The Walking Dead စီးရီးနဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းပေါင်း (၃၀ဝဝ) ကျော်ကို စုဆောင်းခဲ့ပြီး ဂင်းနစ်စံချိန်ရရှိခဲ့တဲ့ ဆော်ဒီအာရေးဗျအမျိုးသား

 103

Pika (NP News) - ဒီဇင်ဘာ ၁၂

ဆော်ဒီအာရေးဗျအမျိုးသားတစ်ဦးသည် သရုပ်ပြစာအုပ်နှင့် တီဗီအစီအစဉ် The Walking Dead နှင့်ပတ်သက်သည့် မတူညီသော အမှတ်တရ ပစ္စည်းစုစုပေါင်း(၃၀၅၃)ခုအထိ စုဆောင်းခဲ့ပြီးနောက် က မ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်း သိရသည်။

Dammam မြို့နေရာ ရှစ်အယ်လ်အိုလာယန် ဆိုသည့်အမျိုးသားသည် ၎င်းနေအိမ်၏ တစ်စိတ် တစ်ပိုင်းကို The Walking Dead စီးရီးပြတိုက်အဖြစ် ပြောင်းလဲခဲ့ပြီးနောက် ယခုလိုဂင်းနစ်စံချိန်ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြတိုက်တွင် The Walking Dead စီးရီးနှင့်ပတ်သက်သည့် အရုပ်များ၊ စာအုပ်များ၊ ဂိမ်း များ၊ ရုပ်တုများနှင့် အနုပညာလက်ရာများစွာပါဝင်ကြောင်း သိရသည်။ ရာရှစ်အယ်လ်အိုလာယန်က “The Walking Dead စီးရီးက အကောင်းဆုံးလို့ကျွန်တော်ထင်ပါတယ်။ ဇွန်ဘီးရှိုးကို မကြိုက်တဲ့သူ မရှိဘူးလို့လည်း ထင်ပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ အကောင်းဆုံးရှိုးတစ်ခုပဲဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။

ရာရှစ်အယ်လ်အိုလာယန်သည် The Walking Dead စီးရီးနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်း များကို (၂၀၁၅) ခုနှစ်တွင် စတင်စုဆောင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပစ္စည်းပေါင်း(၃၀ဝဝ)ကျော် အထိ စုဆောင်းနိုင်ခဲ့ကာ ဝတ်စုံများလည်းပါဝင်ကြောင်း သိရသည်။ ရာရှစ်အယ်လ်အိုလာယန်က” ပြ တိုက်ထဲမှာရှိတဲ့ The Walking Dead စီးရီးနဲ့ပတ်သက်တဲ့ ဇာတ်ကောင်တွေနဲ့ ရုပ်ပြစာအုပ်တွေက ဆက်စပ်မှုရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီပြတိုက်က အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန် တော်ယုံကြည်ပါတယ်” ဟုပြောဆိုခဲ့သည်။ ရာရှစ်အယ်လ်အိုလာယန်၏ စုဆောင်းမှုပစ္စည်း အတော် များများကို The Walking Dead စီးရီး၏ သရုပ်ဆောင်များက လက်မှတ်ရေးထိုးပေးထားကြကြောင်း လည်း သိရသည်။

ထို့ပြင် ၎င်း၏စုဆောင်းထားသည့် ပစ္စည်းအချို့ကို The Walking Dead စီးရီး၏ စာရေးဆရာနှင့် တွဲဖက်ဖန်တီးသူ ရောဘတ်ကစ်မန်းက လက်မှတ်ရေး ထိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ရာရှစ် အယ်လ်အိုလာယန်က ပြောကြားခဲ့သည်။ ရာရှစ် အယ်လ်အိုလာယန်က “ကျွန်တော့်မှာတချို့ပစ္စည်းတွေ မရှိသရွေ့ရအောင်ဆက်ပြီး စုဆောင်းသွားမှာပါ။ ကျွန်တော့်ရဲ့ရည်မှန်းချက်က The Walking Dead စီးရီး နဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေအားလုံးကို စုဆောင်းနိုင်ဖို့ပါ” ဟုပြောဆိုခဲ့သည်။

zawgyi version
The Walking Dead စီးရီးနဲ႔ပတ္သက္တဲ့ အမွတ္တရပစၥည္းေပါင္း (၃၀ဝဝ) ေက်ာ္ကို စုေဆာင္းခဲ့ၿပီး ဂင္းနစ္စံခ်ိန္ရရွိခဲ့တဲ့ ေဆာ္ဒီအာေရးဗ်အမ်ိဳးသား
Pika (NP News) - ဒီဇင္ဘာ ၁၂

ေဆာ္ဒီအာေရးဗ်အမ်ိဳးသားတစ္ဦးသည္ သ႐ုပ္ျပစာအုပ္ႏွင့္ တီဗီအစီအစဥ္ The Walking Dead ႏွင့္ပတ္သက္သည့္ မတူညီေသာ အမွတ္တရ ပစၥည္းစုစုေပါင္း(၃၀၅၃)ခုအထိ စုေဆာင္းခဲ့ၿပီးေနာက္ က မာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္း သိရသည္။

Dammam ၿမိဳ႕ေနရာ ရွစ္အယ္လ္အိုလာယန္ ဆိုသည့္အမ်ိဳးသားသည္ ၎ေနအိမ္၏ တစ္စိတ္ တစ္ပိုင္းကို The Walking Dead စီးရီးျပတိုက္အျဖစ္ ေျပာင္းလဲခဲ့ၿပီးေနာက္ ယခုလိုဂင္းနစ္စံခ်ိန္ရရွိခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျပတိုက္တြင္ The Walking Dead စီးရီးႏွင့္ပတ္သက္သည့္ အ႐ုပ္မ်ား၊ စာအုပ္မ်ား၊ ဂိမ္း မ်ား၊ ႐ုပ္တုမ်ားႏွင့္ အႏုပညာလက္ရာမ်ားစြာပါဝင္ေၾကာင္း သိရသည္။ ရာရွစ္အယ္လ္အိုလာယန္က “The Walking Dead စီးရီးက အေကာင္းဆုံးလို႔ကြၽန္ေတာ္ထင္ပါတယ္။ ဇြန္ဘီးရႈိးကို မႀကိဳက္တဲ့သူ မရွိဘူးလို႔လည္း ထင္ပါတယ္။ ဒါက ကြၽန္ေတာ့္အတြက္ေတာ့ အေကာင္းဆုံးရႈိးတစ္ခုပဲျဖစ္ပါတယ္” ဟုေျပာဆိုခဲ့သည္။

ရာရွစ္အယ္လ္အိုလာယန္သည္ The Walking Dead စီးရီးႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္း မ်ားကို (၂၀၁၅) ခုႏွစ္တြင္ စတင္စုေဆာင္းခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ပစၥည္းေပါင္း(၃၀ဝဝ)ေက်ာ္ အထိ စုေဆာင္းႏိုင္ခဲ့ကာ ဝတ္စုံမ်ားလည္းပါဝင္ေၾကာင္း သိရသည္။ ရာရွစ္အယ္လ္အိုလာယန္က” ျပ တိုက္ထဲမွာရွိတဲ့ The Walking Dead စီးရီးနဲ႔ပတ္သက္တဲ့ ဇာတ္ေကာင္ေတြနဲ႔ ႐ုပ္ျပစာအုပ္ေတြက ဆက္စပ္မႈရွိလိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ဒီျပတိုက္က အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ကြၽန္ ေတာ္ယုံၾကည္ပါတယ္” ဟုေျပာဆိုခဲ့သည္။ ရာရွစ္အယ္လ္အိုလာယန္၏ စုေဆာင္းမႈပစၥည္း အေတာ္ မ်ားမ်ားကို The Walking Dead စီးရီး၏ သ႐ုပ္ေဆာင္မ်ားက လက္မွတ္ေရးထိုးေပးထားၾကေၾကာင္း လည္း သိရသည္။

ထို႔ျပင္ ၎၏စုေဆာင္းထားသည့္ ပစၥည္းအခ်ိဳ႕ကို The Walking Dead စီးရီး၏ စာေရးဆရာႏွင့္ တြဲဖက္ဖန္တီးသူ ေရာဘတ္ကစ္မန္းက လက္မွတ္ေရး ထိုးေပးႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း ရာရွစ္ အယ္လ္အိုလာယန္က ေျပာၾကားခဲ့သည္။ ရာရွစ္ အယ္လ္အိုလာယန္က “ကြၽန္ေတာ့္မွာတခ်ိဳ႕ပစၥည္းေတြ မရွိသေ႐ြ႕ရေအာင္ဆက္ၿပီး စုေဆာင္းသြားမွာပါ။ ကြၽန္ေတာ့္ရဲ႕ရည္မွန္းခ်က္က The Walking Dead စီးရီး နဲ႔ပတ္သက္တဲ့ အမွတ္တရပစၥည္းေတြအားလုံးကို စုေဆာင္းႏိုင္ဖို႔ပါ” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.