ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင် “မြန်မာ့ရိုးရာအတာသင်္ကြန်”ကို အခြားနိုင်ငံများက ပုံစံတူကူးယူအသုံးချပါက ဥပဒေအရ ကာကွယ်နိုင်ခွင့်ရှိလာ

 537

စော (NP News) - ဒီဇင်ဘာ ၉

ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင် “မြန်မာ့ရိုးရာ အတာသင်္ကြန်”ကို အခြားနိုင်ငံများကပုံစံတူ ကူး ယူအသုံးချပါက ဥပဒေအရကာကွယ်နိုင်ခွင့်ရှိလာကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News ကို ပြောသည်။

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ် ကျေးမှုစာရင်းတွင် ပါဝင်နိုင်ရေးအတွက် UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီသို့ ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်၊ မတ်(၂၄)ရက်တွင် ပေးပို့တင်သွင်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှတင်သွင်းထား သည့်“ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ် စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန် မြို့၌ (၂၀၂၄) ခုနှစ်၊ ဒီဇင် ဘာ (၂)ရက်မှ (၇)ရက်အထိ ကျင်းပသည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက တရားဝင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “ပိုမိုထိန်းသိမ်းရတော့မှာပေါ့။ မြန်မာ့ရိုးရာ အတာသင်္ကြန်၊ နာမည် ကို က ရိုးရာပါတယ်။ မြန်မာ့ ရိုးရာအတာသင်္ကြန်လို့ ပြောပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် သပြေ ခက်လေးတွေ၊ ပန်းခက်လေးတွေ၊ ဒီပိတောက်ခက်လေး တွေနဲ့ နုနုရွရွလေးနဲ့ ရေပက်ကြတယ်။ အဲဒီ အ ပေါ်မှာ သုံးရက်လုပ်တယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ကောင်းမှုတွေလုပ်တယ်။ ဒီဟာတွေက နေပြီးတော့မှ ကျွန်တော်တို့တင်သွင်းထားတဲ့ပုံစံအတိုင်း မဟုတ်ဘဲ နဲ့ နောင်တစ်ချိန်မှာ ဒီဟာ ကနေ သွေဖည်ပြီးတော့မှ သူများနိုင်ငံရဲ့ ပုံစံမျိုးတွေ၊ မြန်မာ့ရိုးရာအတာသင်္ကြန် နဲ့သွေဖည်တဲ့ကိစ္စမျိုးတွေကို ဆောင်ရွက်ရင်တော့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းကနေ ပြန်ထွက်ချင်လည်းထွက်ရမှာပေါ့။ ဒါကတော့ ကျွန်တော်တို့က ဒီလိုဒီလိုရှိပါတယ်။ ရိုးရာ အစဉ်အလာတွေ ဒီလိုရှိပါတယ်ဆိုပြီးတော့ တင်ပြ ထားတဲ့အတွက်ကြောင့်၊ ဟိုကလည်း လက်ခံထားတဲ့အတွက်ကြောင့် ရရှိတယ်။ ဒါကြောင့်မို့ ထိန်းသိမ်းရ မယ့်ရိုးရာအစဉ်အလာတွေကို မထိန်းသိမ်းဘဲနဲ့ပေါ့နော်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပုံစံကနေ သွေဖည် သွားရင်တော့ ပြန်ပြီးတော့ ရုပ်သိမ်းခံရရင်တော့ ရုပ်သိမ်းခံရမှာပေါ့နော်။ အဲဒီအတွက်လည်းနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ လူထုရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေတဲ့အတွက်ကြောင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ထိန်း သိမ်းဖို့အတွက်ကို ပိုပြီးတော့ တာဝန်ကြီးတယ်လို့ ပြောလို့ရတယ်”ဟု ဦးကျော်မျိုးဝင်းက ပြောသည်။

ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း ၎င်းကဆိုသည်။ “တင်သွင်းတဲ့အခါမှာ အစိုးရအနေနဲ့ ဝန်ကြီးဌာနအနေနဲ့ ဦးစီးဌာနအနေနဲ့ တင်သွင်းလို့မရဘူး။ ဒီဟာက Community ကနေပြီးတော့ တင်သွင်းလို့ရတယ်။ Community ကနေပြီး တော့ ဖွဲ့ထားတဲ့ Myanmar Cultural Heritage Trust ကနေပဲ တင်သွင်းသွားတာဖြစ်တယ်။ ဒီလုပ်ငန်း စဉ်က Community based ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ Community အပါအဝင် ကျွန်တော်တို့ရဲ့ Constitution တွေအကုန်လုံးမှာတာဝန်ရှိတယ်ပြောလို့ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် “ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်” ပါဝင်ခြင်းအားဖြင့် သင်္ကြန်ပွဲတော်ကို ကမ္ဘာကပိုမိုသိရှိလာနိုင်ခြင်းနှင့် မျိုးဆက်သစ်နောင်လာ နောက်သားများကို လက်ဆင့်ကမ်းအမွေပေးနိုင်မည်ဖြစ်ကြောင်း နစကမှဆိုထားသည်။ “အကျိုးသက်ရောက်မှုတွေက တော့ ကျွန်တော်တို့နိုင်ငံမှာ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုအစဉ်အလာဓလေ့ထုံတမ်း ရှိတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ သက်သေပြနိုင်တယ်။ နောက်တစ်ခုကတော့ ဒီဟာသည်ကျွန်တော်တို့၏ မူရင်းဇာစ် မြစ်ဖြစ်တယ်ဆိုတာ ရှိတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး‌တော့ တခြားနိုင်ငံတွေက ကူးချ မယ်။ တခြားနိုင်ငံက Copy လုပ်မယ်ဆိုရင် ကျွန်တော်တို့က တရားဥပဒေအရ ကာကွယ်နိုင်ခွင့်ရှိလာတယ်။ ပြောဆိုနိုင်ခွင့်ရှိလာတယ်။ အဲဒါက အကျိုးရလဒ်တွေပေါ့ ”ဟု ၎င်းက ဆက်လက်ပြောသည်။

zawgyi version
ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈစာရင္းဝင္ “ျမန္မာ့႐ိုးရာအတာသၾကၤန္”ကို အျခားႏိုင္ငံမ်ားက ပုံစံတူကူးယူအသုံး ခ်ပါက ဥပေဒအရ ကာကြယ္ႏိုင္ခြင့္ရွိလာ

ေစာ (NP News) - ဒီဇင္ဘာ ၉

ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈစာရင္းဝင္ “ျမန္မာ့႐ိုးရာ အတာသၾကၤန္”ကို အျခားႏိုင္ငံမ်ားကပုံစံတူ ကူး ယူအသုံးခ်ပါက ဥပေဒအရကာကြယ္ႏိုင္ခြင့္ရွိလာေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News ကို ေျပာသည္။

ျမန္မာ့႐ိုးရာႏွစ္သစ္ကူး အတာသၾကၤန္ပြဲေတာ္ကို ယူနက္စကို၏လူသားမ်ိဳးႏြယ္ဆိုင္ရာ ျဒပ္မဲ့ယဥ္ ေက်းမႈစာရင္းတြင္ ပါဝင္ႏိုင္ေရးအတြက္ UNESCO ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ေကာ္မတီသို႔ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္၊ မတ္(၂၄)ရက္တြင္ ေပးပို႔တင္သြင္းခဲ့ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံမွတင္သြင္းထား သည့္“ ျမန္မာ့႐ိုးရာ ႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္”အဆိုျပဳစာတြဲကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြ အႏွစ္ စာရင္းတြင္ ပါဝင္ႏိုင္ေရးႏွင့္ပတ္သက္၍ ပါရာေဂြးႏိုင္ငံ၊ အာဆြန္စီယြန္ ၿမိဳ႕၌ (၂၀၂၄) ခုႏွစ္၊ ဒီဇင္ ဘာ (၂)ရက္မွ (၇)ရက္အထိ က်င္းပသည့္ (၁၉) ႀကိမ္ေျမာက္ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ညီလာခံက တရားဝင္ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ “ပိုမိုထိန္းသိမ္းရေတာ့မွာေပါ့။ ျမန္မာ့႐ိုးရာ အတာသၾကၤန္၊ နာမည္ ကို က ႐ိုးရာပါတယ္။ ျမန္မာ့ ႐ိုးရာအတာသၾကၤန္လို႔ ေျပာၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ သေျပ ခက္ေလးေတြ၊ ပန္းခက္ေလးေတြ၊ ဒီပိေတာက္ခက္ေလး ေတြနဲ႔ ႏုႏု႐ြ႐ြေလးနဲ႔ ေရပက္ၾကတယ္။ အဲဒီ အ ေပၚမွာ သုံးရက္လုပ္တယ္။ ႏွစ္ဆန္းတစ္ရက္ေန႔မွာ ကုသိုလ္ေကာင္းမႈေတြလုပ္တယ္။ ဒီဟာေတြက ေနၿပီးေတာ့မွ ကြၽန္ေတာ္တို႔တင္သြင္းထားတဲ့ပုံစံအတိုင္း မဟုတ္ဘဲ နဲ႔ ေနာင္တစ္ခ်ိန္မွာ ဒီဟာ ကေန ေသြဖည္ၿပီးေတာ့မွ သူမ်ားႏိုင္ငံရဲ႕ ပုံစံမ်ိဳးေတြ၊ ျမန္မာ့႐ိုးရာအတာသၾကၤန္ နဲ႔ေသြဖည္တဲ့ကိစၥမ်ိဳးေတြကို ေဆာင္႐ြက္ရင္ေတာ့ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းကေန ျပန္ထြက္ခ်င္လည္းထြက္ရမွာေပါ့။ ဒါကေတာ့ ကြၽန္ေတာ္တို႔က ဒီလိုဒီလိုရွိပါတယ္။ ႐ိုးရာ အစဥ္အလာေတြ ဒီလိုရွိပါတယ္ဆိုၿပီးေတာ့ တင္ျပ ထားတဲ့အတြက္ေၾကာင့္၊ ဟိုကလည္း လက္ခံထားတဲ့အတြက္ေၾကာင့္ ရရွိတယ္။ ဒါေၾကာင့္မို႔ ထိန္းသိမ္းရ မယ့္႐ိုးရာအစဥ္အလာေတြကို မထိန္းသိမ္းဘဲနဲ႔ေပါ့ေနာ္။ ျမန္မာ့႐ိုးရာ အတာသၾကၤန္ပုံစံကေန ေသြဖည္ သြားရင္ေတာ့ ျပန္ၿပီးေတာ့ ႐ုပ္သိမ္းခံရရင္ေတာ့ ႐ုပ္သိမ္းခံရမွာေပါ့ေနာ္။ အဲဒီအတြက္လည္းႏိုင္ငံရဲ႕ ဂုဏ္သိကၡာ၊ လူထုရဲ႕ဂုဏ္သိကၡာနဲ႔သက္ဆိုင္ေနတဲ့အတြက္ေၾကာင့္ ျမန္မာ့႐ိုးရာအတာသၾကၤန္ကို ထိန္း သိမ္းဖို႔အတြက္ကို ပိုၿပီးေတာ့ တာဝန္ႀကီးတယ္လို႔ ေျပာလို႔ရတယ္”ဟု ဦးေက်ာ္မ်ိဳးဝင္းက ေျပာသည္။

ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းတြင္ ပထမဆုံးတရားဝင္ပါဝင္ႏိုင္ခဲ့ျခင္းျဖစ္သည့္အတြက္ ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္ကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ ႏိုင္ငံသားအားလုံးတြင္ တာဝန္ရွိေၾကာင္း ၎ကဆိုသည္။ “တင္သြင္းတဲ့အခါမွာ အစိုးရအေနနဲ႔ ဝန္ႀကီးဌာနအေနနဲ႔ ဦးစီးဌာနအေနနဲ႔ တင္သြင္းလို႔မရဘူး။ ဒီဟာက Community ကေနၿပီးေတာ့ တင္သြင္းလို႔ရတယ္။ Community ကေနၿပီး ေတာ့ ဖြဲ႕ထားတဲ့ Myanmar Cultural Heritage Trust ကေနပဲ တင္သြင္းသြားတာျဖစ္တယ္။ ဒီလုပ္ငန္း စဥ္က Community based ျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ Community အပါအဝင္ ကြၽန္ေတာ္တို႔ရဲ႕ Constitution ေတြအကုန္လုံးမွာတာဝန္ရွိတယ္ေျပာလို႔ရတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ “ ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ ပြဲေတာ္” ပါဝင္ျခင္းအားျဖင့္ သၾကၤန္ပြဲေတာ္ကို ကမာၻကပိုမိုသိရွိလာႏိုင္ျခင္းႏွင့္ မ်ိဳးဆက္သစ္ေနာင္လာ ေနာက္သားမ်ားကို လက္ဆင့္ကမ္းအေမြေပးႏိုင္မည္ျဖစ္ေၾကာင္း နစကမွဆိုထားသည္။ “အက်ိဳးသက္ေရာက္မႈေတြက ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ခ်စ္စရာေကာင္းတဲ့ ယဥ္ေက်းမႈအစဥ္အလာဓေလ့ထုံတမ္း ရွိတယ္ဆိုတဲ့ဟာကို ကြၽန္ေတာ္တို႔ သက္ေသျပႏိုင္တယ္။ ေနာက္တစ္ခုကေတာ့ ဒီဟာသည္ကြၽန္ေတာ္တို႔၏ မူရင္းဇာစ္ ျမစ္ျဖစ္တယ္ဆိုတာ ရွိတယ္။ အဲဒီဟာနဲ႔ပတ္သက္ၿပီး‌ေတာ့ တျခားႏိုင္ငံေတြက ကူးခ် မယ္။ တျခားႏိုင္ငံက Copy လုပ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔က တရားဥပေဒအရ ကာကြယ္ႏိုင္ခြင့္ရွိလာတယ္။ ေျပာဆိုႏိုင္ခြင့္ရွိလာတယ္။ အဲဒါက အက်ိဳးရလဒ္ေတြေပါ့ ”ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.