြု

 293

ရောင်နီ (NP News) - နိုဝင်ဘာ ၂၉

ဩစတြေးလျနိုင်ငံ၊ Big Tech ကို ပစ်မှတ်ထားတဲ့ အပြင်းထန်ဆုံးစည်းမျဉ်းတွေထဲက တစ်ခုဖြစ်တဲ့ အသက် ၁၆ နှစ်အောက်ကလေးတွေ ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ဖို့ ဥပဒေကို နိုဝင်ဘာ ၂၈ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အဆိုပါ ဥပဒေအရ Instagram နဲ့ Facebook ပိုင်ရှင် Meta နည်းပညာကုမ္ပဏီကြီးဟာ သူတို့ ဝက်ဖ်ဆိုက်ဒ်တွေမှာ အရွယ်မရောက်သေးသူတွေ ဝင်ရောက်ကြည့်ရှုတာတွေကို တားဆီးနိုင်ခြင်းမရှိရင် ဒဏ်ငွေ ဩစတြေးလျဒေါ်လာ ၄၉.၅ သန်းထိ ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဥပဒေတားမြစ်ချက်ဟာ တစ်နှစ်အတွင်း အသက်ဝင်မှာဖြစ်ပြီး လုပ်ငန်းစဉ်စမ်းသပ်မှုတွေကိုတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ စတင်မယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ရမယ့် အသက်အရွယ်ဆိုင်ရာသတ်မှတ်ချက်ဥပဒေကြမ်းကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအချို့မှာ မိဘခွင့်ပြုချက်မရှိဘဲ အရွယ်မရောက်သေးသူတွေ ဆိုရှယ်မီဒီယာအသုံးပြုခြင်းကို ကန့်သတ်ဖို့ ဥပဒေတွေ အတည်ပြုထားပေမယ့် သြစတြေးလျရဲ့ပိတ်ပင်မှုလောက် တင်းကြပ်ခြင်း မရှိပါဘူး။ Meta ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ Meta ဟာ သြစတြေးလျရဲ့ဥပဒေကို လေးစားလိုက်နာပေမယ့် အသက်အရွယ်နဲ့ သင့်လျော်တဲ့ ဆိုရှယ်မီဒီယာအတွေ့အကြုံနဲ့ လူငယ်တွေရဲ့အသံကို နားမထောင်ပဲ တဇွတ်ထိုးလုပ်တဲ့ လုပ်ငန်းစဉ်အတွက် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အသက္ ၁၆ ႏွစ္ေအာက္ကေလးေတြ ဆိုရွယ္မီဒီယာအသုံးျပဳမႈအေပၚ ပိတ္ပင္ဖို႔ ၾသစေၾတးလ်အစိုးရအတည္ျပဳ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၉

ဩစေၾတးလ်ႏိုင္ငံ၊ Big Tech ကို ပစ္မွတ္ထားတဲ့ အျပင္းထန္ဆုံးစည္းမ်ဥ္းေတြထဲက တစ္ခုျဖစ္တဲ့ အသက္ ၁၆ ႏွစ္ေအာက္ကေလးေတြ ဆိုရွယ္မီဒီယာ အသုံးျပဳခြင့္ ပိတ္ပင္ဖို႔ ဥပေဒကို ႏိုဝင္ဘာ ၂၈ ရက္မွာ အတည္ျပဳခဲ့ပါတယ္။
အဆိုပါ ဥပေဒအရ Instagram နဲ႔ Facebook ပိုင္ရွင္ Meta နည္းပညာကုမၸဏီႀကီးဟာ သူတို႔ ဝက္ဖ္ဆိုက္ဒ္ေတြမွာ အ႐ြယ္မေရာက္ေသးသူေတြ ဝင္ေရာက္ၾကည့္ရႈတာေတြကို တားဆီးႏိုင္ျခင္းမရွိရင္ ဒဏ္ေငြ ဩစေၾတးလ်ေဒၚလာ ၄၉.၅ သန္းထိ ေပးေဆာင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ ဥပေဒတားျမစ္ခ်က္ဟာ တစ္ႏွစ္အတြင္း အသက္ဝင္မွာျဖစ္ၿပီး လုပ္ငန္းစဥ္စမ္းသပ္မႈေတြကိုေတာ့ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီမွာ စတင္မယ္လို႔ သိရပါတယ္။ ဆိုရွယ္မီဒီယာ အသုံးျပဳခြင့္ရမယ့္ အသက္အ႐ြယ္ဆိုင္ရာသတ္မွတ္ခ်က္ဥပေဒၾကမ္းကိုလည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ျပင္သစ္၊ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ႏိုင္ငံအခ်ိဳ႕မွာ မိဘခြင့္ျပဳခ်က္မရွိဘဲ အ႐ြယ္မေရာက္ေသးသူေတြ ဆိုရွယ္မီဒီယာအသုံးျပဳျခင္းကို ကန႔္သတ္ဖို႔ ဥပေဒေတြ အတည္ျပဳထားေပမယ့္ ၾသစေၾတးလ်ရဲ႕ပိတ္ပင္မႈေလာက္ တင္းၾကပ္ျခင္း မရွိပါဘူး။ Meta ေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ Meta ဟာ ၾသစေၾတးလ်ရဲ႕ဥပေဒကို ေလးစားလိုက္နာေပမယ့္ အသက္အ႐ြယ္နဲ႔ သင့္ေလ်ာ္တဲ့ ဆိုရွယ္မီဒီယာအေတြ႕အႀကဳံနဲ႔ လူငယ္ေတြရဲ႕အသံကို နားမေထာင္ပဲ တဇြတ္ထိုးလုပ္တဲ့ လုပ္ငန္းစဥ္အတြက္ စိုးရိမ္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.