အိုင်ဆိုတုပ်ဇလဗေဒနည်းပညာဖြင့် မြေအောက်ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ဓာတ်ခွဲခန်း လာမည့်နှစ်တွင် ပြီးစီးမည်

 348

စော (NP News) - ဒီဇင်ဘာ ၄

အိုင်ဆိုတုပ်ဇလဗေဒနည်းပညာကို အသုံးပြု၍ မြေအောက်ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ဓာတ်ခွဲ ခန်း လာမည့်(၂၀၂၅)ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ နည်းပညာကိုအသုံးပြု၍ အာဆင်းနစ်၊ ခဲ၊ နိုက်ထရိတ်ကဲ့သို့ အန္တရာယ်ရှိ ဓာတုညစ်ညမ်း ပစ္စည်းများပါဝင်နိုင်သည့်ရေထွက်ရှိရာ အရပ်ဒေသများ၊ မိုးခေါင်ရေရှားဒေသများတွင် ကွင်းဆင်းလုပ် ဆောင်၍ မြေအောက်ရေအချက်အလက်ဆိုင်ရာ မြေပုံထုတ်ယူခြင်းဆောင်ရွက်နိုင်ရန်အတွက် ရေနမူနာကောက်ယူခြင်း၊ စောင့်ကြည့်ဓာတ်ခွဲတိုင်းတာခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။ “တို့နိုင်ငံမှာတော့ ရေကို Chemical ဓာတ်ခွဲတာလောက်ပဲ အဆင့်ရှိတယ်။ အိုင်ဆိုတုပ် Level အထိ မသွားဘူး။ အိုင်ဆိုတုပ် Level ဆိုတာ Atom ဖြစ်တာကို Atomic Structure ၊ Atomic Level ထိ မသွား ဘူး။ မသွားဘဲနဲ့ ကယ်လ်စီယမ်ဘယ်လောက်ပါလဲ။ ပိုတက် စီယမ်ဘယ်လောက်ပါလဲ။ ထုံးဓာတ်များရင် ကယ်လ်စီယမ်ပါမယ်။ အဓိကကတော့ အားဆင်းနစ်ပေါ့။ အာဆင်းနစ် ဘယ်လောက်ပါလဲ အဲဒီလောက်ပဲ ဓာတ်ခွဲတယ်။ နောက်ပြီးတော့ ရေရဲ့ သက်တမ်း၊ မြေအောက် သက်တမ်းပေါ့။ Age ဘယ်လောက်ရှိလဲ။ Capacity Volume ဘယ်လောက်ရှိလဲ။ အဲဒါတွေကို တို့က မသိနိုင်ဘူး။ နည်းပညာကိုသုံးမယ်ဆိုရင် မြေအောက် ရေရဲ့ Age အသက်ပေါ့။ မြေအောက်ရေက သက်တမ်းဘယ်လောက်ရှိပြီလဲ။ မြေအောက်ရေ ရဲ့ Volume ဘယ်လောက်ရှိလဲ။ ခန့်မှန်းလို့ရတယ်။ တွက်ချက်လို့ရတယ်။ တွက်ချက်ပြီးရင် မြေပုံတွေ ဆွဲ ထားလို့ရတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ဆောင်ရွက်ရန်အတွက်အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (International Atomic Energy Agency) ၏အကူအညီ အထောက်အပံ့ဖြင့်ဆောင်ရွက် နေခြင်းဖြစ်ပြီး စက်ပစ္စည်းကိရိယာများ ရောက်ရှိလာပါက တပ်ဆင်ခြင်း၊ နည်းပညာအကူအညီများရယူ ခြင်းနှင့် Training program သင်တန်းတက်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ “ပရော ဂျက်မပြီးဆုံးခင် အထိသွားနေမှာ လုပ်နေမှာ။ ပရောဂျက်မပြီးဆုံးခင်အထိ ဝယ်ယူရေးရှိတာပေါ့။ ဝယ်ယူရေးကျတယ်။ ဒီစက် NSA ဆိုကြာပြီ NSA တို့ရောက်နေတာ လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက် ကတည်းက ရောက်နေတာ။ ပြီးရင် ဘာတွေလိုအပ်လဲဆိုရင် အိုင်ဆိုတုပ်ခွဲထုတ်တဲ့စက်တွေ လိုတာပေါ့။ အဲဒီစက်တွေလည်း သူတို့လောလောဆယ် လုပ်နေတယ်။ နိုင်ငံခြားသား ပညာရှင်နဲ့ ဆင်ရတာကို အဲဒီ တော့ ပရောဂျက်ကာလအတွင်း စက်တွေရောက်တယ်။ ဆင်တယ်။ အဲဒီစက်ကို အသုံးပြုတယ်။ စက်ရောက်တယ်။ ဆင်တယ်။ အသုံးပြုတယ်။ အဲဒီအတိုင်းသွားတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဓာတ်ခွဲခန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ အမှတ် (၁၂၃) ၊ အဏုမြူစွမ်းအင်ဌာန (ရန်ကုန်ရုံးခွဲ) တွင် တည်ရှိပြီး လာမည့်နှစ် (၂၀၂၅) ခုနှစ်တွင် Techn- ical Cooperation (TC) ပရောဂျက် သက်တမ်းပြီး ဆုံးနိုင်ကြောင်း ၎င်းက ပြောသည်။ “မြေအောက် ရေမသန့်ရှင်းတဲ့ဟာတွေကိုလည်း သင့်တော်တဲ့ treatment တွေ။ မြေအောက်ရေ အသုံးပြုတဲ့ ဒေသ တွေ သင့်တော်တဲ့ treatment တွေ ပြောပြလို့ရတယ်။ အာဆင်းနစ် များတယ်ဆိုရင် အာဆင်းနစ်များတဲ့ ဒေသတွေမှာသောက်ရင် လူတွေက အာဆင်းနစ်ကြောင့် သေကုန်မှာလေ။ မသေရင်တောင်မှ ကျန်းမာ ရေးအတွက်မကောင်းဘူး။ အဲဒီအတွက် ဒီနည်းပညာရပ်က လုပ်လည်းလုပ်သင့်တယ်။ အကောင်အ ထည်ဖော်ဆောင်ရွက်သင့်တဲ့ နည်းပညာရပ်တစ်ခု ဖြစ်တယ်လို့ ထင်တာပေါ့” ဟု ၎င်းက အကြံပြု ပြော ကြားထားသည်။

zawgyi version
အိုင္ဆိုတုပ္ဇလေဗဒနည္းပညာျဖင့္ ေျမေအာက္ေရအရင္းအျမစ္ စီမံခန႔္ခြဲမႈဆိုင္ရာ ဓာတ္ခြဲခန္း လာမည့္ႏွစ္တြင္ ၿပီးစီးမည္
ေစာ (NP News) - ဒီဇင္ဘာ ၄

အိုင္ဆိုတုပ္ဇလေဗဒနည္းပညာကို အသုံးျပဳ၍ ေျမေအာက္ေရအရင္းအျမစ္ စီမံခန႔္ခြဲမႈဆိုင္ရာ ဓာတ္ခြဲ ခန္း လာမည့္(၂၀၂၅)ခုႏွစ္တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္း သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၊ အဏုျမဴစြမ္းအင္ဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ နည္းပညာကိုအသုံးျပဳ၍ အာဆင္းနစ္၊ ခဲ၊ ႏိုက္ထရိတ္ကဲ့သို႔ အႏၲရာယ္ရွိ ဓာတုညစ္ညမ္း ပစၥည္းမ်ားပါဝင္ႏိုင္သည့္ေရထြက္ရွိရာ အရပ္ေဒသမ်ား၊ မိုးေခါင္ေရရွားေဒသမ်ားတြင္ ကြင္းဆင္းလုပ္ ေဆာင္၍ ေျမေအာက္ေရအခ်က္အလက္ဆိုင္ရာ ေျမပုံထုတ္ယူျခင္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ေရနမူနာေကာက္ယူျခင္း၊ ေစာင့္ၾကည့္ဓာတ္ခြဲတိုင္းတာျခင္းတို႔ကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ “တို႔ႏိုင္ငံမွာေတာ့ ေရကို Chemical ဓာတ္ခြဲတာေလာက္ပဲ အဆင့္ရွိတယ္။ အိုင္ဆိုတုပ္ Level အထိ မသြားဘူး။ အိုင္ဆိုတုပ္ Level ဆိုတာ Atom ျဖစ္တာကို Atomic Structure ၊ Atomic Level ထိ မသြား ဘူး။ မသြားဘဲနဲ႔ ကယ္လ္စီယမ္ဘယ္ေလာက္ပါလဲ။ ပိုတက္ စီယမ္ဘယ္ေလာက္ပါလဲ။ ထုံးဓာတ္မ်ားရင္ ကယ္လ္စီယမ္ပါမယ္။ အဓိကကေတာ့ အားဆင္းနစ္ေပါ့။ အာဆင္းနစ္ ဘယ္ေလာက္ပါလဲ အဲဒီေလာက္ပဲ ဓာတ္ခြဲတယ္။ ေနာက္ၿပီးေတာ့ ေရရဲ႕ သက္တမ္း၊ ေျမေအာက္ သက္တမ္းေပါ့။ Age ဘယ္ေလာက္ရွိလဲ။ Capacity Volume ဘယ္ေလာက္ရွိလဲ။ အဲဒါေတြကို တို႔က မသိႏိုင္ဘူး။ နည္းပညာကိုသုံးမယ္ဆိုရင္ ေျမေအာက္ ေရရဲ႕ Age အသက္ေပါ့။ ေျမေအာက္ေရက သက္တမ္းဘယ္ေလာက္ရွိၿပီလဲ။ ေျမေအာက္ေရ ရဲ႕ Volume ဘယ္ေလာက္ရွိလဲ။ ခန႔္မွန္းလို႔ရတယ္။ တြက္ခ်က္လို႔ရတယ္။ တြက္ခ်က္ၿပီးရင္ ေျမပုံေတြ ဆြဲ ထားလို႔ရတယ္” ဟု ၎ကေျပာသည္။

ထိုသို႔ေဆာင္႐ြက္ရန္အတြက္အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ ေအဂ်င္စီ (International Atomic Energy Agency) ၏အကူအညီ အေထာက္အပံ့ျဖင့္ေဆာင္႐ြက္ ေနျခင္းျဖစ္ၿပီး စက္ပစၥည္းကိရိယာမ်ား ေရာက္ရွိလာပါက တပ္ဆင္ျခင္း၊ နည္းပညာအကူအညီမ်ားရယူ ျခင္းႏွင့္ Training program သင္တန္းတက္ျခင္းမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ “ပေရာ ဂ်က္မၿပီးဆုံးခင္ အထိသြားေနမွာ လုပ္ေနမွာ။ ပေရာဂ်က္မၿပီးဆုံးခင္အထိ ဝယ္ယူေရးရွိတာေပါ့။ ဝယ္ယူေရးက်တယ္။ ဒီစက္ NSA ဆိုၾကာၿပီ NSA တို႔ေရာက္ေနတာ လြန္ခဲ့တဲ့ႏွစ္ႏွစ္သုံးႏွစ္ေလာက္ ကတည္းက ေရာက္ေနတာ။ ၿပီးရင္ ဘာေတြလိုအပ္လဲဆိုရင္ အိုင္ဆိုတုပ္ခြဲထုတ္တဲ့စက္ေတြ လိုတာေပါ့။ အဲဒီစက္ေတြလည္း သူတို႔ေလာေလာဆယ္ လုပ္ေနတယ္။ ႏိုင္ငံျခားသား ပညာရွင္နဲ႔ ဆင္ရတာကို အဲဒီ ေတာ့ ပေရာဂ်က္ကာလအတြင္း စက္ေတြေရာက္တယ္။ ဆင္တယ္။ အဲဒီစက္ကို အသုံးျပဳတယ္။ စက္ေရာက္တယ္။ ဆင္တယ္။ အသုံးျပဳတယ္။ အဲဒီအတိုင္းသြားတာ”ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါဓာတ္ခြဲခန္းမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ နတ္ေမာက္လမ္းရွိ အမွတ္ (၁၂၃) ၊ အဏုျမဴစြမ္းအင္ဌာန (ရန္ကုန္႐ုံးခြဲ) တြင္ တည္ရွိၿပီး လာမည့္ႏွစ္ (၂၀၂၅) ခုႏွစ္တြင္ Techn- ical Cooperation (TC) ပေရာဂ်က္ သက္တမ္းၿပီး ဆုံးႏိုင္ေၾကာင္း ၎က ေျပာသည္။ “ေျမေအာက္ ေရမသန႔္ရွင္းတဲ့ဟာေတြကိုလည္း သင့္ေတာ္တဲ့ treatment ေတြ။ ေျမေအာက္ေရ အသုံးျပဳတဲ့ ေဒသ ေတြ သင့္ေတာ္တဲ့ treatment ေတြ ေျပာျပလို႔ရတယ္။ အာဆင္းနစ္ မ်ားတယ္ဆိုရင္ အာဆင္းနစ္မ်ားတဲ့ ေဒသေတြမွာေသာက္ရင္ လူေတြက အာဆင္းနစ္ေၾကာင့္ ေသကုန္မွာေလ။ မေသရင္ေတာင္မွ က်န္းမာ ေရးအတြက္မေကာင္းဘူး။ အဲဒီအတြက္ ဒီနည္းပညာရပ္က လုပ္လည္းလုပ္သင့္တယ္။ အေကာင္အ ထည္ေဖာ္ေဆာင္႐ြက္သင့္တဲ့ နည္းပညာရပ္တစ္ခု ျဖစ္တယ္လို႔ ထင္တာေပါ့” ဟု ၎က အႀကံျပဳ ေျပာ ၾကားထားသည္။

Related news

© 2021. All rights reserved.