Harry Potter တီဗီစီးရီးကို ၂၀၂၅ ခုနှစ်၊ နှစ်လယ်မှာ ရိုက်ကူးမည်

 191

ရောင်နီ (NP News) - ဒီဇင်ဘာ ၉

ပထမဆုံးဖြစ်လာမယ့် Harry Potter ရုပ်သံစီးရီးကို ဗြိတိန်နိုင်ငံ၊ Warner Bros' Leavesden စတူဒီယိုမှာ ၂၀၂၅ ခုနှစ် နှစ်လယ်မှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Warner Bros Discovery က ဒီဇင်ဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
Harry Potter တီဗီစီးရီးဟာ ရိုက်ကူးဖို့ကို ၂၀၂၃ ခုနှစ်မှာ စတင်ကြော်ငြာခဲ့ပြီး လက်ရှိ Casting ရွေးနေဆဲ ဖြစ်ပါ တယ်။ Harry Potter တီဗွီစီးရီးပြီးနောက် ဆယ်စုနှစ်ကြာမှ ပြန်လည်ပေါ်ထွက်လာတဲ့ရုပ်ရှင်အဖြစ် မျှော်မှန်းထား ပြီး စာရေးဆရာမ J.K. Rowling ကလည်း အမှုဆောင်ထုတ်လုပ်သူတွေကြားမှာ ပါဝင်ထားပါတယ်။ ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒါရိုက်တာနဲ့ အမှုဆောင်ထုတ်လုပ်သူ မက်ခ်မေလော့ က ကလေးသရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍ တွေအတွက် တင်ပြချက်ပေါင်း ၃၂,၀၀၀ ကို ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။
နေ့စဉ် တိပ်ခွေ ၅၀၀ မှ ၁,၀၀၀ ကြား ပြန်လည်သုံးသပ်နေပြီး လာမယ့် ဇန်နဝါရီလမှာ "ဆန်ခါတင် cast အချို့နဲ့ workshopn ဆွေးနွေးပွဲ" ပြုလုပ်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ဒါအပြင် Game Of Thrones (2011 မှ 2019) prequel ဖြစ်တဲ့ A Knight Of The Seven Kingdoms နဲ့ လူကြိုက်များတဲ့ တီဗွီစီးရီး The White Lotus Season 3 ကို ၂၀၂၅ ခုနှစ်မှာ ပြသမယ်လို့ သိရပါတယ်။

Zawgyi Version;
Harry Potter တီဗီစီးရီးကို ၂၀၂၅ ခုႏွစ္၊ ႏွစ္လယ္မွာ ႐ိုက္ကူးမည္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၉

ပထမဆုံးျဖစ္လာမယ့္ Harry Potter ႐ုပ္သံစီးရီးကို ၿဗိတိန္ႏိုင္ငံ၊ Warner Bros' Leavesden စတူဒီယိုမွာ ၂၀၂၅ ခုႏွစ္ ႏွစ္လယ္မွာ စတင္႐ိုက္ကူးဖို႔ စီစဥ္ထားတယ္လို႔ ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ Warner Bros Discovery က ဒီဇင္ဘာ ၅ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
Harry Potter တီဗီစီးရီးဟာ ႐ိုက္ကူးဖို႔ကို ၂၀၂၃ ခုႏွစ္မွာ စတင္ေၾကာ္ျငာခဲ့ၿပီး လက္ရွိ Casting ေ႐ြးေနဆဲ ျဖစ္ပါ တယ္။ Harry Potter တီဗြီစီးရီးၿပီးေနာက္ ဆယ္စုႏွစ္ၾကာမွ ျပန္လည္ေပၚထြက္လာတဲ့႐ုပ္ရွင္အျဖစ္ ေမွ်ာ္မွန္းထား ၿပီး စာေရးဆရာမ J.K. Rowling ကလည္း အမႈေဆာင္ထုတ္လုပ္သူေတြၾကားမွာ ပါဝင္ထားပါတယ္။ ႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး ဒါ႐ိုက္တာနဲ႔ အမႈေဆာင္ထုတ္လုပ္သူ မက္ခ္ေမေလာ့ က ကေလးသ႐ုပ္ေဆာင္ေတြရဲ႕ အခန္းက႑ ေတြအတြက္ တင္ျပခ်က္ေပါင္း ၃၂,၀၀၀ ကို ျပန္လည္သုံးသပ္ေနတယ္လို႔ ဆိုပါတယ္။
ေန႔စဥ္ တိပ္ေခြ ၅၀၀ မွ ၁,၀၀၀ ၾကား ျပန္လည္သုံးသပ္ေနၿပီး လာမယ့္ ဇန္နဝါရီလမွာ "ဆန္ခါတင္ cast အခ်ိဳ႕နဲ႔ workshopn ေဆြးေႏြးပြဲ" ျပဳလုပ္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။
ဒါအျပင္ Game Of Thrones (2011 မွ 2019) prequel ျဖစ္တဲ့ A Knight Of The Seven Kingdoms နဲ႔ လူႀကိဳက္မ်ားတဲ့ တီဗြီစီးရီး The White Lotus Season 3 ကို ၂၀၂၅ ခုႏွစ္မွာ ျပသမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.