အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ စစ်တပ်ကို တရုတ်သမ္မတရှီကျင့်ဖျင် တိုက်တွန်း

267

Pika (NP News) - ဒီဇင်ဘာ ၇
တရုတ်စစ်တပ်သည် အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်ပြီး စစ်ပွဲများကို အနိုင်ရရှိစေရန်အတွက် ၎င်း၏စွမ်းရည် များကို အာရုံစိုက်သင့်သည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်က ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာလ (၅)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
တရုတ်စစ်တပ်တွင် အကျင့်ပျက်ခြစားမှုများရှိနေခြင်းကို အစိုးရက တင်းကြပ်မှုများ လုပ်ဆောင်နေမှုနှင့်အတူ ရှီကျင့်ဖျင်၏ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှီကျင့်ဖျင်သည် (၂၀၁၃)ခုနှစ်တွင် သမ္မတအဖြစ် စတင် တာဝန်ယူချိန်မှစတင်ပြီး အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး တရားဝင်လှုပ်ရှားမှုများကို ကြီးကြပ်မှုများ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။
သို့သော်လည်း ရှီကျင့်ဖျင်၏အဆိုပါလုပ်ရပ်များမှာ နိုင်ငံရေးပြိုင်ဘက်များကို ရှင်းလင်းရန် လုပ်ဆောင်နေသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုထားကြသည်။ တရုတ်စစ်တပ်သည် စည်းကမ်းများကို တင်းတင်းကြပ်ကြပ်လိုက်နာသင့်ကြောင်း ရှီကျင့်ဖျင်က တရုတ်စစ်တပ်၏ သတင်းအချက်အလက်ပံ့ပိုးရေးတပ်ဖွဲ့မှ တပ်ဖွဲ့များကို ဒီဇင်ဘာလ(၄)ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှီကျင့်ဖျင်က "စစ်တပ်ဟာ သစ္စာစောင့်သိမှု၊ရိုးသားမှုနဲ့ ယုံကြည်စိတ်ချရမှုရှိတယ်ဆိုတာ သေချာစေဖို့အတွက် အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်မှုတွေလုပ်ဆောင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
တရုတ်စစ်တပ်၏ သတင်းအချက်အလက်ပံ့ပိုးရေးတပ်ဖွဲ့တည်ထောင်မှုကို ပြီးခဲ့သည့်ဧပြီလတွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ဆိုက်ဘာ၊ သတင်းအချက်အလက်၊ ထောက်ပံ့ပို့ဆောင်ရေး နှင့် အာကာသဆိုင်ရာ လည်ပတ် ဆောင်ရွက်မှုများကို ပြုပြင်ပြောင်းလဲမှုတစ်ခုအဖြစ် လေ့လာသုံးသပ်သူများက ရှုမြင်ထားကြသည်။ ထို့ပြင် တရုတ်စစ်တပ်အနေဖြင့် တိုက်ခိုက်ရန်နှင့် စစ်ပွဲများကို အနိုင်ရရှိရန်အတွက် ၎င်းတို့၏ စွမ်းရည်များကို အာရုံစိုက်သင့်ကြောင်း ရှီကျင့်ဖျင်က ထပ်မံပြောဆိုခဲ့သည်။

Zawgyi Version;
အက်င့္ပ်က္ျခစားမႈကို တိုက္ဖ်က္ဖို႔ စစ္တပ္ကို တ႐ုတ္သမၼတရွီက်င့္ဖ်င္ တိုက္တြန္း
Pika (NP News) - ဒီဇင္ဘာ ၇
တ႐ုတ္စစ္တပ္သည္ အက်င့္ပ်က္ျခစားမႈကိုတိုက္ဖ်က္ၿပီး စစ္ပြဲမ်ားကို အႏိုင္ရရွိေစရန္အတြက္ ၎၏စြမ္းရည္ မ်ားကို အာ႐ုံစိုက္သင့္သည္ဟု တ႐ုတ္သမၼတရွီက်င့္ဖ်င္က ေျပာဆိုခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာက ဒီဇင္ဘာလ (၅)ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။
တ႐ုတ္စစ္တပ္တြင္ အက်င့္ပ်က္ျခစားမႈမ်ားရွိေနျခင္းကို အစိုးရက တင္းၾကပ္မႈမ်ား လုပ္ေဆာင္ေနမႈႏွင့္အတူ ရွီက်င့္ဖ်င္၏ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ရွီက်င့္ဖ်င္သည္ (၂၀၁၃)ခုႏွစ္တြင္ သမၼတအျဖစ္ စတင္ တာဝန္ယူခ်ိန္မွစတင္ၿပီး အက်င့္ပ်က္ျခစားမႈဆန႔္က်င္ေရး တရားဝင္လႈပ္ရွားမႈမ်ားကို ႀကီးၾကပ္မႈမ်ား လုပ္ေဆာင္ခဲ့ ျခင္းျဖစ္သည္။
သို႔ေသာ္လည္း ရွီက်င့္ဖ်င္၏အဆိုပါလုပ္ရပ္မ်ားမွာ ႏိုင္ငံေရးၿပိဳင္ဘက္မ်ားကို ရွင္းလင္းရန္ လုပ္ေဆာင္ေနသည့္ နည္းလမ္းတစ္ခုျဖစ္ေၾကာင္း ေဝဖန္သူမ်ားက ေျပာဆိုထားၾကသည္။ တ႐ုတ္စစ္တပ္သည္ စည္းကမ္းမ်ားကို တင္းတင္းၾကပ္ၾကပ္လိုက္နာသင့္ေၾကာင္း ရွီက်င့္ဖ်င္က တ႐ုတ္စစ္တပ္၏ သတင္းအခ်က္အလက္ပံ့ပိုးေရးတပ္ဖြဲ႕မွ တပ္ဖြဲ႕မ်ားကို ဒီဇင္ဘာလ(၄)ရက္တြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ရွီက်င့္ဖ်င္က "စစ္တပ္ဟာ သစၥာေစာင့္သိမႈ၊႐ိုးသားမႈနဲ႔ ယုံၾကည္စိတ္ခ်ရမႈရွိတယ္ဆိုတာ ေသခ်ာေစဖို႔အတြက္ အက်င့္ပ်က္ျခစားမႈေတြကို တိုက္ဖ်က္မႈေတြလုပ္ေဆာင္သင့္ပါတယ္" ဟု ေျပာခဲ့သည္။
တ႐ုတ္စစ္တပ္၏ သတင္းအခ်က္အလက္ပံ့ပိုးေရးတပ္ဖြဲ႕တည္ေထာင္မႈကို ၿပီးခဲ့သည့္ဧၿပီလတြင္ ထုတ္ျပန္ေၾကညာ ခဲ့ျခင္းျဖစ္ၿပီး စစ္တပ္၏ဆိုက္ဘာ၊ သတင္းအခ်က္အလက္၊ ေထာက္ပံ့ပို႔ေဆာင္ေရး ႏွင့္ အာကာသဆိုင္ရာ လည္ပတ္ ေဆာင္႐ြက္မႈမ်ားကို ျပဳျပင္ေျပာင္းလဲမႈတစ္ခုအျဖစ္ ေလ့လာသုံးသပ္သူမ်ားက ရႈျမင္ထားၾကသည္။ ထို႔ျပင္ တ႐ုတ္စစ္တပ္အေနျဖင့္ တိုက္ခိုက္ရန္ႏွင့္ စစ္ပြဲမ်ားကို အႏိုင္ရရွိရန္အတြက္ ၎တို႔၏ စြမ္းရည္မ်ားကို အာ႐ုံစိုက္သင့္ေၾကာင္း ရွီက်င့္ဖ်င္က ထပ္မံေျပာဆိုခဲ့သည္။