Rose ရဲ့ "APT" သီချင်း MV အာရှမှာ ကြည့်ရှုသူ ၁ ဘီလီယံ အမြန်ဆုံးရောက်ရှိတဲ့ MV တစ်ပုဒ်ဖြစ်လာ

 290

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂

တောင်ကိုရီးယားအမျိုးသမီး တေးဂီတအဖွဲ့ Blackpink အဖွဲ့ဝင် Rose ရဲ့ "APT" သီချင်းဗီဒီယိုဟာ ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၅၂ မိနစ်အချိန်မှာ ကြည့်ရှုသူ ၁ ဘီလီယံကျော်ခဲ့ပါတယ်။
ဒါဟာ အောက်တိုဘာလ ၁၈ ရက်က သီချင်းထွက်ရှိပြီးတဲ့နောက် ၁၀၅ ရက်အကြာမှာ ရရှိခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။
နာမည်ကျော် အဆိုတော် ဘရူနိုမားစ်နဲ့တွဲဖက်သီဆိုထားတဲ့ "APT” ဟာ အာရှအနုပညာရှင်တွေထဲ အမြန်ဆုံး ကြည့်ရှုသူ ၁ ဘီလီယံအထိ ရရှိတဲ့ တေးဂီတ ဗီဒီယိုဖြစ်လာပြီး PSY ရဲ့ နာမည်ကျော်သီချင်း "GANGNAM STYLE” ရဲ့ စံချိန် ၁၅၈ ရက်ကို ချိုးဖျက်ပြီး ၁၀၅ ရက်နဲ့ ကြည့်ရှုသူ ၁ ဘီလီယံကျော်တဲ့ ဗီဒီယိုတစ်ပုဒ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဒါအပြင် APT ဟာ Adele ရဲ့ "Hello”၊ Luis Fonsi ရဲ့ "Despacito”၊ Ed Sheeran ရဲ့ "Shape of You”၊ J Balvin နဲ့ Willy William "Mi Gente” တို့နောက် ပဉ္စမမြောက် ကြည့်ရှုနှုန်း အမြန်ဆုံး ဂီတဗီဒီယိုလည်းဖြစ်လာပါတယ်။

Zawgyi Version:
Rose ရဲ႕ "APT" သီခ်င္း MV အာရွမွာ ၾကည့္ရႈသူ ၁ ဘီလီယံ အျမန္ဆုံးေရာက္ရွိတဲ့ MV တစ္ပုဒ္ျဖစ္လာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂

ေတာင္ကိုရီးယားအမ်ိဳးသမီး ေတးဂီတအဖြဲ႕ Blackpink အဖြဲ႕ဝင္ Rose ရဲ႕ "APT" သီခ်င္းဗီဒီယိုဟာ ဇန္နဝါရီလ ၃၁ ရက္ မြန္းလြဲ ၂ နာရီ ၅၂ မိနစ္အခ်ိန္မွာ ၾကည့္ရႈသူ ၁ ဘီလီယံေက်ာ္ခဲ့ပါတယ္။
ဒါဟာ ေအာက္တိုဘာလ ၁၈ ရက္က သီခ်င္းထြက္ရွိၿပီးတဲ့ေနာက္ ၁၀၅ ရက္အၾကာမွာ ရရွိခဲ့တဲ့ မွတ္တိုင္တစ္ခု ျဖစ္ပါတယ္။
နာမည္ေက်ာ္ အဆိုေတာ္ ဘ႐ူႏိုမားစ္နဲ႔တြဲဖက္သီဆိုထားတဲ့ "APT” ဟာ အာရွအႏုပညာရွင္ေတြထဲ အျမန္ဆုံး ၾကည့္ရႈသူ ၁ ဘီလီယံအထိ ရရွိတဲ့ ေတးဂီတ ဗီဒီယိုျဖစ္လာၿပီး PSY ရဲ႕ နာမည္ေက်ာ္သီခ်င္း "GANGNAM STYLE” ရဲ႕ စံခ်ိန္ ၁၅၈ ရက္ကို ခ်ိဳးဖ်က္ၿပီး ၁၀၅ ရက္နဲ႔ ၾကည့္ရႈသူ ၁ ဘီလီယံေက်ာ္တဲ့ ဗီဒီယိုတစ္ပုဒ္အျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။
ဒါအျပင္ APT ဟာ Adele ရဲ႕ "Hello”၊ Luis Fonsi ရဲ႕ "Despacito”၊ Ed Sheeran ရဲ႕ "Shape of You”၊ J Balvin နဲ႔ Willy William "Mi Gente” တို႔ေနာက္ ပၪၥမေျမာက္ ၾကည့္ရႈႏႈန္း အျမန္ဆုံး ဂီတဗီဒီယိုလည္းျဖစ္လာပါတယ္။

Related news

© 2021. All rights reserved.