အမေရိကန်နိုင်ငံမှာ တရုတ်နိုင်ငံရဲ့ TikTok လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ဖို့ ပိုမိုနီးစပ်လာနေ

 108

NP News - ဒီဇင်ဘာ ၈
ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TikTok ကို အမေရိကန်နိုင်ငံအတွင်း ပိတ်ပင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။ TikTok လူမှုကွန်ရက်ရဲ့မိခင်ကုမ္ပဏီဟာ အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ဖို့ အမိန့်ကို အယူခံဝင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
TikTok လူမှုကွန်ရက်ဟာ အမေရိကန်တရားရုံးချုပ်မှာ အယူခံဝင်မှုတွေ ထပ်မံလုပ်ဆောင်သွးမယ်လို့ သိရပါတယ်။ TikTok ရဲ့ မိခင်ကုမ္ပဏီက "အမေရိကန်တရားရုံးချုပ်ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ လွတ်လပ်စွာပြောရေး ဆိုခွင့်ရှိမှုကို ကာကွယ်ပေးနိုင်ဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်ချမှတ်ရမှာဖြစ်တယ်" လို့ ပြောပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တရုတ်အစိုးရဟာ TikTok လူမှုကွန်ရက် ကို အသုံးချပြီး အမေရိကန်နိုင်ငံရဲ့လျိုဝှက်ချက်တွေကို ရယူနိုင်အောင်ကြိုးပမ်းနေပြီး TikTok က အမေရိကန်နိုင်ငံ အတွက် အန္တရာယ်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက်ကို ပိတ်ပင်လိုက်ခြင်း ကြောင့် ဇူကာဘတ်ရဲ့ Facebook လူမှုကွန်ရက်အတွက် အကျိုးကျေးဇူးဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။

အဆိုပါ TikTok လူမှုကွန်ရက်ကို တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီက ပိုင်ဆိုင်ပြီး တရုတ်အစိုးရအတွက် စပိုင်လုပ်ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ TikTok လူမှုကွန်ရက်ဟာ အမေရိကန်နိုင်ငံအတွင်း ၎င်းတို့လူမှုကွန်ရက်အသုံးပြုခွင့်ရရေးအတွက် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် တာဝန်ယူမယ့်အချိန်ကိုမျှော်လင့်နေကြောင်း သိရပါတယ်။
TikTok ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်ခြင်းဟာ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးအခြေအနေတွေကြောင့် အပြောင်းအလဲတွေဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံတဝှမ်းမှာ TikTok လူမှုကွန်ရက်သုံးစွဲသူအရေအတွက် လူပေါင်းသန်း ၁၇ဝ ကျော်ရှိနေပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က နိုင်ငံအတွင်း TikTok လူမှုကွန်ရက်အသုံးပြုခွင့်ပိတ်ပင်တဲ့ ဥပဒေကို ဧပြီလအတွင်း သတ်မှတ်ပြဌာန်းခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံရဲ႕ TikTok လူမႈကြန္ရက္အသုံးျပဳခြင့္ ပိတ္ပင္ဖို႔ ပိုမိုနီးစပ္လာေန
NP News - ဒီဇင္ဘာ ၈
ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ TikTok ကို အေမရိကန္ႏိုင္ငံအတြင္း ပိတ္ပင္ဖို႔ နီးစပ္ေနေၾကာင္း သိရပါတယ္။ TikTok လူမႈကြန္ရက္ရဲ႕မိခင္ကုမၸဏီဟာ အေမရိကန္ႏိုင္ငံအတြင္း TikTok အသုံးျပဳျခင္းကို တားျမစ္ပိတ္ပင္ဖို႔ အမိန႔္ကို အယူခံဝင္ခဲ့ေပမယ့္ ရႈံးနိမ့္ခဲ့ေၾကာင္း သိရပါတယ္။
TikTok လူမႈကြန္ရက္ဟာ အေမရိကန္တရား႐ုံးခ်ဳပ္မွာ အယူခံဝင္မႈေတြ ထပ္မံလုပ္ေဆာင္သြးမယ္လို႔ သိရပါတယ္။ TikTok ရဲ႕ မိခင္ကုမၸဏီက "အေမရိကန္တရား႐ုံးခ်ဳပ္ဟာ အေမရိကန္ႏိုင္ငံသားေတြရဲ႕ လြတ္လပ္စြာေျပာေရး ဆိုခြင့္ရွိမႈကို ကာကြယ္ေပးႏိုင္ဖို႔ သမိုင္းဝင္ ဆုံးျဖတ္ခ်က္ခ်မွတ္ရမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရတာဝန္ရွိသူေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက တ႐ုတ္အစိုးရဟာ TikTok လူမႈကြန္ရက္ ကို အသုံးခ်ၿပီး အေမရိကန္ႏိုင္ငံရဲ႕လ်ိဳဝွက္ခ်က္ေတြကို ရယူႏိုင္ေအာင္ႀကိဳးပမ္းေနၿပီး TikTok က အေမရိကန္ႏိုင္ငံ အတြက္ အႏၲရာယ္ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံအတြင္း TikTok လူမႈကြန္ရက္ကို ပိတ္ပင္လိုက္ျခင္း ေၾကာင့္ ဇူကာဘတ္ရဲ႕ Facebook လူမႈကြန္ရက္အတြက္ အက်ိဳးေက်းဇူးျဖစ္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။

အဆိုပါ TikTok လူမႈကြန္ရက္ကို တ႐ုတ္ႏိုင္ငံအေျခစိုက္ ByteDance ကုမၸဏီက ပိုင္ဆိုင္ၿပီး တ႐ုတ္အစိုးရအတြက္ စပိုင္လုပ္ေပးေနတယ္ဆိုတဲ့စြပ္စြဲခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ TikTok လူမႈကြန္ရက္ဟာ အေမရိကန္ႏိုင္ငံအတြင္း ၎တို႔လူမႈကြန္ရက္အသုံးျပဳခြင့္ရေရးအတြက္ အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ တာဝန္ယူမယ့္အခ်ိန္ကိုေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။
TikTok ကို အေမရိကန္ႏိုင္ငံအတြင္း အသုံးျပဳခြင့္ပိတ္ပင္ျခင္းဟာ ေဒၚနယ္ထရမ့္လက္ထက္မွာ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးအေျခအေနေတြေၾကာင့္ အေျပာင္းအလဲေတြျဖစ္လာဖြယ္ရွိေနပါတယ္။ အေမရိကန္ႏိုင္ငံတဝွမ္းမွာ TikTok လူမႈကြန္ရက္သုံးစြဲသူအေရအတြက္ လူေပါင္းသန္း ၁၇ဝ ေက်ာ္ရွိေနၿပီး အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ႏိုင္ငံအတြင္း TikTok လူမႈကြန္ရက္အသုံးျပဳခြင့္ပိတ္ပင္တဲ့ ဥပေဒကို ဧၿပီလအတြင္း သတ္မွတ္ျပဌာန္းခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.