ကာကွယ်ရေးဝန်ကြီး နုတ်ထွက်ခြင်းကို တောင်ကိုရီးယားသမ္မတ လက်ခံ

 861

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၅

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွမ်၏ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုတင်ပြမှုကို လက်ခံလိုက်ကြောင်း သိရသည်။

ကင်ယွန်ဟွမ်သည် တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက ဖြစ်ပွားခဲ့သော စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်မှုကို အဓိက အကြံပေးခဲ့သူဖြစ်သည်။ ယွန်ဆက်ယိုလ်သည် ဆော်ဒီအာရေးဗျနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးဖြစ်သလို အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးကို ကာကွယ်ရေး ဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။ ကင်ဟွန်ဟွမ်က စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်ခဲ့ခြင်းအတွက် ၄င်းတွင်တာဝန်ရှိပြီး ရာထူးမှနုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သော ရက်ပိုင်းက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ရာ အငြင်းပွားမှုများ ဖြစ်နေပြီး သမ္မတကို စွပ်စွဲပြစ်တင်ရန် စီစဥ်နေကြောင်း သိရသည်။ တောင်ကိုရီးယားလွှတ်တော်အမတ်များက သမ္မတ၏အမိန့်ကို လက်မခံကြောင်း တားမြစ်ပိတ်ပင်လိုက်ပြီးနောက် တောင်ကိုရီးယားအစိုးရက စစ်အုပ်ချုပ်ရေးအမိန့်ကို (၆)နာရီကြာ သတ်မှတ်ပြီးနောက် ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း တောင်ကိုရီးယား ပြည်သူများနှင့် အတိုက်ခံပါတီများက သမ္မတကို စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရသည်။ တောင်ကိုရီးယားလွှတ်တော်သည် လာမည့်ရက်ပိုင်းတွင် သမ္မတကို အယုံ ကြည်မရှိကြောင်း လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်သွားဖွယ်ရှိနေသည်။

zawgyi version
ကာကြယ္ေရးဝန္ႀကီး ႏုတ္ထြက္ျခင္းကို ေတာင္ကိုရီးယားသမၼတ လက္ခံ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၅

ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္သည္ ကာကြယ္ေရးဝန္ႀကီး ကင္ယြန္ဟြမ္၏ ရာထူးမွႏုတ္ထြက္ရန္ ေတာင္းဆိုတင္ျပမႈကို လက္ခံလိုက္ေၾကာင္း သိရသည္။

ကင္ယြန္ဟြမ္သည္ ေတာင္ကိုရီးယားႏိုင္ငံတြင္ ၿပီးခဲ့ေသာရက္ပိုင္းက ျဖစ္ပြားခဲ့ေသာ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္မႈကို အဓိက အႀကံေပးခဲ့သူျဖစ္သည္။ ယြန္ဆက္ယိုလ္သည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံဆိုင္ရာ ေတာင္ကိုရီးယား သံအမတ္ႀကီးျဖစ္သလို အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီးတစ္ဦးကို ကာကြယ္ေရး ဝန္ႀကီးအျဖစ္ အမည္စာရင္းတင္သြင္းခဲ့ေၾကာင္း သိရသည္။ ကင္ဟြန္ဟြမ္က စစ္အုပ္ခ်ဳပ္ေရး ဥပေဒ ထုတ္ျပန္ခဲ့ျခင္းအတြက္ ၄င္းတြင္တာဝန္ရွိၿပီး ရာထူးမွႏုတ္ထြက္ရန္ဆုံးျဖတ္ခဲ့ေၾကာင္း ေျပာသည္။

ေတာင္ကိုရီးယားႏိုင္ငံတြင္ ၿပီးခဲ့ေသာ ရက္ပိုင္းက စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ခဲ့ရာ အျငင္းပြားမႈမ်ား ျဖစ္ေနၿပီး သမၼတကို စြပ္စြဲျပစ္တင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။ ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္မ်ားက သမၼတ၏အမိန္႔ကို လက္မခံေၾကာင္း တားျမစ္ပိတ္ပင္လိုက္ၿပီးေနာက္ ေတာင္ကိုရီးယားအစိုးရက စစ္အုပ္ခ်ဳပ္ေရးအမိန္႔ကို (၆)နာရီၾကာ သတ္မွတ္ၿပီးေနာက္ ပယ္ဖ်က္လိုက္ေၾကာင္း ေၾကညာခဲ့သည္။

သို႔ေသာ္လည္း ေတာင္ကိုရီးယား ျပည္သူမ်ားႏွင့္ အတိုက္ခံပါတီမ်ားက သမၼတကို စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္း သိရသည္။ ေတာင္ကိုရီးယားလႊတ္ေတာ္သည္ လာမည့္ရက္ပိုင္းတြင္ သမၼတကို အယုံ ၾကည္မရွိေၾကာင္း လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္သြားဖြယ္ရွိေနသည္။

© 2021. All rights reserved.