အောင်မြင်မှုရရှိရေးအတွက် ကျော်ဖြတ်ရသည့် အရာများကို Blackpink အဖွဲ့ဝင် Rose ထုတ်ဖော်ပြောဆို

 258

Pika (NP News) - ဒီဇင်ဘာ ၁ဝ

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Rose သည် တင်းကျပ်သောတောင်ကိုရီးယားဂီတနယ်ပယ်တွင် အောင်မြင်ရန်အတွက် မည်သို့သောအခက် အခဲများကို ကျော်ဖြတ်ခဲ့ ရသလဲဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ အသက်(၂၇)နှစ်အရွယ် Rose သည် ၎င်း၏ပွဲဦးထွက် တစ်ကိုယ် တော် အယ်လ်ဘမ် Rose ကို လာမည့်ဒီဇင်ဘာလ(၆) ရက်တွင် စတင်ထုတ်ပြန်ပြသရန် ပြင်ဆင်နေကြောင်း လည်းသိရသည်။

Rose က “ကျွန်မတို့ဟာ ကိုယ့် ကိုယ်ကိုယ် အပြည့်စုံဆုံး၊ အကောင်းဆုံးပုံစံနဲ့ ဖြစ်နေစေဖို့အတွက် အမြဲတမ်းလေ့ကျင့်နေခဲ့ရတာပါ။ ပြီးတော့ အွန်လိုင်းမှာ ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံ နေရတဲ့အချိန်မှာတောင် သူတို့လိုချင်တဲ့ အကောင်း ဆုံးအဖြေတွေပေးနိုင်ဖို့အတွက် ကျွန်မတို့ ပြင်ဆင် ထားခဲ့ရတာပါ။ ကျွန်မတို့ဟာ လူတိုင်း အတွက် အကောင်းဆုံး ပြီးပြည့်စုံတဲ့မိန်းကလေးမျိုးဖြစ်အောင် သေချာလုပ်ဆောင်ခဲ့ရတာပါ”ဟု ပြောဆိုခဲ့သည်။

ထို့ပြင် K-Pop လောကအတွင်းသို့ စတင်ခြေချခဲ့သည့် ပထမဆုံးနှစ်များအတွင်း အခက်အခဲ များစွာကို ကြုံတွေ့ခဲ့ရပြီး ပြီးပြည့်စုံသောအဆိုတော် တစ်ယောက်ဖြစ်လာရန်အတွက် အများကြီးကြိုးစား ခဲ့ရကြောင်း Rose က ထပ်မံထုတ်ဖော်ပြောဆိုခဲ့သည်။ Rose က “ပထမဆုံးနှစ်အနည်းငယ်ကတော့ ကျွန်မအတွက် အရမ်းခက်ခဲတဲ့ အချိန်တွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အကောင်းဆုံး လေ့လာသင်ယူပြီး ပြီးပြည့်စုံတဲ့အဆိုတော်တစ် ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်”ဟု ပြော ဆိုခဲ့သည်။

Rose သည် ၎င်း၏နောက်ဆုံးထွက်ရှိထားသော သီချင်းအသစ် ‘APT’ ဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ ကြောင်းလည်းသိရသည်။ Rose နှင့် ဘရူ နိုမားစ်တို့ဖန်တီးထားသော ‘APT’ သီချင်းသည် ဗြိတိန်၏ Official Singles Chart Top 100 တွင် ဒုတိယနေရာအထိရောက်ရှိလာခဲ့ကြောင်းသိရသည်။ အဆိုပါအောင်မြင်မှုနှင့်အတူ Rose သည် UK Official Singles Chart တွင် အဆင့်အမြင့်ဆုံး အမျိုးသမီး K-pop အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။‌

zawgyi version
ေအာင္ျမင္မႈရရွိေရးအတြက္ ေက်ာ္ျဖတ္ရသည့္ အရာမ်ားကို Blackpink အဖြဲ႕ဝင္ Rose ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ဒီဇင္ဘာ ၁ဝ

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီး အဆိုေတာ္အဖြဲ႕ Blackpink ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Rose သည္ တင္းက်ပ္ေသာေတာင္ကိုရီးယားဂီတနယ္ပယ္တြင္ ေအာင္ျမင္ရန္အတြက္ မည္သို႔ေသာအခက္ အခဲမ်ားကို ေက်ာ္ျဖတ္ခဲ့ ရသလဲဆိုသည့္အခ်က္ကို ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အသက္(၂၇)ႏွစ္အ႐ြယ္ Rose သည္ ၎၏ပြဲဦးထြက္ တစ္ကိုယ္ ေတာ္ အယ္လ္ဘမ္ Rose ကို လာမည့္ဒီဇင္ဘာလ(၆) ရက္တြင္ စတင္ထုတ္ျပန္ျပသရန္ ျပင္ဆင္ေနေၾကာင္း လည္းသိရသည္။

Rose က “ကြၽန္မတို႔ဟာ ကိုယ့္ ကိုယ္ကိုယ္ အျပည့္စုံဆုံး၊ အေကာင္းဆုံးပုံစံနဲ႔ ျဖစ္ေနေစဖို႔အတြက္ အၿမဲတမ္းေလ့က်င့္ေနခဲ့ရတာပါ။ ၿပီးေတာ့ အြန္လိုင္းမွာ ပရိသတ္ေတြနဲ႔ ထိေတြ႕ဆက္ဆံ ေနရတဲ့အခ်ိန္မွာေတာင္ သူတို႔လိုခ်င္တဲ့ အေကာင္း ဆုံးအေျဖေတြေပးႏိုင္ဖို႔အတြက္ ကြၽန္မတို႔ ျပင္ဆင္ ထားခဲ့ရတာပါ။ ကြၽန္မတို႔ဟာ လူတိုင္း အတြက္ အေကာင္းဆုံး ၿပီးျပည့္စုံတဲ့မိန္းကေလးမ်ိဳးျဖစ္ေအာင္ ေသခ်ာလုပ္ေဆာင္ခဲ့ရတာပါ”ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ K-Pop ေလာကအတြင္းသို႔ စတင္ေျခခ်ခဲ့သည့္ ပထမဆုံးႏွစ္မ်ားအတြင္း အခက္အခဲ မ်ားစြာကို ႀကဳံေတြ႕ခဲ့ရၿပီး ၿပီးျပည့္စုံေသာအဆိုေတာ္ တစ္ေယာက္ျဖစ္လာရန္အတြက္ အမ်ားႀကီးႀကိဳးစား ခဲ့ရေၾကာင္း Rose က ထပ္မံထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Rose က “ပထမဆုံးႏွစ္အနည္းငယ္ကေတာ့ ကြၽန္မအတြက္ အရမ္းခက္ခဲတဲ့ အခ်ိန္ေတြျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ အေကာင္းဆုံး ေလ့လာသင္ယူၿပီး ၿပီးျပည့္စုံတဲ့အဆိုေတာ္တစ္ ေယာက္အျဖစ္ ရပ္တည္လာႏိုင္ခဲ့ပါတယ္”ဟု ေျပာ ဆိုခဲ့သည္။

Rose သည္ ၎၏ေနာက္ဆုံးထြက္ရွိထားေသာ သီခ်င္းအသစ္ ‘APT’ ျဖင့္ စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့ ေၾကာင္းလည္းသိရသည္။ Rose ႏွင့္ ဘ႐ူ ႏိုမားစ္တို႔ဖန္တီးထားေသာ ‘APT’ သီခ်င္းသည္ ၿဗိတိန္၏ Official Singles Chart Top 100 တြင္ ဒုတိယေနရာအထိေရာက္ရွိလာခဲ့ေၾကာင္းသိရသည္။ အဆိုပါေအာင္ျမင္မႈႏွင့္အတူ Rose သည္ UK Official Singles Chart တြင္ အဆင့္အျမင့္ဆုံး အမ်ိဳးသမီး K-pop အႏုပညာရွင္အျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။‌

Related news

© 2021. All rights reserved.