အမေရိကန်နိုင်ငံရှိ မြို့တစ်မြို့တွင် အကြီးဆုံး 'Macarena' အကအတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန်ကြိုးပမ်း

 127

Pika (NP News) - ဒီဇင်ဘာ ၁၂

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ မြို့တစ်မြို့တွင် ကျင်းပသော အားလပ်ရက်ချီတက်ပွဲတွင် ပါဝင်ခဲ့သူများနှင့်ကြည့်ရှုသူများသည် အကြီးဆုံး"Macarena"အကအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်န် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

Newtown Business Association သည် McCaffrey's Newtown Holiday Parade မှ ပါဝင်သူများနှင့် ကြည့်ရှုသူများကို ချီတက်ပွဲအပြီးတွင် Sycamore လမ်းအလယ်မှာ စုစည်းကြရန်တောင်းဆိုခဲ့ပြီး အကြီးဆုံး"Macarena"အကအတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါချီတက်ပွဲတွင် ပါဝင်ခဲ့ကြသူများနှင့်ကြည့်ရှုသူများသည် (၁၉၉၃)ခုနှစ်တွင် ထွက်ရှိခဲ့သော Macarena သီချင်းနှင့်ဆက်စပ်သည့်အကကို ကခဲ့ကြကြောင်းလည်း သိရသည်။ အကြီးဆုံး"Macarena"အကအတွက် လက်ရှိဂင်းနစ်စံချိန်တွင် လူပေါင်း(၂၂၁၉)ဦးက ပါဝင်ကပြဖျော်ဖြေခဲ့ကြခြင်းဖြစ်ပြီး (၂၀၁၁)ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Eggbuckland Community College မှာ စံချိန်တင်ခဲ့ကြခြင်းဖြစ်သည်။

Newtown Business Association ၏ တာဝန်ရှိသူ ဒန်ပက်တီက"ပါဝင်သူစာရင်းနဲ့ ရှိတဲ့လူအရေအတွက်အားလုံးအရ အကြီးဆုံး"Macarena"အကအတွက် ဂင်းနစ်စံချိန်ကို မချိုးဖျက်နိုင်ခဲ့ရင်တောင် တော်တော်လေးနီးကပ်တဲ့အခြေအနေထိ ရောက်ရှိခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်မှာ ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုက ပါဝင်နိုင်မယ်လို့လည်း ထင်ပါတယ်"ဟု ပြောဆိုခဲ့သည်။ ဒရုန်းများဖြင့်ရိုက်ကူးထားသော ဗီဒီယိုများအပါအဝင် အကြီးဆုံး "Macarena" အကအတွက် ဂင်းနစ်စံချိန်ချိုးဖျက်ရန် ကြိုးပမ်းမှုမှ သက်သေအထောက်အထားများကို ဂင်းနစ်မှတ်တမ်းအဖွဲ့သို့ တင်ပြထားပြီးပြီဖြစ်ပြီး တာဝန်ရှိသူများက စစ်ဆေးမှုများလုပ်ဆောင်သွားကာ မှတ်တမ်း ဝင်/မဝင် ဆုံးဖြတ်ပေးသွားမည်လည်းဖြစ်သည်။

zawgyi version
အေမရိကန္ႏိုင္ငံရွိ ၿမိဳ႕တစ္ၿမိဳ႕တြင္ အႀကီးဆုံး 'Macarena' အကအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ရန္ႀကိဳးပမ္း
Pika (NP News) - ဒီဇင္ဘာ ၁၂

အေမရိကန္ႏိုင္ငံ ပင္ဆယ္ေဗးနီးယားျပည္နယ္ရွိ ၿမိဳ႕တစ္ၿမိဳ႕တြင္ က်င္းပေသာ အားလပ္ရက္ခ်ီတက္ပြဲတြင္ ပါဝင္ခဲ့သူမ်ားႏွင့္ၾကည့္ရႈသူမ်ားသည္ အႀကီးဆုံး"Macarena"အကအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္န္ ႀကိဳးပမ္းခဲ့ၾကေၾကာင္း သိရသည္။

Newtown Business Association သည္ McCaffrey's Newtown Holiday Parade မွ ပါဝင္သူမ်ားႏွင့္ ၾကည့္ရႈသူမ်ားကို ခ်ီတက္ပြဲအၿပီးတြင္ Sycamore လမ္းအလယ္မွာ စုစည္းၾကရန္ေတာင္းဆိုခဲ့ၿပီး အႀကီးဆုံး"Macarena"အကအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ရန္ ႀကိဳးပမ္းခဲ့ၾကျခင္း ျဖစ္သည္။ အဆိုပါခ်ီတက္ပြဲတြင္ ပါဝင္ခဲ့ၾကသူမ်ားႏွင့္ၾကည့္ရႈသူမ်ားသည္ (၁၉၉၃)ခုႏွစ္တြင္ ထြက္ရွိခဲ့ေသာ Macarena သီခ်င္းႏွင့္ဆက္စပ္သည့္အကကို ကခဲ့ၾကေၾကာင္းလည္း သိရသည္။ အႀကီးဆုံး"Macarena"အကအတြက္ လက္ရွိဂင္းနစ္စံခ်ိန္တြင္ လူေပါင္း(၂၂၁၉)ဦးက ပါဝင္ကျပေဖ်ာ္ေျဖခဲ့ၾကျခင္းျဖစ္ၿပီး (၂၀၁၁)ခုႏွစ္တြင္ အဂၤလန္ႏိုင္ငံ Eggbuckland Community College မွာ စံခ်ိန္တင္ခဲ့ၾကျခင္းျဖစ္သည္။

Newtown Business Association ၏ တာဝန္ရွိသူ ဒန္ပက္တီက"ပါဝင္သူစာရင္းနဲ႔ ရွိတဲ့လူအေရအတြက္အားလုံးအရ အႀကီးဆုံး"Macarena"အကအတြက္ ဂင္းနစ္စံခ်ိန္ကို မခ်ိဳးဖ်က္ႏိုင္ခဲ့ရင္ေတာင္ ေတာ္ေတာ္ေလးနီးကပ္တဲ့အေျခအေနထိ ေရာက္ရွိခဲ့မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းစာအုပ္မွာ ကြၽန္ေတာ္တို႔ရဲ႕ႀကိဳးပမ္းမႈက ပါဝင္ႏိုင္မယ္လို႔လည္း ထင္ပါတယ္"ဟု ေျပာဆိုခဲ့သည္။ ဒ႐ုန္းမ်ားျဖင့္႐ိုက္ကူးထားေသာ ဗီဒီယိုမ်ားအပါအဝင္ အႀကီးဆုံး "Macarena" အကအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္ ႀကိဳးပမ္းမႈမွ သက္ေသအေထာက္အထားမ်ားကို ဂင္းနစ္မွတ္တမ္းအဖြဲ႕သို႔ တင္ျပထားၿပီးၿပီျဖစ္ၿပီး တာဝန္ရွိသူမ်ားက စစ္ေဆးမႈမ်ားလုပ္ေဆာင္သြားကာ မွတ္တမ္း ဝင္/မဝင္ ဆုံးျဖတ္ေပးသြားမည္လည္းျဖစ္သည္။

Related news

© 2021. All rights reserved.