'Dynasty' နဲ့ 'Stranger Things' ဇာတ်လမ်းထဲက နာမည်ကြီး မင်းသား မက်ခ်ဝစ်သာ အသက် ၇၇ နှစ်မှာ ကွယ်လွန်

 219

ရောင်နီ (NP News) - ဒီဇင်ဘာ ၉

၁၉၈၀ ပြည့်နှစ်ခေတ်က "Dynasty" ဆိုတဲ့ ဇာတ်လမ်းထဲမှာ လိင်တူချစ်သူ တက်ဒ်ဒီနော့အဖြစ် စတင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ရုပ်မြင်သံကြား အခန်းကဏ္ဍများစွာမှာ ဇာတ်ကောင်အမျိုးမျိုးနဲ့ နာမည်ကြီးတဲ့ အမေရိကန် သရုပ်ဆောင် မက်ခ်ဝစ်သာ ဟာ အသက် ၇၇ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
မက်ခ်ဟာ ပန်ကရိယ ကင်ဆာနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ မက်ခ်ရဲ့သမီးဖြစ်သူ ဂျက်စီဝစ်သာက သောကြာနေ့(ဒီဇင်ဘာ ၈ ရက်) မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ မက်ခ်ဟာ ၈၀ ပြည့်နှစ်တွေ တစ်လျှောက်လုံး ရုပ်မြင်သံကြားမှာ ထူးချွန်တဲ့ သရုပ်ဆောင်အဖြစ် နာမည်ကျော်ခဲ့ပြီး Netflix ရှိုး “Stranger Things” Season 1 မှာလည်း ဂယ်ရီ ကာရိုက်တာနဲ့ လူသိများခဲ့ပါတယ်။
အမေရိကန်တီဗီရှိုးတွေမှာ LGBTQ+ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်တာ ရှားပါးလွန်းတဲ့ခေတ်မှာ ၁၉၈၁ ခုနှစ်ထွက်“Dynasty” ဇာတ်ကားမှာ ပရိသတ်လက်ခံနိုင်တဲ့ လိင်တူချစ်ကြိုက်သူ ကာရိုက်တာကို ပါဝင် သရုပ်ဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါအပြင် မက်ခ်ဟာ လတ်တလော "Frasier" "Criminal Minds" "Sense8" "Castle" နဲ့ "Drop Dead Diva" လို ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Zawgyi Version;
'Dynasty' နဲ႔ 'Stranger Things' ဇာတ္လမ္းထဲက နာမည္ႀကီး မင္းသား မက္ခ္ဝစ္သာ အသက္ ၇၇ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၉

၁၉၈၀ ျပည့္ႏွစ္ေခတ္က "Dynasty" ဆိုတဲ့ ဇာတ္လမ္းထဲမွာ လိင္တူခ်စ္သူ တက္ဒ္ဒီေနာ့အျဖစ္ စတင္ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၿပီး ႐ုပ္ျမင္သံၾကား အခန္းက႑မ်ားစြာမွာ ဇာတ္ေကာင္အမ်ိဳးမ်ိဳးနဲ႔ နာမည္ႀကီးတဲ့ အေမရိကန္ သ႐ုပ္ေဆာင္ မက္ခ္ဝစ္သာ ဟာ အသက္ ၇၇ ႏွစ္မွာ ကြယ္လြန္သြားၿပီျဖစ္တယ္လို႔ သိရပါတယ္။
မက္ခ္ဟာ ပန္ကရိယ ကင္ဆာနဲ႔ ႏိုဝင္ဘာလ ၂၂ ရက္မွာ ကြယ္လြန္ခဲ့တယ္လို႔ မက္ခ္ရဲ႕သမီးျဖစ္သူ ဂ်က္စီဝစ္သာက ေသာၾကာေန႔(ဒီဇင္ဘာ ၈ ရက္) မွာ အတည္ျပဳခဲ့တာျဖစ္ပါတယ္။ မက္ခ္ဟာ ၈၀ ျပည့္ႏွစ္ေတြ တစ္ေလွ်ာက္လုံး ႐ုပ္ျမင္သံၾကားမွာ ထူးခြၽန္တဲ့ သ႐ုပ္ေဆာင္အျဖစ္ နာမည္ေက်ာ္ခဲ့ၿပီး Netflix ရႈိး “Stranger Things” Season 1 မွာလည္း ဂယ္ရီ ကာ႐ိုက္တာနဲ႔ လူသိမ်ားခဲ့ပါတယ္။
အေမရိကန္တီဗီရႈိးေတြမွာ LGBTQ+ ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္တာ ရွားပါးလြန္းတဲ့ေခတ္မွာ ၁၉၈၁ ခုႏွစ္ထြက္“Dynasty” ဇာတ္ကားမွာ ပရိသတ္လက္ခံႏိုင္တဲ့ လိင္တူခ်စ္ႀကိဳက္သူ ကာ႐ိုက္တာကို ပါဝင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ဒါအျပင္ မက္ခ္ဟာ လတ္တေလာ "Frasier" "Criminal Minds" "Sense8" "Castle" နဲ႔ "Drop Dead Diva" လို ဇာတ္လမ္းေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Related news

© 2021. All rights reserved.