OpenAI က တစ်လကို ဒေါ်လာ ၂၀၀ ပေးသွင်းပြီး သုံးနိုင်မယ့် ဗားရှင်းအသစ် မိတ်ဆက်လာ

 105

ရောင်နီ (NP News) - ဒီဇင်ဘာ ၇

Open AI က သူ့ရဲ့နည်းပညာဆိုင်ရာ အက်လီကေးရှင်းကို ချဲ့ထွင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အင်ဂျင်နီယာနယ်ပယ်နဲ့ သုတေသန(Research) ပိုင်းဆိုင်ရာတွေအတွက် တစ်လကို ဒေါ်လာ ၂၀၀ ပေးသွင်းပြီး အသုံးပြုနိုင်မယ့် chatbot ChatGPT Pro ဗားရှင်းကို ကြာသပတေးနေ့(ဒီဇင်ဘာ ၅ ရက်) က မိတ်ဆက်ခဲ့ပါတယ်။

ChatGPT Pro ဟာ OpenAI ရဲ့လက်ရှိ ChatGPT Plus၊ Team၊ Enterprise တို့ရဲ့နောက်ပိုင်း အသစ်ထွက်လာတဲ့ ဗားရှင်းတစ်မျိုးဖြစ်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့စီးပွားဖြစ်ထုတ်လုပ်မှုတစ်ခုလည်းဖြစ်ပါတယ်။ ChatGPT Pro မှာ reasoning model သစ်တွေဖြစ်တဲ့ o1၊ o1 mini၊ GPT-4o နဲ့ အဆင့်မြင့် အသံတွေ အပါအဝင် အဆင့်မြင့်ဆုံး OpenAI ကိရိယာတွေကို အကန့်အသတ်မရှိ ဝင်ရောက်အသုံးပြုခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပိုမိုရှုပ်ထွေးတဲ့ မေးခွန်းတွေ၊ သင်္ချာ၊ သိပ္ပံ နဲ့ coding သင်ယူမှု စံနှုန်းတွေကို ဖြေရှင်းနိုင်မယ့် ဗားရှင်း o1 pro မုဒ် ပါဝင်ခြင်းကြောင့် အင်ဂျင်နီယာလုပ်ငန်းနယ်ပယ်မှာ ပိုအသုံးဝင်လာမယ့် AI ဖြစ်လာမယ်လို့ ယူဆရပါတယ်။

Zawgyi Version;
OpenAI က တစ္လကို ေဒၚလာ ၂၀၀ ေပးသြင္းၿပီး သုံးႏိုင္မယ့္ ဗားရွင္းအသစ္ မိတ္ဆက္လာ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၇

Open AI က သူ႔ရဲ႕နည္းပညာဆိုင္ရာ အက္လီေကးရွင္းကို ခ်ဲ႕ထြင္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ အင္ဂ်င္နီယာနယ္ပယ္နဲ႔ သုေတသန(Research) ပိုင္းဆိုင္ရာေတြအတြက္ တစ္လကို ေဒၚလာ ၂၀၀ ေပးသြင္းၿပီး အသုံးျပဳႏိုင္မယ့္ chatbot ChatGPT Pro ဗားရွင္းကို ၾကာသပေတးေန႔(ဒီဇင္ဘာ ၅ ရက္) က မိတ္ဆက္ခဲ့ပါတယ္။

ChatGPT Pro ဟာ OpenAI ရဲ႕လက္ရွိ ChatGPT Plus၊ Team၊ Enterprise တို႔ရဲ႕ေနာက္ပိုင္း အသစ္ထြက္လာတဲ့ ဗားရွင္းတစ္မ်ိဳးျဖစ္ပါတယ္။ ဒါဟာ ကုမၸဏီရဲ႕စီးပြားျဖစ္ထုတ္လုပ္မႈတစ္ခုလည္းျဖစ္ပါတယ္။ ChatGPT Pro မွာ reasoning model သစ္ေတြျဖစ္တဲ့ o1၊ o1 mini၊ GPT-4o နဲ႔ အဆင့္ျမင့္ အသံေတြ အပါအဝင္ အဆင့္ျမင့္ဆုံး OpenAI ကိရိယာေတြကို အကန႔္အသတ္မရွိ ဝင္ေရာက္အသုံးျပဳခြင့္ရမွာျဖစ္တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ပိုမိုရႈပ္ေထြးတဲ့ ေမးခြန္းေတြ၊ သခ်ၤာ၊ သိပၸံ နဲ႔ coding သင္ယူမႈ စံႏႈန္းေတြကို ေျဖရွင္းႏိုင္မယ့္ ဗားရွင္း o1 pro မုဒ္ ပါဝင္ျခင္းေၾကာင့္ အင္ဂ်င္နီယာလုပ္ငန္းနယ္ပယ္မွာ ပိုအသုံးဝင္လာမယ့္ AI ျဖစ္လာမယ္လို႔ ယူဆရပါတယ္။

Related news

© 2021. All rights reserved.