NCA စာချုပ်ပါ ငြိမ်းချမ်းရေးလမ်းကြောင်းနှင့်ရွေးကောက်ပွဲဆီသို့ . . . .
837
စစ်မုန်း (NP News) - ဒီဇင်ဘာ ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးများတက် ရောက်ရန် တရုတ်ပြည်သို့သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E Mr.Li Qiang တို့ နိုဝင်ဘာလ (၆)ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဤသို့တွေ့ဆုံဆွေးနွေးရာ၌ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံအကြား အကျိုးစီးပွား ဆိုင်ရာ ဆက်ဆံရေးကိစ္စရပ်များအပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ဆောင်ချက်များကိုဆွေးနွေးခဲ့ကြသည်။ ဤသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် (၂၀ဝ၈) ခုနှစ်မှစတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာ ပေးခဲ့သည့်အပြင် (၂၀၂၂)ခုနှစ်တွင်လည်း ကြိုတင်ကန့်သတ် ချက်မထားဘဲ လွတ်လပ်စွာပြောဆိုတင်ပြဆွေးနွေး နိုင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း MNDAA၊ TNLA ၊ AA စသည့်လက်နက်ကိုင်အဖွဲ့များသည် အကြမ်းဖက်တိုက်ခိုက်လာကာ နယ်မြေသိမ်းသည့်တိုက်ပွဲများကို ဖော်ဆောင်ခဲ့ကြောင်း၊ ယင်းအဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ရှင်းလင်းပြတ်သား သည့်လုပ်ဆောင်ချက်ပြသလာနိုင်မှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို စတင်ဆောင်ရွက်နိုင် မည်ဖြစ် ကြောင်းပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံ၌လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခ များကို အကြမ်းဖက်သည့်နည်းဖြင့်မဖြေရှင်းဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်ဖိတ်ခေါ်ခဲ့မှုများကို ချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကိုထောက်ခံ ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်ရရှိထားသည့် ပြည်တွင်း ငြိမ်းချမ်း ရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပ၍ထွက် ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အတိအလင်းဖော်ပြထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ် မှာ တရုတ်နိုင်ငံကဲ့သို့အိမ်နီးချင်းနိုင်ငံကြီးကပင် အလေးထားရသည့် ရှေ့လုပ်ငန်းစဉ်များဖြစ်ရာ နိုင်ငံတော်တည် ငြိမ်အေး ချမ်းရေးအတွက် အရေးပါသည့် လမ်းòန်ချက်များပင်ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)
မြန်မာနိုင်ငံသူနိုင်ငံသားများ တွေ့ကြုံခံစားနေ ကြရသည့် စစ်ပွဲများ၏အနိဋ္ဌာရုံမှာ နှစ်ပေါင်း (၇၀)ကျော်ကြာ မြင့်ခဲ့ပြီး ခါးသီးသောအတွေ့အကြုံများကို တွေ့ခဲ့ကြရသည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် စစ်ပွဲများ၏ ဒဏ်ရာဒဏ် ချက်ကြောင့် မိသားစုများ အကွဲကွဲအပြားပြားဖြစ်ခဲ့ရသည်။ လင်သေ၊ သားဆုံး ဘဝအနိဋ္ဌာရုံများကို ကြုံတွေ့ခဲ့ကြရသည်။ စည်းစိမ် ဥစ္စာရတနာတို့ ဆုံးရှုံးခဲ့ကြရသည်။ အိုးပစ်အိမ်ပစ် ဒေသရပ်ရွာကိုစွန့်ခွာကာ တစ်နယ်တစ်ကျေးသို့ ထွက်ပြေးခို လှုံခဲ့ကြရသည်။
မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာကြာမြင့်နေသည့် ပဋိပက္ခဆိုးမွေများကိုအဆုံးသတ်၍ ဖက်ဒရယ်နှင့်ဒီမို ကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြေညာချက်အမှတ် (၁/၂၀၁၁) ဖြင့် (၂၀၁၁)ခုနှစ် ဩဂုတ်လ(၁၈)ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။ ဤသို့ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၅)ဖွဲ့နှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး သဘောတူ ညီချက်(၃၉)ခုကို အဆင့်ဆင့်ချုပ်ဆိုနိုင်ခဲ့သည်။သို့ ဖြင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ် များပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီ(Union Pacemaking Work Committee-UPWC)နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(National Wide Casefire Coordination Team –NCCT)တို့သည် (၂၀၁၃)ခုနှစ် နိုဝင်ဘာလ (၁၈)ရက်မှစတင်၍ နှစ်ဖက်လက်ခံနိုင်မည့် တစ်နိုင်ငံလုံးအပစ်အခတ်တိုက် ခိုက်မှုရပ်စဲရေး စာချုပ်တစ်စောင်ရရှိရေးအတွက် စတင်ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်း ရေးသဘောတူညီချက်များရနိုင်ရန် ပြည်နယ်အဆင့် သဘောတူညီချက်၊ ပြည်ထောင်စုအဆင့်သဘောတူညီချက်များ ရရှိရန် ရက်ပေါင်း (၁၄၅၀)အတွင်း ဆွေးနွေးမှုများအပါအဝင် အစည်းအဝေးပေါင်း (၅၀ဝဝ)ခန့် ပြုလုပ်ခဲ့ရသည်။
နှစ်ဦးနှစ်ဖက်အကြား အပြန်အလှန်လေးစားမှု၊နားလည်မှုနှင့်စိတ်ရှည်သည်းခံမှုများဖြင့် (၁၇)လ ကျော်ကြာ ဆွေးနွေးအပြီး (၂၀၁၅)ခုနှစ် မတ်လ (၃၁)ရက်တွင် အခန်း (၇)ခန်းနှင့် အချက်ကြီး (၃၃)ချက်ပါ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်(Nationalwide Casefire Agreement- NCA) အတည်ပြုမူကြမ်းကို ပြီးစီးကြောင်း လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အတည်ပြုမူကြမ်း)ကို လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ခေါင်းဆောင်များက ပြင်ဆင်ဖြည့် စွက်လိုကြောင်း လောခီးလာ ညီလာခံအပြီးတွင် အဆိုပြုလာသဖြင့် စာချုပ်မူကြမ်းကို ထပ်မံဆွေးနွေး ရန်အတွက် ကိုယ်စားလှယ်အဖွဲ့သစ်တစ်ခုကိုဖွဲ့စည်း ခဲ့သည်။
နိုင်ငံတော်အစိုးရမှ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက်ရှေးရှုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အသစ်ဖွဲ့စည်း ထားသောအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(Senior Delegation -SD) နှင့် ပြန်လည်ညှိနှိုင်းခဲ့ပြီး (၂၀၁၅)ခုနှစ် ဩဂုတ်လ (၇)ရက်တွင် အပြီးသတ် သဘောတူခဲ့ကြသည်။ သို့ဖြင့် (၂၀၁၅)ခုနှစ် အောက်တိုဘာလ (၁၅)ရက်၌ နေပြည်တော် MICC-2 တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့် ဦးသိန်းစိန်ဦး ဆောင်သည့် အစိုးရအဖွဲ့တို့အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့အား သက်သေထားကာ လက်မှတ်ရေး ထိုးနိုင်ခဲ့သည်။
စာချုပ်ပါအချက်(၃၃)ချက်အတွက် တစ်ချက်ချင်းကိုအကျေအလည်ဆွေးနွေးခဲ့ရာတွင် လပေါင်း (၂၂)လ (၂)နှစ်ခန့်ကြာအောင် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ လက်မှတ်ရေး ထိုးခြင်းကို အဖွဲ့ (၁၅) ဖွဲ့ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ခဲ့သော်လည်း ငြိမ်းချမ်းရေးကိုမလိုလားသော နိုင်ငံရေး သမားအချို့ နှင့်ပြည်ပနိုင်ငံအချို့က လက်မှတ်မရေးထိုးကြဖို့ သွေးထိုးလှုံ့ဆော်မှုများကြောင့် အဖွဲ့ (၈)ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
(NCA) လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့်အမေရိကန်နိုင်ငံတို့က ကြိုဆို လက်ခံကြောင်း၊ ဆုံးဖြတ်ချက်ချမှတ်ခဲ့သော အဖွဲ့များအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဆယ်စုနှစ် ပေါင်းများစွာကြာ လက်နက်ကိုင်ပဋိပက္ခနှင့်အရပ်သားများ ဆင်းရဲဒုက္ခကြုံတွေ့ပြီးနောက် ယနေ့မှာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့်ကြွယ်ဝချမ်း သာရေးဆီသို့ သွားရောက်လမ်းကြောင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌အရှည်ကြာဆုံး ပြည်တွင်းပဋိပက္ခ အဆုံးသတ်ရန်ဆက်လက်ကြိုးပမ်းမှုများအတွက် အဖွဲ့အစည်းများအားလုံးကိုချီးကျူးပါကြောင်း စသည်များဖြင့် အသီးသီးထုတ်ပြန်ကြေညာခဲ့ကြသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခဲ့ခြင်းမှာ အောက်တိုဘာလ (၁၅)ရက်က (၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (NCA) ကား နှယ်နှယ်ရရ စာချုပ်တစ်ရပ်မဟုတ်ပေ။ဤစာချုပ်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြု သဘောတူညီချက် သဘောတူစာချုပ်ဖြစ်သည်။ NCA စာ ချုပ်သည် တိုင်းရင်းသားလူမျိုးစုများတောင်းဆိုနေကြသည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီအသွင်ကူးပြောင်း ရေးတွင် ကျင့်သုံး ဆောင်ရွက်ရန်လိုအပ်သည့် အခြေခံအကျဆုံးအချက်များဖြစ်သည့်အတွက် ယင်းစာချုပ်တွင် ပစ်ခတ်တိုက်ခိုက်ရပ်စဲမှု လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအခြေခံမူနှင့် နိုင်ငံရေး ဆိုင်ရာလုပ်ငန်းစဉ်များ ထည့်သွင်းချုပ်ဆို အတည်ပြုထားသည်ကိုတွေ့ရသည်။
NCA စာချုပ်၏အခြေခံမူတွင် ‘မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိ ပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်း မပြုဘဲ နိုင်ငံရေးနည်း လမ်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင် ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံ လုံးအပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်’ ဆို သည့်အခြေခံမူကို ထည့်သွင်းထားသည်ကိုတွေ့ရသည်။
ထို့အတူ NCA စာချုပ်ပါ အခန်း(၁)အခြေခံ မူများတွင် “ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်”၊ “နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးများရရှိစေရန်” ဆိုသည့် ပြဋ္ဌာန်းချက်များပါရှိပြီးလည်းဖြစ် သည်။ အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲများကျင်းပခြင်းကဏ္ဍတွင် “ပြည်ထောင်စုညီ လာခံမှထွက်ပေါ်လာသောဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကိုလိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီပြုလုပ်ရန်သဘောတူညီသည်” ဟုလည်း ထည့်သွင်း သဘောတူညီထားသည်။ ယင်းအခြေခံမူသည် နိုင်ငံတော်က အသွင်ကူးပြောင်းနေသည့် ယဉ်ကျေးမှုနှင့်အညီ ဒီမိုကရေစီနည်းလမ်းများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ချဉ်းကပ်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။
ယနေ့အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA)ပါအတိုင်း အလေး ထားလုပ်ဆောင်လျက်ရှိနေသည်။
ဆက်လက်ဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့ပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအဆင့်ဆင့်တို့က (၂၀၂၂)ခုနှစ် ဧပြီလ(၂၂)ရက်တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံမှု ရှိ/မရှိ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုစနစ်အပေါ် လက်ခံမှုရှိ/မရှိ အပေါ်မူတည်ပြီး မည်သည့်ကန့်သတ်ချက်မှမပါသော တွေ့ဆုံဆွေးနွေးပွဲကို ဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ် ရေးထိုးထားသော EAO အဖွဲ့ (၇)ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော EAO အဖွဲ့(၃)ဖွဲ့တို့မှ ကိုယ်စားလှယ်များ နှင့်တွေဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ဘုံသဘောတူညီချက်များအဖြစ် (၁)ပါတီစုံဒီမိုကရေနိုင်ငံရေစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ (၂)တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသောပြည်ထောင်စု တည်ဆောက်ရေး၊ (၃) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ရေး၊ (၄) တရားဥပဒေစိုးမိုး ရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲများ လွတ်လပ်၍တရားမျှတစွာ ယှဉ်ပြိုင်နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး စသည့်အချက် (၄)ချက်ကိုရရှိခဲ့ကြောင်းလည်းသိရသည်။ ထို့အတူ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ရာတွင်လည်း သဘောတူညီချက်(၂၁)ချက်ကိုရရှိခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA
NCA မှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စတွင် NCA စာချုပ်၏ဖြစ်ပေါ်လာပုံနှင့် သဘော တရား၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာပုံနှင့်သဘောတရား စသည်များကို ကွဲကွဲပြားပြားသိရှိကြရန်လို အပ်သည်။ ဤအချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “ NCA စာချုပ်ဟာ နိုင်ငံတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြုသ ဘောတူစာချုပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအ ခြေခံဥပဒေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအကြား အာမခံချက် ပေးထားတဲ့ဥပဒေဖြစ်ပါတယ်။ အဖွဲ့အစည်းနှစ်ခုအကြား သဘောတူညီချက်၊ ကတိကဝတ်ဟာ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူအားလုံးအပေါ် မှာထားရမယ့် သဘောတူညီချက်၊ အာမခံချက် ပြုထားတဲ့ ဥပဒေအပေါ် လွှမ်းမိုးဖို့ မသင့်ပါဘူး။ ဆိုလိုတာက NCA ကိုအလေးအနက်ထားရမှာဖြစ်ပေမယ့် NCA စာချုပ်ကနေတစ်ဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ဆောင်ရွက်ရာမှာ အခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ထင်မြင်ချက်၊ ယူဆချက်၊ လို လားချက် တွေကို တူညီဆန္ဒတွေအဖြစ် စုစည်းဆွေး နွေးနေတာဖြစ်ပါတယ်။ ဒီအထဲက အခြေခံဥပဒေ ကိုပြင်ဆင်ရမယ့် အချက်တွေပါလာရင် နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်အသီးသီးကတစ်ဆင့် အဆုံးအဖြတ်ကို ခံယူဆောင်ရွက်သွား ရမှာဖြစ်ပါတယ်”ဟု (၂၀၂၃)ခုနှစ် အောက်တိုဘာလ (၁၅) ရက်ကပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ်(NCA) ချုပ်ဆိုခြင်း(၈)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်ကိုလည်း အလေးအနက်ထားကြရန်လိုသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)စာချုပ်၏အနှစ်သာရမှာ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်သွားရေး၊ လက်နက်ကိုင်တိုက်ခိုက်မှု များကိုစွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းများဖြင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ် သည်။ ဤသို့ဆောင်ရွက်ရာတွင် အခြေခံဥပဒေကို ပြင်ဆင်ရမည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက လွှတ် တော်အတွင်း မှသာဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လွှတ်တော်ပေါ်ပေါက်ရေးမှာ အရေးကြီးကြောင်းနှင့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးမှာ အရေးကြီးသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၂၀၂၁)ခုနှစ်တွင် နိုင်ငံတော်အချုပ်အခြာအာဏာ (၃)ရပ်ကို လွှဲပြောင်းလက်ခံရယူခဲ့ပြီးနောက် ရှေ့လုပ် ငန်းစဉ်(၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး တစ် နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)ပါ သဘောတူညီ ချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟု ချမှတ်ထား ပြီးဖြစ်သည်။ အမှန်တကယ်တွင် မတူကွဲပြားခြားနား မှုများနှင့် အမုန်းအာဃတတရားများအကြား တိုင်း ရင်းသားပြည်သူသန်းပေါင်းများစွာတို့ ဆင်းရဲဒုက္ခ ရောက်နေကြရသည်။ အမှန်အားဖြင့် ပြည်သူများ သည်ငြိမ်းချမ်းစွာနေထိုင်လိုကြသည်။ သို့ရာတွင် ခေါင်းဆောင်ဆိုသူ အကြားဖြစ်ပွားနေကြသည့် မတူကွဲပြားမှုများ၊ အငြင်းပွားမှုများအကြားတွင် တိုင်းရင်းသားပြည်သူများ အတိဒုက္ခ ရောက်နေကြရခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရ ငြိမ်းချမ်းရေးရယူရန် ဆန္ဒရှိပါက တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုကို တည်ဆောက်ပြီး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း သို့ ရောက်ရှိလာကြစေလိုသည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ချုပ်ဆိုနိုင်ခဲ့ ခြင်းမှာ လွယ်လွယ်နှင့်ချုပ်ဆိုနိုင်ခဲ့သည် ကားမဟုတ်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအပြည့်အဝထား ၍ နိုင်ငံတော်၏အကျိုး၊ နိုင်ငံသားများ၏အကျိုးကို ဦးထိပ်ပန်ဆင်ပြီး ညှိနှိုင်းခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ဆွေးနွေးမှု အဆင့်တိုင်း တွင်လည်း စိတ်ရှည် ခြင်း၊ သည်းခံခြင်း၊ နားလည်ခွင့် လွှတ်ခြင်းများဖြင့် အမုန်းနှင့် အာဃတတရားများကို ပယ်ဖျောက်သွားကြပြီး ငြိမ်းချမ်းရေးအတွက် စိတ်ရင်းဆန္ဒမှန်ကိုပြသကြရန် အချိန်ကျရောက်ပြီဖြစ် ကြောင်း ရေးသားရပေသည်။
zawgyi version
NCA စာခ်ဳပ္ပါ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းႏွင့္ေ႐ြးေကာက္ပြဲဆီသို႔ . . . .
စစ္မုန္း (NP News) - ဒီဇင္ဘာ ၅
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေတာ္အစိုးရ၏ ဖိတ္ၾကားခ်က္အရ ထိပ္သီးအစည္းအေဝးမ်ားတက္ ေရာက္ရန္ တ႐ုတ္ျပည္သို႔သြားေရာက္ခဲ့သည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဝန္ႀကီးခ်ဳပ္ H.E Mr.Li Qiang တို႔ ႏိုဝင္ဘာလ (၆)ရက္က တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၌ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။
ဤသို႔ေတြ႕ဆုံေဆြးေႏြးရာ၌ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတို႔၏ ႏွစ္ႏိုင္ငံအၾကား အက်ိဳးစီးပြား ဆိုင္ရာ ဆက္ဆံေရးကိစၥရပ္မ်ားအျပင္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးဆိုင္ရာလုပ္ေဆာင္ခ်က္မ်ားကိုေဆြးေႏြးခဲ့ၾကသည္။ ဤသို႔ေဆြးေႏြးရာတြင္ ျမန္မာႏိုင္ငံအေနျဖင့္ (၂၀ဝ၈) ခုႏွစ္မွစတင္ကာ အပစ္အခတ္ရပ္စဲေရးကို တစ္ဖက္သတ္ေၾကညာ ေပးခဲ့သည့္အျပင္ (၂၀၂၂)ခုႏွစ္တြင္လည္း ႀကိဳတင္ကန႔္သတ္ ခ်က္မထားဘဲ လြတ္လပ္စြာေျပာဆိုတင္ျပေဆြးေႏြး ႏိုင္ရန္ ဖိတ္ေခၚခဲ့ေသာ္လည္း MNDAA၊ TNLA ၊ AA စသည့္လက္နက္ကိုင္အဖြဲ႕မ်ားသည္ အၾကမ္းဖက္တိုက္ခိုက္လာကာ နယ္ေျမသိမ္းသည့္တိုက္ပြဲမ်ားကို ေဖာ္ေဆာင္ခဲ့ေၾကာင္း၊ ယင္းအဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးကိုလိုလားေၾကာင္း ရွင္းလင္းျပတ္သား သည့္လုပ္ေဆာင္ခ်က္ျပသလာႏိုင္မွသာလွ်င္ မိမိတို႔အေနျဖင့္ ေဆြးေႏြးမႈကို စတင္ေဆာင္႐ြက္ႏိုင္ မည္ျဖစ္ ေၾကာင္းေျပာၾကားခဲ့သည္။
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဝန္ႀကီးခ်ဳပ္ကလည္း ျမန္မာႏိုင္ငံ၌လက္ရွိျဖစ္ေပၚေနသည့္ လက္နက္ကိုင္ ပဋိပကၡ မ်ားကို အၾကမ္းဖက္သည့္နည္းျဖင့္မေျဖရွင္းဘဲ ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းရန္ဖိတ္ေခၚခဲ့မႈမ်ားကို ခ်ီးက်ဴးပါေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္ကိုေထာက္ခံ ပါေၾကာင္းႏွင့္ ျမန္မာႏိုင္ငံ၏ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ဆႏၵျပဳကူညီႏိုင္မည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ႏိုင္ငံေတာ္၏ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္တြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ရရွိထားသည့္ ျပည္တြင္း ၿငိမ္းခ်မ္း ေရးရလဒ္မ်ား တည္ၿငိမ္မႈရွိေစေရးအတြက္ (NCA)ပါ သေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထား လုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္းကိုလည္းေကာင္း၊ လြတ္လပ္ၿပီးတရားမွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲက်င္းပ၍ထြက္ ေပၚလာသည့္အစိုးရအား ႏိုင္ငံေတာ္တာဝန္လႊဲအပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ သြားမည္ ျဖစ္ေၾကာင္း အတိအလင္းေဖာ္ျပထားသည္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီမွခ်မွတ္ခဲ့သည့္ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္ မွာ တ႐ုတ္ႏိုင္ငံကဲ့သို႔အိမ္နီးခ်င္းႏိုင္ငံႀကီးကပင္ အေလးထားရသည့္ ေရွ႕လုပ္ငန္းစဥ္မ်ားျဖစ္ရာ ႏိုင္ငံေတာ္တည္ ၿငိမ္ေအး ခ်မ္းေရးအတြက္ အေရးပါသည့္ လမ္းòန္ခ်က္မ်ားပင္ျဖစ္သည္။
အပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)
ျမန္မာႏိုင္ငံသူႏိုင္ငံသားမ်ား ေတြ႕ႀကဳံခံစားေန ၾကရသည့္ စစ္ပြဲမ်ား၏အနိ႒ာ႐ုံမွာ ႏွစ္ေပါင္း (၇၀)ေက်ာ္ၾကာ ျမင့္ခဲ့ၿပီး ခါးသီးေသာအေတြ႕အႀကဳံမ်ားကို ေတြ႕ခဲ့ၾကရသည္။ ႏိုင္ငံသူႏိုင္ငံသားမ်ားအေနျဖင့္ စစ္ပြဲမ်ား၏ ဒဏ္ရာဒဏ္ ခ်က္ေၾကာင့္ မိသားစုမ်ား အကြဲကြဲအျပားျပားျဖစ္ခဲ့ရသည္။ လင္ေသ၊ သားဆုံး ဘဝအနိ႒ာ႐ုံမ်ားကို ႀကဳံေတြ႕ခဲ့ၾကရသည္။ စည္းစိမ္ ဥစၥာရတနာတို႔ ဆုံးရႈံးခဲ့ၾကရသည္။ အိုးပစ္အိမ္ပစ္ ေဒသရပ္႐ြာကိုစြန႔္ခြာကာ တစ္နယ္တစ္ေက်းသို႔ ထြက္ေျပးခို လႈံခဲ့ၾကရသည္။
ျမန္မာႏိုင္ငံ၏ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ေနသည့္ ပဋိပကၡဆိုးေမြမ်ားကိုအဆုံးသတ္၍ ဖက္ဒရယ္ႏွင့္ဒီမို ကေရစီႏိုင္ငံေတာ္ တည္ေဆာက္ေရးအတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ ေၾကညာခ်က္အမွတ္ (၁/၂၀၁၁) ျဖင့္ (၂၀၁၁)ခုႏွစ္ ဩဂုတ္လ(၁၈)ရက္တြင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ားကို ကမ္းလွမ္း ဖိတ္ေခၚခဲ့သည္။ ဤသို႔ျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၁၅)ဖြဲ႕ႏွင့္ အႀကိမ္ႀကိမ္ေဆြးေႏြးခဲ့ၿပီး သေဘာတူ ညီခ်က္(၃၉)ခုကို အဆင့္ဆင့္ခ်ဳပ္ဆိုႏိုင္ခဲ့သည္။သို႔ ျဖင့္ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္ကိုယ္စားလွယ္ မ်ားပါဝင္သည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ ေရးေကာ္မတီ(Union Pacemaking Work Committee-UPWC)ႏွင့္ တိုင္းရင္း သား လက္နက္ကိုင္အဖြဲ႕အစည္း၏ တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးဆိုင္ရာညႇိႏႈိင္းေရးအဖြဲ႕(National Wide Casefire Coordination Team –NCCT)တို႔သည္ (၂၀၁၃)ခုႏွစ္ ႏိုဝင္ဘာလ (၁၈)ရက္မွစတင္၍ ႏွစ္ဖက္လက္ခံႏိုင္မည့္ တစ္ႏိုင္ငံလုံးအပစ္အခတ္တိုက္ ခိုက္မႈရပ္စဲေရး စာခ်ဳပ္တစ္ေစာင္ရရွိေရးအတြက္ စတင္ေဆြးေႏြးခဲ့ၾကသည္။ ၿငိမ္းခ်မ္း ေရးသေဘာတူညီခ်က္မ်ားရႏိုင္ရန္ ျပည္နယ္အဆင့္ သေဘာတူညီခ်က္၊ ျပည္ေထာင္စုအဆင့္သေဘာတူညီခ်က္မ်ား ရရွိရန္ ရက္ေပါင္း (၁၄၅၀)အတြင္း ေဆြးေႏြးမႈမ်ားအပါအဝင္ အစည္းအေဝးေပါင္း (၅၀ဝဝ)ခန႔္ ျပဳလုပ္ခဲ့ရသည္။
ႏွစ္ဦးႏွစ္ဖက္အၾကား အျပန္အလွန္ေလးစားမႈ၊နားလည္မႈႏွင့္စိတ္ရွည္သည္းခံမႈမ်ားျဖင့္ (၁၇)လ ေက်ာ္ၾကာ ေဆြးေႏြးအၿပီး (၂၀၁၅)ခုႏွစ္ မတ္လ (၃၁)ရက္တြင္ အခန္း (၇)ခန္းႏွင့္ အခ်က္ႀကီး (၃၃)ခ်က္ပါ တစ္ႏိုင္ငံလုံးအပစ္ အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္(Nationalwide Casefire Agreement- NCA) အတည္ျပဳမူၾကမ္းကို ၿပီးစီးေၾကာင္း လက္မွတ္ ေရးထိုးႏိုင္ခဲ့သည္။ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (အတည္ျပဳမူၾကမ္း)ကို လက္မွတ္ေရးထိုးရန္ အဆင္သင့္ျဖစ္ခဲ့ေသာ္လည္း တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း မ်ား၏ေခါင္းေဆာင္မ်ားက ျပင္ဆင္ျဖည့္ စြက္လိုေၾကာင္း ေလာခီးလာ ညီလာခံအၿပီးတြင္ အဆိုျပဳလာသျဖင့္ စာခ်ဳပ္မူၾကမ္းကို ထပ္မံေဆြးေႏြး ရန္အတြက္ ကိုယ္စားလွယ္အဖြဲ႕သစ္တစ္ခုကိုဖြဲ႕စည္း ခဲ့သည္။
ႏိုင္ငံေတာ္အစိုးရမွ အမ်ိဳးသားျပန္လည္သင့္ ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးတို႔အတြက္ေရွးရႈၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၏ အသစ္ဖြဲ႕စည္း ထားေသာအဆင့္ျမင့္ညႇိႏႈိင္းေရးကိုယ္စားလွယ္အဖြဲ႕(Senior Delegation -SD) ႏွင့္ ျပန္လည္ညႇိႏႈိင္းခဲ့ၿပီး (၂၀၁၅)ခုႏွစ္ ဩဂုတ္လ (၇)ရက္တြင္ အၿပီးသတ္ သေဘာတူခဲ့ၾကသည္။ သို႔ျဖင့္ (၂၀၁၅)ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္၌ ေနျပည္ေတာ္ MICC-2 တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕(၈)ဖြဲ႕ႏွင့္ ဦးသိန္းစိန္ဦး ေဆာင္သည့္ အစိုးရအဖြဲ႕တို႔အၾကား တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးစာခ်ဳပ္(NCA)ကို ကမာၻ႔ကုလသမဂၢ၊ ဥေရာပ သမဂၢ၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ အိႏၵိယသမၼတႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔အား သက္ေသထားကာ လက္မွတ္ေရး ထိုးႏိုင္ခဲ့သည္။
စာခ်ဳပ္ပါအခ်က္(၃၃)ခ်က္အတြက္ တစ္ခ်က္ခ်င္းကိုအေက်အလည္ေဆြးေႏြးခဲ့ရာတြင္ လေပါင္း (၂၂)လ (၂)ႏွစ္ခန႔္ၾကာေအာင္ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕၊ တစ္ဦးႏွင့္တစ္ဦး ယုံၾကည္မႈျဖင့္ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။ လက္မွတ္ေရး ထိုးျခင္းကို အဖြဲ႕ (၁၅) ဖြဲ႕ပါဝင္လက္မွတ္ေရးထိုးႏိုင္ရန္ ေမွ်ာ္လင့္ခဲ့ေသာ္လည္း ၿငိမ္းခ်မ္းေရးကိုမလိုလားေသာ ႏိုင္ငံေရး သမားအခ်ိဳ႕ ႏွင့္ျပည္ပႏိုင္ငံအခ်ိဳ႕က လက္မွတ္မေရးထိုးၾကဖို႔ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားေၾကာင့္ အဖြဲ႕ (၈)ဖြဲ႕ျဖင့္သာ လက္မွတ္ေရးထိုးႏိုင္ခဲ့ၾကသည္။
(NCA) လက္မွတ္ေရးထိုးျခင္းႏွင့္ပတ္သက္၍ ကုလသမဂၢ၊ ဥေရာပသမဂၢႏွင့္အေမရိကန္ႏိုင္ငံတို႔က ႀကိဳဆို လက္ခံေၾကာင္း၊ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ေသာ အဖြဲ႕မ်ားအား ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း၊ ဆယ္စုႏွစ္ ေပါင္းမ်ားစြာၾကာ လက္နက္ကိုင္ပဋိပကၡႏွင့္အရပ္သားမ်ား ဆင္းရဲဒုကၡႀကဳံေတြ႕ၿပီးေနာက္ ယေန႔မွာ ျမန္မာႏိုင္ငံ၏ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရး ႏွင့္ႂကြယ္ဝခ်မ္း သာေရးဆီသို႔ သြားေရာက္လမ္းေၾကာင္းျဖစ္ေၾကာင္း၊ ကမာၻေပၚ၌အရွည္ၾကာဆုံး ျပည္တြင္းပဋိပကၡ အဆုံးသတ္ရန္ဆက္လက္ႀကိဳးပမ္းမႈမ်ားအတြက္ အဖြဲ႕အစည္းမ်ားအားလုံးကိုခ်ီးက်ဴးပါေၾကာင္း စသည္မ်ားျဖင့္ အသီးသီးထုတ္ျပန္ေၾကညာခဲ့ၾကသည္။
တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ခ်ဳပ္ဆိုခဲ့ျခင္းမွာ ေအာက္တိုဘာလ (၁၅)ရက္က (၉)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္သည္။ (NCA) ကား ႏွယ္ႏွယ္ရရ စာခ်ဳပ္တစ္ရပ္မဟုတ္ေပ။ဤစာခ်ဳပ္သည္ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ားအၾကား ကတိကဝတ္ျပဳ သေဘာတူညီခ်က္ သေဘာတူစာခ်ဳပ္ျဖစ္သည္။ NCA စာ ခ်ဳပ္သည္ တိုင္းရင္းသားလူမ်ိဳးစုမ်ားေတာင္းဆိုေနၾကသည့္ ဖက္ဒရယ္ႏွင့္ဒီမိုကေရစီအသြင္ကူးေျပာင္း ေရးတြင္ က်င့္သုံး ေဆာင္႐ြက္ရန္လိုအပ္သည့္ အေျခခံအက်ဆုံးအခ်က္မ်ားျဖစ္သည့္အတြက္ ယင္းစာခ်ဳပ္တြင္ ပစ္ခတ္တိုက္ခိုက္ရပ္စဲမႈ လုပ္ငန္းစဥ္မ်ား၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ရာအေျခခံမူႏွင့္ ႏိုင္ငံေရး ဆိုင္ရာလုပ္ငန္းစဥ္မ်ား ထည့္သြင္းခ်ဳပ္ဆို အတည္ျပဳထားသည္ကိုေတြ႕ရသည္။
NCA စာခ်ဳပ္၏အေျခခံမူတြင္ ‘ျမန္မာႏိုင္ငံတြင္ သမိုင္းရွည္ၾကာျဖစ္ပြားခဲ့ေသာ လက္နက္ကိုင္ပဋိ ပကၡမ်ား အဆုံးသတ္ႏိုင္ေရး ေဆြးေႏြးညႇိႏႈိင္းအေျဖရွာေရး၊ ႏိုင္ငံေရးျပႆနာကို စစ္ေရးျဖင့္ေျဖရွင္းျခင္း မျပဳဘဲ ႏိုင္ငံေရးနည္း လမ္းျဖင့္ေျဖရွင္းမည့္ ႏိုင္ငံေရး ယဥ္ေက်းမႈသစ္တစ္ရပ္ထူေထာင္ၿပီး လက္နက္ကိုင္ ပဋိပကၡအဆုံးသတ္ႏိုင္ရန္ တစ္ႏိုင္ငံ လုံးအပစ္အခတ္ တိုက္ခိုက္မႈရပ္စဲေရးကို ဦးစြာေဆာင္႐ြက္ရန္’ ဆို သည့္အေျခခံမူကို ထည့္သြင္းထားသည္ကိုေတြ႕ရသည္။
ထို႔အတူ NCA စာခ်ဳပ္ပါ အခန္း(၁)အေျခခံ မူမ်ားတြင္ “ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကိုအေျခခံေသာ ျပည္ေထာင္စုကို ႏိုင္ငံေရးေဆြးေႏြးပြဲ ရလဒ္မ်ားႏွင့္အညီ တည္ေဆာက္သြားရန္”၊ “ႏိုင္ငံသားအားလုံး တန္းတူရည္တူ အခြင့္အေရးမ်ားရရွိေစရန္” ဆိုသည့္ ျပ႒ာန္းခ်က္မ်ားပါရွိၿပီးလည္းျဖစ္ သည္။ အားလုံးပါဝင္သည့္ ႏိုင္ငံေရးေတြ႕ဆုံေဆြး ေႏြးပြဲမ်ားက်င္းပျခင္းက႑တြင္ “ျပည္ေထာင္စုညီ လာခံမွထြက္ေပၚလာေသာဆုံးျဖတ္ခ်က္မ်ားအေပၚ အေျခခံ၍ ဖြဲ႕စည္းပုံအေျခခံဥပေဒအပါအဝင္ ဥပေဒမ်ားကိုလိုအပ္သလိုျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္းႏွင့္ ပယ္ဖ်က္ျခင္းမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီျပဳလုပ္ရန္သေဘာတူညီသည္” ဟုလည္း ထည့္သြင္း သေဘာတူညီထားသည္။ ယင္းအေျခခံမူသည္ ႏိုင္ငံေတာ္က အသြင္ကူးေျပာင္းေနသည့္ ယဥ္ေက်းမႈႏွင့္အညီ ဒီမိုကေရစီနည္းလမ္းမ်ားျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ကို ခ်ဥ္းကပ္ေဆာင္႐ြက္ခဲ့ျခင္းလည္းျဖစ္သည္။
ယေန႔အခ်ိန္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီသည္ တစ္ႏိုင္ငံလုံးထာဝရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲ ေရးသေဘာတူစာခ်ဳပ္ (NCA)ပါအတိုင္း အေလး ထားလုပ္ေဆာင္လ်က္ရွိေနသည္။
ဆက္လက္ေဆြးေႏြး
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ယူခဲ့ၿပီးေနာက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈေကာ္မတီအဆင့္ဆင့္တို႔က (၂၀၂၂)ခုႏွစ္ ဧၿပီလ(၂၂)ရက္တြင္ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးရန္ ပါတီစုံဒီမိုကေရစီစနစ္ကို လက္ခံမႈ ရွိ/မရွိ၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ ျပည္ေထာင္စုစနစ္အေပၚ လက္ခံမႈရွိ/မရွိ အေပၚမူတည္ၿပီး မည္သည့္ကန႔္သတ္ခ်က္မွမပါေသာ ေတြ႕ဆုံေဆြးေႏြးပြဲကို ဖိတ္ေခၚခဲ့သည္။ NCA လက္မွတ္ ေရးထိုးထားေသာ EAO အဖြဲ႕ (၇)ဖြဲ႕၊ NCA လက္မွတ္ေရးထိုးထားျခင္းမရွိေသာ EAO အဖြဲ႕(၃)ဖြဲ႕တို႔မွ ကိုယ္စားလွယ္မ်ား ႏွင့္ေတြဆုံၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးျခင္း၊ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ျခင္းလုပ္ငန္းမ်ားကို လုပ္ေဆာင္ႏိုင္ခဲ့သည္။ တစ္ဆက္တည္းမွာပင္ ဘုံသေဘာတူညီခ်က္မ်ားအျဖစ္ (၁)ပါတီစုံဒီမိုကေရႏိုင္ငံေရစနစ္ ခိုင္မာေစေရးအတြက္ ပူးေပါင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး၊ (၂)တိုင္းရင္းသားျပည္သူတစ္ရပ္လုံး လိုလားခ်က္ပန္းတိုင္ျဖစ္သည့္ ဒီမို ကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကိုအေျခခံေသာျပည္ေထာင္စု တည္ေဆာက္ေရး၊ (၃) ျပည္ေထာင္စုၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ လက္တြဲပူးေပါင္းအေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေရး၊ (၄) တရားဥပေဒစိုးမိုး ေရး၊ ေဒသတည္ၿငိမ္ေရးႏွင့္ ပါတီစုံဒီမိုကေရစီေ႐ြး ေကာက္ပြဲမ်ား လြတ္လပ္၍တရားမွ်တစြာ ယွဥ္ၿပိဳင္ႏိုင္ ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေရး စသည့္အခ်က္ (၄)ခ်က္ကိုရရွိခဲ့ေၾကာင္းလည္းသိရသည္။ ထို႔အတူ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ႏိုင္ေရး ေဆြးေႏြးခဲ့ရာတြင္လည္း သေဘာတူညီခ်က္(၂၁)ခ်က္ကိုရရွိခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိရသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ NCA
NCA မွတစ္ဆင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ေရးကိစၥတြင္ NCA စာခ်ဳပ္၏ျဖစ္ေပၚလာပုံႏွင့္ သေဘာ တရား၊ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒျဖစ္ေပၚလာပုံႏွင့္သေဘာတရား စသည္မ်ားကို ကြဲကြဲျပားျပားသိရွိၾကရန္လို အပ္သည္။ ဤအခ်က္ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က “ NCA စာခ်ဳပ္ဟာ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအၾကား ကတိကဝတ္ျပဳသ ေဘာတူစာခ်ဳပ္ျဖစ္ပါတယ္။ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအ ေျခခံဥပေဒကေတာ့ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသူ၊ ႏိုင္ငံသား တိုင္းရင္းသားျပည္သူလူထုတစ္ရပ္လုံးအၾကား အာမခံခ်က္ ေပးထားတဲ့ဥပေဒျဖစ္ပါတယ္။ အဖြဲ႕အစည္းႏွစ္ခုအၾကား သေဘာတူညီခ်က္၊ ကတိကဝတ္ဟာ ႏိုင္ငံသူ၊ ႏိုင္ငံသား၊ တိုင္းရင္းသားျပည္သူအားလုံးအေပၚ မွာထားရမယ့္ သေဘာတူညီခ်က္၊ အာမခံခ်က္ ျပဳထားတဲ့ ဥပေဒအေပၚ လႊမ္းမိုးဖို႔ မသင့္ပါဘူး။ ဆိုလိုတာက NCA ကိုအေလးအနက္ထားရမွာျဖစ္ေပမယ့္ NCA စာခ်ဳပ္ကေနတစ္ဆင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ေဆာင္႐ြက္ရာမွာ အေျခခံဥပေဒ ပါျပ႒ာန္းခ်က္မ်ားအတိုင္း ေဆာင္႐ြက္သြားၾကရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းေတြရဲ႕ထင္ျမင္ခ်က္၊ ယူဆခ်က္၊ လို လားခ်က္ ေတြကို တူညီဆႏၵေတြအျဖစ္ စုစည္းေဆြး ေႏြးေနတာျဖစ္ပါတယ္။ ဒီအထဲက အေျခခံဥပေဒ ကိုျပင္ဆင္ရမယ့္ အခ်က္ေတြပါလာရင္ ေနာင္ျဖစ္ေပၚလာမယ့္ လႊတ္ေတာ္အသီးသီးကတစ္ဆင့္ အဆုံးအျဖတ္ကို ခံယူေဆာင္႐ြက္သြား ရမွာျဖစ္ပါတယ္”ဟု (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ (၁၅) ရက္ကျပဳလုပ္ခဲ့သည့္ တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရး သေဘာ တူစာခ်ဳပ္(NCA) ခ်ဳပ္ဆိုျခင္း(၈)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ ေျပာၾကားခဲ့သည္ကိုလည္း အေလးအနက္ထားၾကရန္လိုသည္။
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္(NCA)စာခ်ဳပ္၏အႏွစ္သာရမွာ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ စနစ္တို႔ကိုအေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္သြားေရး၊ လက္နက္ကိုင္တိုက္ခိုက္မႈ မ်ားကိုစြန႔္လႊတ္ၿပီး ႏိုင္ငံေရးနည္းလမ္းမ်ားျဖင့္ ထာဝရၿငိမ္းခ်မ္းေရးတည္ေဆာက္ေရး၊ ျပန္လည္ထူေထာင္ ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေရး၊ ေဒသတည္ၿငိမ္ ေအးခ်မ္းေရးႏွင့္တရားဥပေဒစိုးမိုးေရး၊ ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးတို႔ကို ပူးေပါင္းေဆာင္႐ြက္သြားရန္ျဖစ္ သည္။ ဤသို႔ေဆာင္႐ြက္ရာတြင္ အေျခခံဥပေဒကို ျပင္ဆင္ရမည့္ကိစၥရပ္မ်ား ေပၚေပါက္လာပါက လႊတ္ ေတာ္အတြင္း မွသာေဆာင္႐ြက္သြားရမည္ျဖစ္သျဖင့္ လႊတ္ေတာ္ေပၚေပါက္ေရးမွာ အေရးႀကီးေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲမ်ား ေအာင္ျမင္စြာက်င္းပႏိုင္ေရးမွာ အေရးႀကီးသည္ကို ေတြ႕ရမည္ျဖစ္သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ (၂၀၂၁)ခုႏွစ္တြင္ ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာ (၃)ရပ္ကို လႊဲေျပာင္းလက္ခံရယူခဲ့ၿပီးေနာက္ ေရွ႕လုပ္ ငန္းစဥ္(၅)ရပ္ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိၿပီး တစ္ ႏိုင္ငံလုံးထာဝရ ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူ စာခ်ဳပ္ (NCA)ပါ သေဘာတူညီ ခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထားလုပ္ေဆာင္သြားမည္ဟု ခ်မွတ္ထား ၿပီးျဖစ္သည္။ အမွန္တကယ္တြင္ မတူကြဲျပားျခားနား မႈမ်ားႏွင့္ အမုန္းအာဃတတရားမ်ားအၾကား တိုင္း ရင္းသားျပည္သူသန္းေပါင္းမ်ားစြာတို႔ ဆင္းရဲဒုကၡ ေရာက္ေနၾကရသည္။ အမွန္အားျဖင့္ ျပည္သူမ်ား သည္ၿငိမ္းခ်မ္းစြာေနထိုင္လိုၾကသည္။ သို႔ရာတြင္ ေခါင္းေဆာင္ဆိုသူ အၾကားျဖစ္ပြားေနၾကသည့္ မတူကြဲျပားမႈမ်ား၊ အျငင္းပြားမႈမ်ားအၾကားတြင္ တိုင္းရင္းသားျပည္သူမ်ား အတိဒုကၡ ေရာက္ေနၾကရျခင္းျဖစ္သည္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ ထာဝရ ၿငိမ္းခ်မ္းေရးရယူရန္ ဆႏၵရွိပါက တစ္ဦးႏွင့္တစ္ဦး၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ယုံၾကည္မႈကို တည္ေဆာက္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈလမ္းေၾကာင္း သို႔ ေရာက္ရွိလာၾကေစလိုသည္။ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)ကို ခ်ဳပ္ဆိုႏိုင္ခဲ့ ျခင္းမွာ လြယ္လြယ္ႏွင့္ခ်ဳပ္ဆိုႏိုင္ခဲ့သည္ ကားမဟုတ္။ တစ္ဖြဲ႕ႏွင့္ တစ္ဖြဲ႕၊ တစ္ဦးႏွင့္တစ္ဦး ယုံၾကည္မႈအျပည့္အဝထား ၍ ႏိုင္ငံေတာ္၏အက်ိဳး၊ ႏိုင္ငံသားမ်ား၏အက်ိဳးကို ဦးထိပ္ပန္ဆင္ၿပီး ညႇိႏႈိင္းခဲ့ၾကျခင္းေၾကာင့္ျဖစ္သည္။ ေဆြးေႏြးမႈ အဆင့္တိုင္း တြင္လည္း စိတ္ရွည္ ျခင္း၊ သည္းခံျခင္း၊ နားလည္ခြင့္ လႊတ္ျခင္းမ်ားျဖင့္ အမုန္းႏွင့္ အာဃတတရားမ်ားကို ပယ္ေဖ်ာက္သြားၾကၿပီး ၿငိမ္းခ်မ္းေရးအတြက္ စိတ္ရင္းဆႏၵမွန္ကိုျပသၾကရန္ အခ်ိန္က်ေရာက္ၿပီျဖစ္ ေၾကာင္း ေရးသားရေပသည္။