တံခါးဖွင့်လိုက်သည့် အိမ်စီးကားနှင့်တိုက်မိပြီး တစ်ဖက်လမ်းသို့ လွင့်စင်သွားသည့်အမျိုးသမီး တွဲကားတိုက်မိကာ ပွဲချင်းပြီးသေဆုံး
1430
ချယ်ရီ (NP News)- ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် အိမ်စီးကားတစ်စီးက တံခါးဖွင့်လိုက်စဉ် ဘေးမှဖြတ်လာသော ဆိုင်ကယ်က တိုက်မိကာ တစ်ဖက်လမ်းရှိ တွဲကားဘက် လွင့်စင်သောကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေး နှင့် လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)၊ ညနေ ၅နာရီခွဲ ဝန်းကျင်အချိန်ခန့်က တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်ငူပြည်သူ့ဆေးရုံကြီးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မထင်ထားဘူးလေ တွဲကားကလည်း သူ့ဘာသာသူ လမ်းအမှန်မောင်းလာတာကို။ လမ်းအလယ်ကနေ သူ့လမ်းကြောင်းနဲ့သူ မောင်းလာချိန် အိမ်စီးကားလေးက တံခါးဖွင့်လိုက်တယ်။ အဲဒီအချိန်မှာ ဟိုဘက်ဆိုင်ကယ်ကို သွားထိတယ်ပေါ့။ အဲဒီမှာ တံခါးက မလွတ်တော့ တံခါးကိုရှောင်လိုက်ရင်းနဲ့ တွဲကားနဲ့ သွားငြိတာ။ သွားငြိတော့(အမျိုးသမီးက) တွဲကားဘက်ကို ပြုတ်ကျသွားတာ။ ကလေးလေး တစ်ယောက်ပါတယ်။ အမျိုးသမီးလား၊ အမျိုးသားလားတော့ မသိတော့ဘူး။ ကလေးက ဟိုးဘက်လွင့်ကျသွားတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ဆိုင်ကယ်ပေါ်တွင် သေဆုံးသူအပါအဝင် မိသားစုဝင်(၃)ဦး လိုက်ပါလာပြီး သေဆုံးသူ အမျိုးသမီးမှာ အသက်(၃၀)ဝန်းကျင်အရွယ်ရှိကာ ဆိုင်ကယ်မောင်းသူ၏ ဇနီးဖြစ်ကြောင်း သိရသည်။
“ကားဘီးအောက်မှာ ရောက်နေတယ်လေ။ ထုတ်ပြီးတော့ ပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့လိုက်တယ်။ ခါးက ပြတ်သွားတာ။ ကလေးနဲ့သူ့ယောက်ျားတော့ ကျန်ခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။
ထို့နောက် သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။ “ရှေ့က အိမ်စီးကားက လမ်းလေးချရပ်ပြီးတော့ တံခါးဖွင့်ရင် နောက်က ဘာလာလဲဆိုပြီး ကြည့်ဖွင့်ရမှာလေ။ အဲဒါကြောင့် ရှေ့ကအိမ်စီးကား အသုံးမကျလို့ နောက်က မိသားစုနှစ်စု သောကရောက်သွားတာပဲ။ ဟိုဘက် အိမ်စီးကားက မမိဘူး။ တွဲကားပဲ မိတာကို” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
zawgyi version
တံခါးဖြင့္လိုက္သည့္ အိမ္စီးကားႏွင့္တိုက္မိၿပီး တစ္ဖက္လမ္းသို႔ လြင့္စင္သြားသည့္အမ်ိဳးသမီး တြဲကားတိုက္မိကာ ပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ (NP News)- ဒီဇင္ဘာ ၂
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္တြင္ အိမ္စီးကားတစ္စီးက တံခါးဖြင့္လိုက္စဥ္ ေဘးမွျဖတ္လာေသာ ဆိုင္ကယ္က တိုက္မိကာ တစ္ဖက္လမ္းရွိ တြဲကားဘက္ လြင့္စင္ေသာေၾကာင့္ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း ေ႐ႊမင္းဝင္ အေရးေပၚကယ္ဆယ္ေရး ႏွင့္ လူမႈကူညီေရးပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာလ ၁ ရက္)၊ ညေန ၅နာရီခြဲ ဝန္းက်င္အခ်ိန္ခန႔္က ေတာင္ငူၿမိဳ႕၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္း၊ ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မထင္ထားဘူးေလ တြဲကားကလည္း သူ႔ဘာသာသူ လမ္းအမွန္ေမာင္းလာတာကို။ လမ္းအလယ္ကေန သူ႔လမ္းေၾကာင္းနဲ႔သူ ေမာင္းလာခ်ိန္ အိမ္စီးကားေလးက တံခါးဖြင့္လိုက္တယ္။ အဲဒီအခ်ိန္မွာ ဟိုဘက္ဆိုင္ကယ္ကို သြားထိတယ္ေပါ့။ အဲဒီမွာ တံခါးက မလြတ္ေတာ့ တံခါးကိုေရွာင္လိုက္ရင္းနဲ႔ တြဲကားနဲ႔ သြားၿငိတာ။ သြားၿငိေတာ့(အမ်ိဳးသမီးက) တြဲကားဘက္ကို ျပဳတ္က်သြားတာ။ ကေလးေလး တစ္ေယာက္ပါတယ္။ အမ်ိဳးသမီးလား၊ အမ်ိဳးသားလားေတာ့ မသိေတာ့ဘူး။ ကေလးက ဟိုးဘက္လြင့္က်သြားတယ္”ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။
ဆိုင္ကယ္ေပၚတြင္ ေသဆုံးသူအပါအဝင္ မိသားစုဝင္(၃)ဦး လိုက္ပါလာၿပီး ေသဆုံးသူ အမ်ိဳးသမီးမွာ အသက္(၃၀)ဝန္းက်င္အ႐ြယ္ရွိကာ ဆိုင္ကယ္ေမာင္းသူ၏ ဇနီးျဖစ္ေၾကာင္း သိရသည္။
“ကားဘီးေအာက္မွာ ေရာက္ေနတယ္ေလ။ ထုတ္ၿပီးေတာ့ ျပည္သူ႔ေဆး႐ုံက ရင္ခြဲ႐ုံကို ပို႔လိုက္တယ္။ ခါးက ျပတ္သြားတာ။ ကေလးနဲ႔သူ႔ေယာက္်ားေတာ့ က်န္ခဲ့တာေပါ့” ဟု ၎က ဆိုသည္။
ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းႏွင့္ ဒဏ္ရာရရွိသူမ်ားကို ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။ “ေရွ႕က အိမ္စီးကားက လမ္းေလးခ်ရပ္ၿပီးေတာ့ တံခါးဖြင့္ရင္ ေနာက္က ဘာလာလဲဆိုၿပီး ၾကည့္ဖြင့္ရမွာေလ။ အဲဒါေၾကာင့္ ေရွ႕ကအိမ္စီးကား အသုံးမက်လို႔ ေနာက္က မိသားစုႏွစ္စု ေသာကေရာက္သြားတာပဲ။ ဟိုဘက္ အိမ္စီးကားက မမိဘူး။ တြဲကားပဲ မိတာကို” ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။