တောင်ကိုရီးယားအစိုးရရှေ့နေတွေက သမ္မတယွန်ဆက်ယိုလ်ကို စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်

 3233

Pika (NP News) - ဒီဇင်ဘာ ၅

စစ်အုပ်ချုပ်ရေးဥပဒေကို ပြဌာန်းဖို့ကြိုးပမ်းရာမှာ ၎င်းတို့ရဲ့ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်၊ ၎င်းရဲ့ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ် ရေးဝန်ကြီးဟောင်းတို့ကို တောင်ကိုရီးယားအစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ Yonhap သတင်းအေဂျင်စီက ဒီဇင်ဘာလ(၅)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီဇင်ဘာလ(၃)ရက်က စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းဖို့ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ကင်ယုံဟွန်းဟာ အစိုးရရှေ့နေတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့အတူ ခရီးသွားလာခွင့်ပိတ်ခံရမှုနဲ့ရင်ဆိုင်နေရတယ်လို့ Yonhap ကရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း ယွန်ဆက်ယိုလ်နဲ့၎င်းရဲ့ ပြည်ထဲရေးဝန်ကြီးတို့ဟာ အဲဒီလိုမျိုးခရီးသွားလာခွင့်ပိတ်ပင်ခံရတာမျိုးတော့ မရှိဘူးလို့လည်း သိရပါတယ်။ ယွန်ဆက်ယိုလ်ဟာ ဒီဇင် ဘာလ(၃)ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေကို အချိန်(၆)နာရီခန့် ပြဋ္ဌာန်းခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ကန့်ကွက်ခဲ့တဲ့အတွက် စစ်အုပ်ချုပ်ရေးဥပဒေကို နောက်ပိုင်းမှာ ပြန်လည်ရုတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့ပြင် ယွန်ဆက်ယိုလ်ဟာ လာမယ့်ဒီဇင်ဘာလ(၇)ရက်မှာ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံရပြီး မဲခွဲဆုံးဖြတ်ခံရနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ တောင်ကိုရီးယား အတိုက်ခံပါတီတွေဟာ ဒီဇင်ဘာလ(၃)ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့တဲ့ ယွန်ဆက်ယိုလ်ကို အယုံကြည်မရှိကြောင်း စွပ်စွဲပြစ်တင်မှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ(၄)ရက်မှာ လွှတ် တော်ကို တင်ပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကြောင့် ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေကို ပယ်ဖျက်လိုက်ပေမယ့်လည်း ယွန်ဆက်ယိုလ်ကို ရာထူးကနေဖြုတ်ချနိုင်ဖို့ အရှိန်မြင့်လှုပ်ရှားမှုတွေပိုမိုဖြစ်လာခဲ့ပြီး တောင်ကိုရီးယားအတိုက်ခံပါတီ (၆)ခုက ပူးပေါင်းပြီး စွပ်စွဲပြစ်တင်ဖို့ တောင်းဆိုလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
ေတာင္ကိုရီးယားအစိုးရေရွ႕ေနေတြက သမၼတယြန္ဆက္ယိုလ္ကို စုံစမ္းစစ္ေဆးမႈေတြ စတင္ျပဳလုပ္
Pika (NP News) - ဒီဇင္ဘာ ၅

စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ျပဌာန္းဖို႔ႀကိဳးပမ္းရာမွာ ၎တို႔ရဲ႕ပါဝင္ပတ္သက္ေနတဲ့ အခန္းက႑ေတြနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္၊ ၎ရဲ႕ျပည္ထဲေရးဝန္ႀကီးနဲ႔ ကာကြယ္ေရးဝန္ႀကီးေဟာင္းတို႔ကို ေတာင္ကိုရီးယားအစိုးရေရွ႕ေနေတြက စုံစမ္းစစ္ေဆးမႈေတြ စတင္လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ Yonhap သတင္းေအဂ်င္စီက ဒီဇင္ဘာလ(၅)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ဒီဇင္ဘာလ(၃)ရက္က စစ္အုပ္ခ်ဳပ္ေရးဥပေဒျပ႒ာန္းဖို႔ႀကိဳးပမ္းမႈမွာ ပါဝင္ပတ္သက္မႈနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး ရာထူးကေန ႏုတ္ထြက္ခဲ့တဲ့ ကင္ယုံဟြန္းဟာ အစိုးရေရွ႕ေနေတြရဲ႕ စုံစမ္းစစ္ေဆးမႈေတြနဲ႔အတူ ခရီးသြားလာခြင့္ပိတ္ခံရမႈနဲ႔ရင္ဆိုင္ေနရတယ္လို႔ Yonhap ကေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့လည္း ယြန္ဆက္ယိုလ္နဲ႔၎ရဲ႕ ျပည္ထဲေရးဝန္ႀကီးတို႔ဟာ အဲဒီလိုမ်ိဳးခရီးသြားလာခြင့္ပိတ္ပင္ခံရတာမ်ိဳးေတာ့ မရွိဘူးလို႔လည္း သိရပါတယ္။ ယြန္ဆက္ယိုလ္ဟာ ဒီဇင္ ဘာလ(၃)ရက္မွာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို အခ်ိန္(၆)နာရီခန႔္ ျပ႒ာန္းခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ လႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္မႈေတြလုပ္ေဆာင္ခဲ့ၿပီး ကန႔္ကြက္ခဲ့တဲ့အတြက္ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ေနာက္ပိုင္းမွာ ျပန္လည္႐ုတ္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။

ဒါ့ျပင္ ယြန္ဆက္ယိုလ္ဟာ လာမယ့္ဒီဇင္ဘာလ(၇)ရက္မွာ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံရၿပီး မဲခြဲဆုံးျဖတ္ခံရႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ေတာင္ကိုရီးယား အတိုက္ခံပါတီေတြဟာ ဒီဇင္ဘာလ(၃)ရက္မွာ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့တဲ့ ယြန္ဆက္ယိုလ္ကို အယုံၾကည္မရွိေၾကာင္း စြပ္စြဲျပစ္တင္မႈေတြ လုပ္ေဆာင္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလ(၄)ရက္မွာ လႊတ္ ေတာ္ကို တင္ျပခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ လႊတ္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ပယ္ဖ်က္လိုက္ေပမယ့္လည္း ယြန္ဆက္ယိုလ္ကို ရာထူးကေနျဖဳတ္ခ်ႏိုင္ဖို႔ အရွိန္ျမင့္လႈပ္ရွားမႈေတြပိုမိုျဖစ္လာခဲ့ၿပီး ေတာင္ကိုရီးယားအတိုက္ခံပါတီ (၆)ခုက ပူးေပါင္းၿပီး စြပ္စြဲျပစ္တင္ဖို႔ ေတာင္းဆိုလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.