ဆန်းတိုရီနီကျွန်းမှာ မြေငလျင်ဆက်တိုက်လှုပ်ခတ်မှုကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ

 170

ရောင်နီ(NP News) - ဖေဖော်ဝါရီ ၅

ဂရိနိုင်ငံ၊ ဆန်တိုရီနီကျွန်းစုမှာ မကြုံစဖူး မြေငလျင် ဆက်တိုက်လှုပ်ခတ်မှုကြောင့် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၄ ရက်)က လူထောင်ပေါင်းများစွာ ရေကြောင်း၊ လေကြောင်းလမ်းများနဲ့ နေရပ်စွန့်ခွာ ထွက်ခွာခဲ့ကြပါတယ်။

ရင်သပ်ရှုမောစရာ ချောက်ကမ်းပါးမြင်ကွင်းတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြား နာမည်ကျော်တဲ့ ဆန်တိုရီနီကျွန်းဟာ မီးတောင်ကြောင့်ဖြစ်တဲ့ ငလျင်လှုပ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက လူပေါင်း (၆,၀၀၀)လောက် နေရပ်စွန့်ခွာ ထွက်ခွာသွားကြတယ်လို့ တာဝန်ရှိသူများက ပြောကြားပါတယ်။ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၄ ရက်) မနက် အစောပိုင်းမှာလည်း ပြင်းအား ၄ ဒသမ ၉ ရှိတဲ့ နောက်ထပ် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဆိုပါဒေသဟာ သမိုင်းမှာ ငလျင်လှုပ်ခတ်မှုမျိုးတွေ့ရခြင်း မရှိပေမဲ့ ဒီလိုလှုပ်ခတ်မှုမျိုး ဘယ်လောက်ကြာကြာထိ ရှိနေမယ်ဆိုတာ မသိနိုင်ဘူးလို့ ဆိုပါတယ်။ "ဒါက ပထမဆုံးအကြိမ် ဖြစ်တာပါ၊ အရင်က မတွေ့ဖူးဘူး” လို့ အမျိုးသား နက္ခတ်တာရာ ဘူမိဒိုင်းနမစ် အင်စတီကျုမှ သုတေသန ဒါရိုက်တာ အန်သန်နာဆီယိုဂါနက်စ်က ပြောပါတယ်။

ဂရိကမ်းခြေစောင့်တပ်ရဲ့ အဆိုအရ တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၂ ရက်) ကတည်းက လူပေါင်း ၄,၆၀၀ ကျော်ဟာ ကူးတို့ဆိပ်တွေကနေ ထွက်ခွာပြောင်းရွှေ့ကုန်ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
ဆန္းတိုရီနီကြၽန္းမွာ ေျမငလ်င္ဆက္တိုက္လႈပ္ခတ္မႈေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ ေနရပ္စြန႔္ခြာ
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၅

ဂရိႏိုင္ငံ၊ ဆန္တိုရီနီကြၽန္းစုမွာ မႀကဳံစဖူး ေျမငလ်င္ ဆက္တိုက္လႈပ္ခတ္မႈေၾကာင့္ အဂၤါေန႔ (ေဖေဖာ္ဝါရီ ၄ ရက္)က လူေထာင္ေပါင္းမ်ားစြာ ေရေၾကာင္း၊ ေလေၾကာင္းလမ္းမ်ားနဲ႔ ေနရပ္စြန႔္ခြာ ထြက္ခြာခဲ့ၾကပါတယ္။

ရင္သပ္ရႈေမာစရာ ေခ်ာက္ကမ္းပါးျမင္ကြင္းေတြေၾကာင့္ ကမာၻလွည့္ခရီးသြားေတြၾကား နာမည္ေက်ာ္တဲ့ ဆန္တိုရီနီကြၽန္းဟာ မီးေတာင္ေၾကာင့္ျဖစ္တဲ့ ငလ်င္လႈပ္ခတ္မႈေတြေၾကာင့္ ၿပီးခဲ့တဲ့ သီတင္းပတ္ကတည္းက လူေပါင္း (၆,၀၀၀)ေလာက္ ေနရပ္စြန႔္ခြာ ထြက္ခြာသြားၾကတယ္လို႔ တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။ အဂၤါေန႔ (ေဖေဖာ္ဝါရီ ၄ ရက္) မနက္ အေစာပိုင္းမွာလည္း ျပင္းအား ၄ ဒသမ ၉ ရွိတဲ့ ေနာက္ထပ္ ငလ်င္တစ္ခု ထပ္မံလႈပ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ အဆိုပါေဒသဟာ သမိုင္းမွာ ငလ်င္လႈပ္ခတ္မႈမ်ိဳးေတြ႕ရျခင္း မရွိေပမဲ့ ဒီလိုလႈပ္ခတ္မႈမ်ိဳး ဘယ္ေလာက္ၾကာၾကာထိ ရွိေနမယ္ဆိုတာ မသိႏိုင္ဘူးလို႔ ဆိုပါတယ္။ "ဒါက ပထမဆုံးအႀကိမ္ ျဖစ္တာပါ၊ အရင္က မေတြ႕ဖူးဘူး” လို႔ အမ်ိဳးသား နကၡတ္တာရာ ဘူမိဒိုင္းနမစ္ အင္စတီက်ဳမွ သုေတသန ဒါ႐ိုက္တာ အန္သန္နာဆီယိုဂါနက္စ္က ေျပာပါတယ္။

ဂရိကမ္းေျခေစာင့္တပ္ရဲ႕ အဆိုအရ တနဂၤေႏြေန႔(ေဖေဖာ္ဝါရီ ၂ ရက္) ကတည္းက လူေပါင္း ၄,၆၀၀ ေက်ာ္ဟာ ကူးတို႔ဆိပ္ေတြကေန ထြက္ခြာေျပာင္းေ႐ႊ႕ကုန္ၾကၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.