ပြည်ပပို့ကုန်ကို (၂)ဆတိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း နစကဥက္ကဌ ပြော
773
နာမူ (NP News) - နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံသည် ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံဖြစ်သည့် အတွက် လက်ရှိပြည်ပပို့ကုန်ကို (၂)ဆတိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်)က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
အခမ်းအနားတွင် ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန် ထုတ်လုပ်မှု မြင့်မားရန် အလွန်အရေးကြီးကြောင်း နှင့် အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသည် လက်ရှိပြည်ပပို့ကုန်ကို ၂ ဆ တိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက် အကူရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍများတွင် လုပ်ကိုင်နေသူများဖြစ်သည်ဟု သန်းခေါင်စာရင်း အစီရင်ခံ စာတွင် တွေ့ရှိရကြောင်း၊ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ် ယာထုတ်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များသာဖြစ်ပြီး ပြည်နယ်၊ တိုင်းဒေသကြီးအားလုံးတွင်လည်း အခြေခံအားဖြင့် တူညီကြကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတွင်းရှိ အသက် ၂၅ နှစ် အထက်လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပညာရေးအသင့်အတင့်သာရှိသောကြောင့် မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အလေးထားဆောင်ရွက်သင့်သည်ဆိုသည်မှာ ပေါ်လွင်နေသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ပြန်လည်ရရှိနိုင်သည့် သဘာဝကုန်ကြမ်းကို အခြေခံသော ကုန်ထုတ်လုပ်မှုများကို အားပေးကြရမည်၊ ဝါ၊ ဝါး၊ ရော်ဘာကုန်ကြမ်းတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ကိန်းဂဏန်းများအရ တိုးတက်မှုသာမက လက်တွေ့ကျကျတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အထွက်နှုန်းကောင်းမွန်ရေး တစ်နည်းအားဖြင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေးမူ (၃)ရပ်ကိုအခြေခံပြီး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံ GDP ၏ (၉၀)ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကကဏ္ဍ၏ ထုတ်လုပ်မှုများဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းသည်လည်း အသေးစား၊ အငယ်စား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများသာဖြစ်ကြသောကြောင့် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုနှင့် Agro-based Industry ကို အဓိကထားပြီး MSME များ ဖွံ့ဖြိုးတိုးတက်မှုတို့ကို တွဲဖက်ဆောင်ရွက်ကြရမည်ဖြစ်ကာ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
zawgyi version
ျပည္ပပို႔ကုန္ကို (၂)ဆတိုးျမႇင့္ပို႔ႏိုင္မွသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ အေထာက္အကူရမည္ျဖစ္ေၾကာင္း နစကဥကၠဌ ေျပာ
နာမူ (NP News) - ႏိုဝင္ဘာ ၂၉
ျမန္မာႏိုင္ငံသည္ ကန႔္သတ္မႈမ်ိဳးစုံႀကဳံေတြ႕ေနရသည့္ ႏိုင္ငံျဖစ္သည့္ အတြက္ လက္ရွိျပည္ပပို႔ကုန္ကို (၂)ဆတိုးျမႇင့္ပို႔ႏိုင္မွသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ အေထာက္အကူရမည္ျဖစ္ေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ယမန္ေန႔ (ႏိုဝင္ဘာ ၂၈ ရက္)က ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန - ၂ တြင္ က်င္းပခဲ့သည့္ ျမန္မာႏိုင္ငံ “စီးပြားေရးပညာ ႏွစ္ (၁၀၀)” ရာျပည့္အထိမ္းအမွတ္အခမ္းအနားတြင္ အမွာစကားေျပာၾကားရာ၌ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။
အခမ္းအနားတြင္ ဖြံ႕ၿဖိဳးဆဲတိုင္းျပည္တစ္ခုသည္ ေဈးကြက္ဝင္သည့္ ကုန္ ထုတ္လုပ္မႈ ျမင့္မားရန္ အလြန္အေရးႀကီးေၾကာင္း ႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ကန႔္သတ္မႈမ်ိဳးစုံႀကဳံေတြ႕ေနရသည့္ မိမိတို႔ႏိုင္ငံသည္ လက္ရွိျပည္ပပို႔ကုန္ကို ၂ ဆ တိုးျမႇင့္ပို႔ႏိုင္မွသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ အေထာက္ အကူရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။
ျမန္မာႏိုင္ငံလူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းခန႔္သည္ ေက်းလက္ေနျပည္သူမ်ားျဖစ္ၿပီး ႏိုင္ငံလူဦးေရ၏ ၄၁ ရာခိုင္ႏႈန္းသည္ လယ္ယာ၊ သားငါး၊ သစ္ေတာက႑မ်ားတြင္ လုပ္ကိုင္ေနသူမ်ားျဖစ္သည္ဟု သန္းေခါင္စာရင္း အစီရင္ခံ စာတြင္ ေတြ႕ရွိရေၾကာင္း၊ ႏိုင္ငံ၏ အဓိကကုန္ထုတ္လုပ္ငန္းသည္ လယ္ ယာထုတ္ကုန္ႏွင့္ ေမြးျမဴေရးထုတ္ကုန္မ်ားသာျဖစ္ၿပီး ျပည္နယ္၊ တိုင္းေဒသႀကီးအားလုံးတြင္လည္း အေျခခံအားျဖင့္ တူညီၾကေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႏိုင္ငံတြင္းရွိ အသက္ ၂၅ ႏွစ္ အထက္လူဦးေရ၏ ၅၀ ရာခိုင္ႏႈန္းခန႔္သည္ ပညာေရးအသင့္အတင့္သာရွိေသာေၾကာင့္ မိမိတို႔အေနျဖင့္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးကိုအေျခခံသည့္ ကုန္ထုတ္လုပ္မႈမ်ားကို အေလးထားေဆာင္႐ြက္သင့္သည္ဆိုသည္မွာ ေပၚလြင္ေနသည္ဟု နစက ဥကၠ႒က ေျပာၾကားခဲ့သည္။
ျပန္လည္ရရွိႏိုင္သည့္ သဘာဝကုန္ၾကမ္းကို အေျခခံေသာ ကုန္ထုတ္လုပ္မႈမ်ားကို အားေပးၾကရမည္၊ ဝါ၊ ဝါး၊ ေရာ္ဘာကုန္ၾကမ္းတို႔ကို အေျခခံသည့္ စက္မႈလုပ္ငန္းမ်ားကို တိုးတက္ေအာင္ေဆာင္႐ြက္ရမည္ျဖစ္သည့္အျပင္ ကိန္းဂဏန္းမ်ားအရ တိုးတက္မႈသာမက လက္ေတြ႕က်က်တိုးတက္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ ႏိုင္ငံေတာ္အတြက္ အဓိကက်သည့္ စိုက္ပ်ိဳးေရးက႑အေနျဖင့္ အထြက္ႏႈန္းေကာင္းမြန္ေရး တစ္နည္းအားျဖင့္ ပန္းတိုင္ရည္မွန္းခ်က္ျပည့္မီေက်ာ္လြန္ေရး၊ သီးထပ္စြမ္းအားျမႇင့္တင္ေရး၊ စိုက္ဧကတိုးခ်ဲ႕ေရးမူ (၃)ရပ္ကိုအေျခခံၿပီး ေဆာင္႐ြက္ေပးရမည္ျဖစ္ ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။
ထို႔ေနာက္ ႏိုင္ငံ GDP ၏ (၉၀)ရာခိုင္ႏႈန္းခန႔္သည္ ပုဂၢလိကက႑၏ ထုတ္လုပ္မႈမ်ားျဖစ္သကဲ့သို႔ ႏိုင္ငံ့စီးပြားေရးလုပ္ငန္းမ်ား၏ ၉၅ ရာခိုင္ႏႈန္းသည္လည္း အေသးစား၊ အငယ္စား၊ အလတ္စားကုန္ထုတ္လုပ္ငန္းမ်ားသာျဖစ္ၾကေသာေၾကာင့္ ပို႔ကုန္တိုးျမႇင့္ေရးႏွင့္ သြင္းကုန္အစားထိုးေရးလုပ္ငန္းမ်ားအတြက္ ပုဂၢလိကက႑ဖြံ႕ၿဖိဳးမႈႏွင့္ Agro-based Industry ကို အဓိကထားၿပီး MSME မ်ား ဖြံ႕ၿဖိဳးတိုးတက္မႈတို႔ကို တြဲဖက္ေဆာင္႐ြက္ၾကရမည္ျဖစ္ကာ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူျပဳဝန္ေဆာင္မႈလုပ္ငန္းမ်ားကိုလည္း ပံ့ပိုးေပးလ်က္ရွိေၾကာင္း သိရသည္။