ကမ္ဘာ့အမြန်ဆုံး လူသားပုံစံစက်ရုပ် Star1 ကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ
361
Pika (NP News) - ဒီဇင်ဘာ ၁၈
တရုတ်စက်ရုပ်ကုမ္ပဏီ Robot Era သည် တစ်နာရီလျှင် (၈) မိုင်အထိသွားလာနိုင်သော ကမ္ဘာ့အမြန်ဆုံးလူသားပုံစံစက်ရုပ် Star1 ကို မကြာသေးမီက ထုတ်ပြန်ပြသခဲ့ကြောင်းသိရသည်။ ဂိုဘီ သဲကန္တာ ရကို ဖြတ်ပြေးနေသည့် sneaker ဖိနပ်ဝတ်ဆင်ထားသော စက်ရုပ်တစ်ရုပ်၏ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များသည် တရုတ်ဆိုရှယ်မီဒီယာများပေါ်တွင် ပြီးခဲ့သည့်လကစတင်ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗီဒီယိုဖိုင်ပျံ့နှံ့လာမှုနှင့်အတူ ယင်းစက်ရုပ်မှာ ကမ္ဘာ့အမြန်ဆုံးလူသားပုံစံစက်ရုပ် ဖြစ် ကြောင်း လူအချို့က မှတ်ချက်ပေးခဲ့ကြသည်။ Star1 စက်ရုပ်ကို ရုန်းအားမြင့်သောမော်တာများ၊ AI နည်းစနစ်များဖြင့် စွမ်းအင်ပေးထားခြင်းဖြစ်ပြီး သဲနှင့် မြက်ခင်းပြင်များအပါအဝင် မျက်နှာပြင်နှင့် ပတ်ဝန်းကျင်အားလုံးကို အခြေအနေအမျိုးမျိုးအပေါ်မူတည်ကာ လိုက်လျောညီထွေရှိအောင် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိကြောင်းလည်းသိရသည်။
၎င်းတွင် ထည့်သွင်းအသုံးပြုထားသော အဆင့်မြင့်မော်တာများသည် Star1 စက်ရုပ်ကို ရွေ့လျားမှုများလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး မြန်နှုန်းမြင့် အာရုံခံကိရိယာများနှင့် ဆက် သွယ်ရေးမော်ဂျူးများက ပတ်ဝန်းကျင် အကြောင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိစေ မည်ဖြစ်ကြောင်းလည်းသိရသည်။ အရပ်(၅ ဒသမ ၆)ပေရှိကာ အလေးချိန်(၁၄၃)ပေါင်ရှိသော STAR1 စက်ရုပ်သည် တစ်စက္ကန့်လျှင် (၃ ဒသမ ၆)မီတာအထိ ပြေးနိုင်ပြီး လက်ရှိအချိန်အထိ ဖန်တီး ထားသမျှ စက်ရုပ်များအားလုံးထဲတွင် အမြန် ဆုံးဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် STAR1 စက်ရုပ်ကို အပြေး ဖိနပ်တစ်ရန်ဝတ်ဆင်ပေးခြင်းဖြင့် အံအားသင့်ဖွယ်ကောင်းသော အမြန်နှုန်းကို ရရှိစေသည်ဆိုသည့် အချက်ကို တရုတ်သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်းသိရသည်။ စမ်းသပ်မှုများအတွင်း sneaker ဖိနပ်ဝတ်ဆင်ထားသော စက်ရုပ်သည် အခြားခြေဗလာစက်ရုပ်များထက် သိသိသာသာပိုမြန် ကြောင်းလည်းသိရသည်။
လက်ရှိအချိန်တွင် Star1 စက်ရုပ်သည် Tesla ကုမ္ပဏီ၏ Optimus စက်ရုပ်နှင့် Boston Dynamics ကုမ္ပဏီ၏ Atlas စက်ရုပ်ကဲ့သို့သော အခြားအဆင့်မြင့်လူသားပုံစံစက်ရုပ်များအားလုံး ထက် ပိုမိုမြန်ဆန်သည့်အပြင် တစ်စက္ကန့်လျှင် (၃ ဒသမ ၃) မီတာအထိပြေးနိုင်စွမ်းရှိသော Unitree Robotics ကုမ္ပဏီ၏ H1 စက်ရုပ်ထက်လည်း ပိုမိုမြန်ဆန်ကြောင်းသိရသည်။
zawgyi version
ကမာၻ႔အျမန္ဆုံး လူသားပုံစံစက္႐ုပ္ Star1 ကို တ႐ုတ္ကုမၸဏီတစ္ခု ထုတ္ျပန္ျပသ
Pika (NP News) - ဒီဇင္ဘာ ၁၈
တ႐ုတ္စက္႐ုပ္ကုမၸဏီ Robot Era သည္ တစ္နာရီလွ်င္ (၈) မိုင္အထိသြားလာႏိုင္ေသာ ကမာၻ႔အျမန္ဆုံးလူသားပုံစံစက္႐ုပ္ Star1 ကို မၾကာေသးမီက ထုတ္ျပန္ျပသခဲ့ေၾကာင္းသိရသည္။ ဂိုဘီ သဲကႏၲာ ရကို ျဖတ္ေျပးေနသည့္ sneaker ဖိနပ္ဝတ္ဆင္ထားေသာ စက္႐ုပ္တစ္႐ုပ္၏ ဓာတ္ပုံမ်ားႏွင့္ ဗီဒီယိုဖိုင္မ်ားသည္ တ႐ုတ္ဆိုရွယ္မီဒီယာမ်ားေပၚတြင္ ၿပီးခဲ့သည့္လကစတင္ပ်ံ႕ႏွံ႔လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဗီဒီယိုဖိုင္ပ်ံ႕ႏွံ႔လာမႈႏွင့္အတူ ယင္းစက္႐ုပ္မွာ ကမာၻ႔အျမန္ဆုံးလူသားပုံစံစက္႐ုပ္ ျဖစ္ ေၾကာင္း လူအခ်ိဳ႕က မွတ္ခ်က္ေပးခဲ့ၾကသည္။ Star1 စက္႐ုပ္ကို ႐ုန္းအားျမင့္ေသာေမာ္တာမ်ား၊ AI နည္းစနစ္မ်ားျဖင့္ စြမ္းအင္ေပးထားျခင္းျဖစ္ၿပီး သဲႏွင့္ ျမက္ခင္းျပင္မ်ားအပါအဝင္ မ်က္ႏွာျပင္ႏွင့္ ပတ္ဝန္းက်င္အားလုံးကို အေျခအေနအမ်ိဳးမ်ိဳးအေပၚမူတည္ကာ လိုက္ေလ်ာညီေထြရွိေအာင္ ကိုင္တြယ္ ေျဖရွင္းႏိုင္စြမ္းရွိေၾကာင္းလည္းသိရသည္။
၎တြင္ ထည့္သြင္းအသုံးျပဳထားေသာ အဆင့္ျမင့္ေမာ္တာမ်ားသည္ Star1 စက္႐ုပ္ကို ေ႐ြ႕လ်ားမႈမ်ားလုပ္ေဆာင္ရာတြင္ အဆင္ေျပေခ်ာေမြ႕ေစမည္ျဖစ္ၿပီး ျမန္ႏႈန္းျမင့္ အာ႐ုံခံကိရိယာမ်ားႏွင့္ ဆက္ သြယ္ေရးေမာ္ဂ်ဴးမ်ားက ပတ္ဝန္းက်င္ အေၾကာင္းအခ်က္အလက္မ်ားကို အခ်ိန္ႏွင့္ တစ္ေျပးညီ သိရွိေစ မည္ျဖစ္ေၾကာင္းလည္းသိရသည္။ အရပ္(၅ ဒသမ ၆)ေပရွိကာ အေလးခ်ိန္(၁၄၃)ေပါင္ရွိေသာ STAR1 စက္႐ုပ္သည္ တစ္စကၠန႔္လွ်င္ (၃ ဒသမ ၆)မီတာအထိ ေျပးႏိုင္ၿပီး လက္ရွိအခ်ိန္အထိ ဖန္တီး ထားသမွ် စက္႐ုပ္မ်ားအားလုံးထဲတြင္ အျမန္ ဆုံးျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ STAR1 စက္႐ုပ္ကို အေျပး ဖိနပ္တစ္ရန္ဝတ္ဆင္ေပးျခင္းျဖင့္ အံအားသင့္ဖြယ္ေကာင္းေသာ အျမန္ႏႈန္းကို ရရွိေစသည္ဆိုသည့္ အခ်က္ကို တ႐ုတ္သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းလည္းသိရသည္။ စမ္းသပ္မႈမ်ားအတြင္း sneaker ဖိနပ္ဝတ္ဆင္ထားေသာ စက္႐ုပ္သည္ အျခားေျခဗလာစက္႐ုပ္မ်ားထက္ သိသိသာသာပိုျမန္ ေၾကာင္းလည္းသိရသည္။
လက္ရွိအခ်ိန္တြင္ Star1 စက္႐ုပ္သည္ Tesla ကုမၸဏီ၏ Optimus စက္႐ုပ္ႏွင့္ Boston Dynamics ကုမၸဏီ၏ Atlas စက္႐ုပ္ကဲ့သို႔ေသာ အျခားအဆင့္ျမင့္လူသားပုံစံစက္႐ုပ္မ်ားအားလုံး ထက္ ပိုမိုျမန္ဆန္သည့္အျပင္ တစ္စကၠန႔္လွ်င္ (၃ ဒသမ ၃) မီတာအထိေျပးႏိုင္စြမ္းရွိေသာ Unitree Robotics ကုမၸဏီ၏ H1 စက္႐ုပ္ထက္လည္း ပိုမိုျမန္ဆန္ေၾကာင္းသိရသည္။